သစ်ခက်သံလွင် ကဗျာစင်မြင့်၊ လင်းနွေးအိမ်၊ ဟာရှိန်း(မင်းတပ်)၊ သူအောင်လင်း


သတင်းသမားအလုပ်သွားချိန်

www.manhattanarts.com

ချစ်သူဇနီးမောင်နှံတွေ
အိပ်မောကျနေချိန်တွေမှာ
ကျနော်က သမီးကိုအသာနမ်း
ဇနီးကိုစိတ်ထဲနှုတ်ဆက်လို့
မိသားစုဝမ်းရေးအတွက်
တုံးမောင်းမခေါက်ချိန်ကတည်းက
ခြေဖွဖွလှမ်းရင်းအိမ်ထဲကနေထွက်ရတယ်။ 

လဆန်းရက်တွေတိမ်မဖုံးရင်တော့
အဝေးပြေးလမ်းမှာ
လ..ဟာ ကိုယ့်မိတ်ဆွေသာ။
မင်္ဂလာပါလို့နှုတ်ဆက်ပြီး
ကမ္ဘာကြီးမှာဖြစ်သမျှပြောပြရဖို့
အလုပ်စလုပ်ချိန်မှာပဲ
မင်္ဂလာမဟုတ်တဲ့သတင်းတွေကို
ရှာဖွေနားထောင်စုဆောင်း
ရေးသားတည်းဖြတ်
တရားဒေသနာမလွှမ်းတဲ့
မနက်ခင်းတွေကိုဖြတ်သန်းရတယ်။

အရေးကြီးတယ်လေ
သတင်းအချက်အလက်ပိုရသူ လူတွေက
သတင်းအချက်အလက် မရသူ လူတွေထက်သာတာ
ကိုလိုနီခေတ်ဟာသက်သေပေါ့။

သူတို့က ပိုသိကြတယ်မဟုတ်လား
ဘယ်နေရာမှာ စိန်ထွက်
ဘယ်နေရာမှာ ကျွန်းသစ်ထွက်
ဘယ်နေရာမှာ ရေနံထွက်
ဘယ်နေရာမှာ ရွှေထွက်
သယံဇာတထွက်နေတာကိုယ့်ဟာကိုယ်မသိတဲ့သူတွေထက်
ထွက်တာကိုပိုသိတဲ့လူမျိုးက မရောက်ရောက်အောင်လာခဲ့ပြီး
မြေလှန်ကော်ထုတ်ယူကြတယ်။

ဘယ်နေရာ လွတ်လပ်
ဘယ်နေရာ မလွတ်လပ်
ဘယ်နေရာ ငလျင်လှုပ်
ဘယ်နေရာ မီးတောင်ပေါက်
ဘယ်နေရာ သပိတ်မှောက်
ဘယ်နေရာ ယဉ်တိမ်းမှောက်နဲ့
မနက်ခင်းမှန်သမျှ ချစ်သူနဲ့ကော်ဖီထိုင်သောက်ရတာမဟုတ်ဘူးလေ။
လူသတင်းလူခြင်းဆောင်ဖို့
နေ့ရယ် ညရယ်ရွေးချယ်ခွင့်မရသလို
နှလုံးသားဆိုတာလဲခက်သား
အလုပ်ကနေပြန်သွားလဲ
သိခဲ့ကြားခဲ့သမျှ စိတ်ထဲကခွာမရ
သနားစိတ်
ခံပြင်းစိတ်
စာနာစိတ်
မချိတင်ကဲစိတ်
စိတ်ဝေဒနာမျိုးစုံနဲ့
တရက်ပြီးတရက် စိတ်နဲ့ရုပ်က
ပစ္စုပ္ပန်ဘဝနဲ့မသိမသာကင်းကွာ
မိသားစုတွေခမြာလဲမသာယာ။

ဘာဖြစ်ဖြစ်ပါကွယ်
ဖြန့်ဝေပေးလိုက်တဲ့သတင်းကြောင့်
ကျောင်းတက်ခွင့်ရသွားတဲ့ ပုဂံကဈေးရောင်းတဲ့ကလေးတွေအကြောင်း
အိမ်ဖျက်ခံရသူတွေ နေစရာရသွားတဲ့အကြောင်း
ကလေးစစ်သားတွေ မိဘရင်ခွင်ပြန်ရောက်လာတဲ့အကြောင်း
ထောင်ဝင်စာမရတဲ့သပိတ်မှောက်ကျောင်းသား မိသားစုနဲ့အဆက်ရသွားတဲ့အကြောင်း
စသဖြင့်ပေါ့
ပြန်ပြောင်းရိုက်ခတ်ပဲ့တင်သံကြားရတော့
ကိုယ့်မနက်ခင်းတွေလှသားလို့တွေးရပြန်ရဲ့။

ဒီလိုနဲ့ပဲတရက်တရက်
မင်္ဂလာမနက်လို့နှုတ်ဆက်
သတင်းအချက်အလက်တွေဝေဖို့
တုံးမောင်းမခေါက်ခင်အိပ်ရာထ
မိသားစုကိုခပ်ဖွဖွနှုတ်ဆက်ရဦးမယ်လေ။


လင်းနွေးအိမ်


ွန် ၃ ရက် ၂၀၁၆





အနာဂတ်များ

waldina.com

မြင်နေရတဲ့ အဖြူ အစိမ်းကလေးတွေဆီ
ငါတို့ ခေါင်းကို ရဲရဲဝံ့ဝံ့ ထိုးပေးလိုက်ရုံ။

ဟာရှိန်း(မင်းတပ်)

...

ရန်ကုန်


www.theeastgallery.com

ကျက်တဲ့နေရာ အရင်စားထားလိုက်

ဒီနေ့ရောင်းရငွေ မနက်ဖြန်အရင်း

အရင်းဟာ

ကားလ်မက်စ် ကျမ်းပဲ ။ ။

သူအောင်လင်း






 

Comments