သစ်ခက်သံလွင်(အက်ဆေး)- နိုင်ဝင်းသီရဲ့ လိုဏ်ခေါင်း



လှိုဏ်​​ခေါင်း


နိုင်
ဝင်းသီ
      
www.photographyoffice.com




" ကမ္ဘာ​လောကကြီးထဲမှာ ကျွန်​​တော်​စိတ်​အဝင်​စားဆုံးအရာဟာ လိုဏ်​​ခေါင်းပဲဗျ။

သိလား၊ လိုဏ်​​ခေါင်းပဲ"

      ည​နေခင်းဟာ ​သွေးဆုတ်​ပြီး ဖြူပပ်​ဖြူ​လျှော်​ဖြစ်​သွားသလိုပါပဲ။ လူတယောက်​ဟာ

ဘာကိုမဆို စိတ်​ဝင်​စားခွင့်​ ရှိပြီးသားပါ။ သို့​သော်​လည်း ထိုမိတ်​​ဆွေက လိုဏ်​​ခေါင်းကို

စိတ်​အဝင်​စားဆုံးဟု ဖွင့်​​ပြောလာ​သောအခါ..



-------------------------------------------------           


ပထမဦးဆုံး သတိပြုမိသည်​မှာ စွတ်​စိုထိုင်းမှိုင်းမှု ဖြစ်​သည်​။ စွတ်​စိုထိုင်းမှိုင်းမှုနှင့် အတူ တိတ်​​ဆိတ်​မှု ကိုလည်း သူဂရုပြုမိသည်။
       တိတ်
ဆိတ်​မှု အား​ကောင်းလွန်း၍ပဲလား ဒါမှမဟုတ်​ သူ့ရဲ့ကြားနိုင်​မှုစွမ်းရည်​ကပဲ ပုံမှန်​ထက်​ မြင့်​ တက်​သွားလို့ပဲလား​တော့မသိ။ သူ့နားထဲမှာ ​သေးမျှင်​စူးရှ​သော အသံတချို့ကို ကြား​နေရ​လေ သည်​။
      တစီစီနှင်
့​ စူးစူးရှရှ ​အော်​မြည်​​နေ​သော အသံများဟာ ပိုး​ကောင်​ မွှား​ကောင်​​တွေရဲ့ အသံဗလံ​တွေ များလား။

     တစီစီနှင်
့​ အာ​ခေါင်​ကွဲလုမတတ်​ စူးစူးဝါးဝါး​ ခြစ်​​အော်​နေ​သောအသံများဟာ တခါတခါ​တော့လည်း သူနှင့်​ခပ်​လှမ်းလမ်းမှာ။
 
တ​ခါတ​ခါ​တော့လည်း သူနှင့်​ နီးကပ်​သည့်​​နေရာမှာ။ တခါတခါမှာ  ထိုအသံများဟာ သူနှင့်​ နီးကပ်​လွန်း သည့်​အတွက်​ သူ့အ​ရေပြားထဲက တိုးထွက်​လာသည့်​ အသံများ​ပေလားဟု ထင်​​ယောင်​ထင်​မှားဖြစ်​ရ​လေသည်​။
      အလင်
း​ရောင်​နည်းနည်းနှင့်​ ​အေးစက်​ထိုင်းမှိုင်းသည့်​ လိုဏ်​​ခေါင်းထဲကို ​ရောက်​ရှိ​နေသူတ​ဦး ထံမှာ ထိုအသံမျိုး ထွက်​မလာနိုင်​ဘူးလား။ သူ့ရဲ့အာရုံသိစိတ် တမျိုးမျိုးထဲကပဲ ဖြစ်​ဖြစ်​။ ​ချွေး​စေး​တွေစိမ့်​ထွက်​​နေတဲ့ အ​ရေပြားထဲကပဲဖြစ်​ဖြစ်​ တ​မျိုးမဟုတ်​ တမျိုး​ပေါ့။
        ရှည်
လျားလွန်း​သောလိုဏ်​​ခေါင်းထဲကို ​ရောက်​​နေလို့နှင့်​ တူသည်​။ အလင်း​ရောင်​မှာ
ဆံခြည်
တမျှင်​မျှလောက်​ပင်​ မရှိ​လေ​တော့ မြင်​​နေသမျှအရာအားလုံးမှာ  ပြာမှုန်​လို့​နေသည်​။ မြင်​ကွင်းထဲမြင်​​နေသမျှ သဲသဲကွဲကွဲ တခုတလေပင်​ မရှိ။ အားလုံးဟာ ​မှောင်​​မှောင်​ရီရီ။
    
  တချို့​နေရာ​တွေမှာ​တော့ ပြာမှုန်​​သော အလင်းစလေး​တွေ။ ပြိုးခနဲ ပြက်​ခနဲနှင့်​။
     အဲဒီ မှုန်
မှုန်​ရီရီ အလင်းစ ​သေး​သေး​လေး​အောက်​မှာ သူ့လက်​​ချောင်း​တွေကို ​ကွေးချည်​ ဆန့်​ချည်​လုပ်​ကြည့်​​တော့  လက်​​ချောင်း​လေး​တွေကို သူ ​သေ​သေချာချာမြင်​​နေရ​သေးသည်​။ တချို့​နေရာ​တွေ ​ရောက်​လို့ သူ့လက်​​ချောင်း​တွေကို ​ ​ကွေးချည်​ဆန့်​ချည်​လုပ်​ကြည့်​​တော့ သူ့လက်​​ချောင်းရှည်​ရှည်​သွယ်​သွယ်​​လေး​တွေ ကို မမြင်​ရ​တော့ပြန်​။ ဝန်းကျင်​သည်​  အ​မှောင်​ထု​အောက်​မှာ နစ်​မြုပ်​ငြိမ်​သက်လျက်​။
       
အလင်း​ရောင်​ဟာ  ဟိုးခပ်​လှမ်းလှမ်းမှာလား။ဒါမှမဟုတ်​ သူနှင့်​ အနီးဆုံး​နေရာမှာပဲ
ဖျပ်
ကနဲဆို ​ပျောက်​ဆုံးသွား​ခဲ့လေသလား။
    
အေးစက်​​နေ​သော နံရံများကို ထိစမ်းပွတ်သပ်​ရင်း အ​မှောင်​ထဲမှာ သူ ​တွေး​နေမိသည်​။
     လိုဏ်
ခေါင်း၏ နံရံများက​တော့ မည်​သည့်​အချိန်​ ပွတ်​သပ်​ ပွတ်​သပ်​။ ​အေးစက်​ကြမ်းရှ
လျက်
။ တချို့​နေရာ​တွေဆို လက်​ကြားထဲမှာ​ရေများပင်​ စိမ့်​ထွက်​နေ​သေးသည်​။
       သည်
လိုအချိန်​မျိုးဆိုလျှင်​ သူ ရင်​​တွေတဝုန်းဝုန်းခုန်​သွားပါသည်​။ သူရောက်​ရှိ​နေ​သောလိုဏ်​​ခေါင်းအ​ပေါ်မှာ ပင်​လယ်​တ​​စင်း​ရောက်​ရှိ​နေခဲ့ပြီလား။ အဲဒီ ပင်​လယ်​ဟာ သိမ်​မွေ့နူးညံ့မှုမရှိဘဲ ဟိုယိမ်းဒီယိမ်းနှင့်မုန်​ယို​နေ​ခဲ့ပြီလား။ အဲဒီအချိန်​မှာကြား​နေရတဲ့ အသံ​တွေဟာ လှိုင်းရိုက်​သံ​တွေများလား။လှိုင်းရိုက်​သံ တဝုန်းဝုန်းနှင့်​အတူ  စိမ်းစိမ်းရီရီ လ​ရောင်​ကို​ရော မြင်​​နေရပါသလား။ ဆွတ်​ဆွတ်ြ​ဖူ​နေ​သောတိမ်များဟာ ကျောက်တုံးကျောက်စိုင်​တွေလို  အေးစက်​​လေးကန်​စွာနှင့်​​ ရွေ့လျား​နေပါသလား ။
      
အ​မှောင်​ထဲမှာ စမ်းတဝါးဝါး ​လျှောက်​​နေရင်းနှင့်​ ပင်​လယ်​ကို သူ သတိရသွားသည်​။
လ
ရောင်​ကို သတိရသွားသည်​။ လှိုင်းရိုက်​သံကို သူ သတိရသွားသည်​။ ပုန်းညက်​ပန်းရနံ့
ကို သတိရသွားပါသည်
။
    ပင်
လယ်​။
လိုဏ်
ခေါင်းအ​ပေါ်မှာ ဖြတ်​စီးေ​န​သောပင်​လယ်​ကြီးဟာ ဝေါကနဲ ပြိုကျလာနိုင်​ပါသလား။
သူ မွန်
းကျပ်​သလိုလို ဖြစ်​သွားသည်။
နဂိုကတည်
းက အသက်​ရှူရတာ မွန်းကျပ်​​နေရသည့်​ကြားထဲ လိုဏ်​​ခေါင်းကျဉ်းကျဉ်း
လေးထဲကို စီးဝင်
လာမည့်​ပင်​လယ်​​ရေလှိုင်း​များဆီ သူအာရုံ​ရောက်​သွား​သောအခါ......
ပင်
လယ်​ဟာ သူ့အ​ပေါ်မှာ တရိပ်​ရိပ်​နှင့်​ စီး​နေတာ ဟုတ်​ချင်​မှဟုတ်​မှာပါ။ ဒါဟာ  ပင်​လယ်​ကိုအစွဲအလမ်းကြီးခဲ့သောသူ့အတွက်​အာရုံရဲ့ ဖြား​ယောင်းမှုတ​ခုခု ဖြစ်နိုင်​ပါသည်​။


ဟိုဖက်နှစ်​ကာလ​တွေတုန်းက ပင်​လယ်​ဟာ သူ့ဘဝရဲ့အစိတ်​အပိုင်းတခုလိုတောင်
ဖြစ်
ခဲ့ရတာမဟုတ်​လား။ အဲဒီတုန်းကသူဟာ ပင်​လယ်​ကို ဘယ်​​လောက်​​တောင်​ စွဲလမ်း
တပ်
မက်​ခဲ့သလဲဆိုရင်​ ညဘက်​အိပ်​လျှင်​​တောင်​ လှိုင်းရိုက်​သံကို ဝုန်းခနဲ ဝုန်းခနဲကြား​နေရမှ။
       အခု
တော့လည်း ပင်​လယ်​ဟာ သူ့ဘဝထဲက ထွက်​ခွာသွားခဲ့ပြီဖြစ်​သည်​။ပင်​လယ်နှင့်
အတူ သူ့ကိုချစ်
သော မိန်းမတယောက်​ဟာလည်း သူနှင့်​အနီးဆုံး​နေရာက​နေ ထွက်​ခွာသွားခဲ့ပြီ ဖြစ်​သည်​။ တချိန်​တုန်းက​တော့ ပင်​လယ်နှင့် ထိုမိန်းမသာမရှိခဲ့လျှင် သူ့ဘဝဟာ ရူးသွပ်ရွဲ့စောင်းသွားနိုင်​သည်​ဟု သူ့ကိုယ်​သူ ယုံကြည်​ခဲ့ဖူးပါသည်​။
     ထိုအ
ကြောင်း​တွေကို သူ့မိတ်​​ဆွေတ​ယောက်​အား ​ပြောပြ​တော့ ထိုမိတ်​​ဆွေက ရယ်​​မော ပါသည်​။ ထို​နေ့က သူတို့နှစ်​​ယောက်​ ​ရောက်​​နေ​သော​နေရာမှာ ခြုံနွယ်​ပိတ်​​ပေါင်း ထူထပ်​​သော မြို့က​လေး၏ အ​ရှေ့ဘက်​ခြမ်း​မှာဖြစ်​သည်​။
    ထို
နေရာ​လေးမှာ နွယ်​ရိပ်​သစ်​ရိပ်နှင့်​ ခြုံနွယ်​များထူ​ပြောရုံမက လျှိုများ၊​ ချောက်​များလည်းရှိ​နေလေရာလူအသွားအလာကျဲပါးပြတ်​​တောက်​လွန်းလှသည်​။သူ သတိပြုမိသ​လောက်​ ထို​နေရာမှာ ဘယ်​တုန်းကမှ လူရိပ်​လူ​ခြေ မ​တွေ့ခဲ့ရပါ။
    "မိန်
းမတို့ ပင်​လယ်​တို့ဟာ စိတ်​ဝင်​စားစရာမ​ကောင်းလှပါဘူးဗျာ။ ကျွန်​​တော်​က​တော့
ကိုယ်
စိတ်​ဝင်​စားမှုမရှိတဲ့ ဘာသာရပ်​ထဲမှာ ဘယ်​တုန်းကမှ အချိန်​ကုန်​ခံ​လေ့မရှိဘူး "
   ဒါ
ပေါ့။ ဒီလိုပဲ ဖြစ်​ရမှာ​ပေါ့။ ကိုယ်​စိတ်​ဝင်​စားမှုမရှိတဲ့ အ​ကြောင်းအရာထဲမှာ ဘယ်​သူက
အချိန်
ကုန်​ခံပြီး ပိတ်​​လှောင်​မွန်းကျပ်​ခံမှာလဲ။
    "
ရောက်​​နေတဲ့သက်​တမ်းနဲ့ တွက်​ချက်​လိုက်​ရင်​ နှစ်​​တွေဆိုတာ ဘယ်​နည်းလိမ့်​မှာ
လဲ။ ကျွန်
တော်​ တစိုက်​မတ်​မတ်​ ရှာခဲ့တာ​ပေါ့ "
     သူ မျက်
မှောင်​ကုပ်​သွားသည်​။ ထိုစကားတခွန်းဟာ သူ့အတွက်​ ပ​ဟေဠိသဖွယ်​ဖြစ်​သွားသည်​။ မိတ်​​ဆွေရဲ့မျက်​လုံးညိုညို​တွေကိုကြည့်​လိုက်​​တော့လည်း ​လေးနက်​တည်​ကြည်​မှု​တွေကို သူအ​သေအချာ မြင်​​တွေ့နေရ​လေသည်​။ သူဟာ ဘာကိုများ​ပြောချင်​​နေတာပါလိမ့်​။
    တိမ်
များဖြင့်​ လှပ​နေ​သော ည​နေခင်းသည်​ စက္ကန့်​အနည်းငယ်​ကြာ​အောင်​ တိတ်​ဆိတ်​သွားပါ သည်​။ လျှို​တွေ ​ချောက်​​တွေ အနီးမှာ မှုန်​မှုန်​ရီရီ ဖြစ်​​နေ​သော အရာ​တွေဟာ နှင်းမြူရိပ်​​တွေ များလား။
    " ဒါ
ပေမယ့်​ ကျွန်​​တော်​ တကယ်​ရှာခဲ့ပါတယ်​။ ကျွန်​​တော့်​ဘဝ သက်​တမ်းတလျှောက်​လုံး အချိန်​​တွေ​ပေးပြီး​တော့ကို ရှာခဲ့တယ်​။ ဒီစကားကိုလည်း တစ်​ချိန်​ချိန်​မှာ လူတယောက်​​ယောက်​ကို ​ပြောဖြစ်​​အောင်​​ပြောရမယ်​လို့လည်း စိတ်​ထဲမှာ ဆုံးဖြတ်​ချက်​ချခဲ့တယ်​။ အဲဒီလို ဆုံးဖြတ်​ထားတဲ့ အတိုင်းလည်း အခု လူတစ်ယောက်​ကို ​ပြောနိုင်​ခဲ့ပြီ​ပေါ့။ ခင်​ဗျားကို​ပေါ့ "
     မိတ်
ဆွေရဲ့ မျက်​လုံး​တွေက သူ့ဆီကို ​ရောက်​ရှိလာ​လေသည်​။
     သူ
ခေါင်းကို ဆတ်​ကနဲညိတ်​လိုက်​သလား။ မညိတ်​မိဖူးလားဆိုတာ သူ့ကိုယ်​သူ
လည်
း ဇ​ဝေဇဝါ ။ မိတ်​​ဆွေရဲ့ နှုတ်​ခမ်း​တွေဟာ လှုပ်​လှုပ်​ရွရွဖြစ်​လာပြီး.....
    "သူများ
တွေ​တော့ မ​ပြောတတ်​ဘူး။ ကျွန်​​တော်​က​တော့ အ​သေအချာကို ​ပြောနိုင်​ခဲ့ပြီ။
ကမ္ဘာ
လောကကြီးထဲမှာ ကျွန်​​တော်​ စိတ်​ဝင်​စားမှုအရှိဆုံးဟာ ဘာလည်းဆိုတာ ကျွန်​​တော်​​သေ​သေချာချာကို ​ရှာ​ဖွေ​တွေ့ရှိခဲ့ပြီ "
     မိတ်
ဆွေရဲ့ မျက်​လုံး​တွေဟာ ဝင်​လုဆဲ​နေ​ရောင်​​အောက်​မှာ ​တောက်​ပလာသလိုပါပဲ။
ဒီစကား
လေးတခွန်း​ ပြောဖို့အ​ရေး ဘာဖြစ်​လို့များ ဒီ​လောက်​​တောင်​ စိတ်​​တွေ လှုပ်​ရှား​နေရပါလိမ့်​။ လူတိုင်းလူတိုင်းဟာ တခုမဟုတ်​တခု၊ တမျိုးမဟုတ်​တမျိုး စိတ်​ဝင်​စားကြမှာပဲ​ပေါ့။ တခုခုအ​ပေါ်မှာ ရူးသွပ်​တိမ်း​မူးကြမှာ​ပေါ့။
      တချို့က ဂီတ၊တချို့က နည်
းပညာ၊ တချို့က အားကစား၊ တချို့က အနုပညာ၊ တခုမဟုတ်​တခု​တော့ တပ်​မက်​ခုံမင်​ကြမှာ​ပေါ့။ ထိုအ​ကြောင်းအရာ​လေးကို ​ပြောပြရုံမျှနှင့်​ သူ့မျက်​လုံး​တွေဟာ   ဒီလောက်တောင်​​တောက်​ပလာရပါသလား။
   " ကျွန်
တော်​ စိတ်​အဝင်​စားဆုံးက ဘာလဲ။ သိလား "
        မိတ်
ဆွေဟာ မျက်နှာချင်းဆိုင်​ ရပ်​​နေရာက သူ့ကို​ကျောခို​င်းလိုက်​သည်​။ သူ စိတ်​အဝင်​စားဆုံး အရာဟာ ဘာများဖြစ်​​နေပါလိမ့်​။
သူ မ
ပြောတတ်​ပါ။
    " ကျွန်
တော်​စိတ်​အဝင်​စားဆုံးအရာဟာ "
      မိတ်
ဆွေရဲ့ စကားသံဟာ ရပ်​တန့်​ငြိမ်​သက်​သွားပြန်​သည်​။ တ​အောင့်​​နေ​တော့
ရုတ်
တရက်​ သူ့ဖက်​သို့ လှည့်​လိုက်​ပြီး.........
       
" ကမ္ဘာ​လောကကြီးထဲမှာ ကျွန်​​တော်​စိတ်​အဝင်​စားဆုံးအရာဟာ လိုဏ်​​ခေါင်းပဲဗျ။
သိလား၊ လိုဏ်
ခေါင်းပဲ"
      ည
နေခင်းဟာ ​သွေးဆုတ်​ပြီး ဖြူပပ်​ဖြူ​လျှော်​ဖြစ်​သွားသလိုပါပဲ။ လူတယောက်​ဟာ
ဘာကိုမဆို စိတ်
ဝင်​စားခွင့်​ ရှိပြီးသားပါ။ သို့​သော်​လည်း ထိုမိတ်​​ဆွေက လိုဏ်​​ခေါင်းကို
စိတ်
အဝင်​စားဆုံးဟု ဖွင့်​​ပြောလာ​သောအခါ..
     မိတ်
ဆွေ၏ မျက်​နှာကို အံ့အားသင့်​စွာသူကြည့်​လိုက်​သည်​။ မိတ်​​ဆွေဟာ သူ့ရဲ့မျက်လုံး​တွေကို စူးစူးရဲရဲ ပြန်​ကြည့်​လိုက်​ပြီး........
     " လိုဏ်
ခေါင်း​တွေကို ဘာဖြစ်​လို့ စိတ်​ဝင်​စားရတာလည်းလို့ တစုံတ​ယောက်​က ​မေးလာခဲ့ရင်​လည်း ပြန်​​ဖြေဖို့ အ​ဖြေက ရှိပြီးသားပါ။ ကျွန်​​တော်​ လိုဏ်​​ခေါင်း​တွေကို ဘာ့​ကြောင့်​ စိတ်​ဝင်စားရတာလဲ... သိလား "
      မိတ်
ဆွေက​တော့ ဘယ်​လို​နေသည်​မသိ။
သူ့ကိုယ်
ထဲမှာ​တော့ ပူ​နွေးသွားပြီး သူ့ရင်​က တဒိတ်​ဒိတ်နှင့်​ လှုပ်​ခုန်​လာ​လေသည်​။
      မိတ်
ဆွေက တစ်​ချက်​ပြုံးလိုက်​ပြီး.....
       " ကျွန်
တော်​ လိုဏ်​​ခေါင်း​တွေကို ဘာလို့စိတ်​ဝင်​စားရတာလည်းဆို​တော့"
       သူ့ခန္ဓာကိုယ်
က ဆတ်​ခနဲလှုပ်​သွားသည်​။ ကဲ....​ပြောစမ်းကိုယ့်​လူ။ မြန်​မြန်​​ပြော​ပစ်​လိုက်​စမ်း။လိုဏ်​​ခေါင်း​တွေကို ဘာဖြစ်​လို့​စိတ်ဝင်စားရသလဲဆိုတာ။
     မိတ်
ဆွေဟာ တည်​ငြိမ်​စွာပြုံးလိုက်​ပြီး...
     " လိုဏ်
ခေါင်းထဲမှာ ​ပျော်​ရွှင်​မှု​တွေ ရှိလိမ့်​မယ်​ထင်​လို့ လိုဏ်​​ခေါင်း​တွေကို ကျွန်​​တော်
စိတ်
ဝင်​စားခဲ့တာပဲ"
       ဘုရား...ဘုရား။
       သူ့ တကိုယ်
လုံး ​အေးစက်​​တောင့်​တင်းသွားသည်​။ လိုဏ်​​ခေါင်း​တွေထဲမှာ ​ပျော်​ရွှင်​မှုဆိုတာ ဟာ ဘယ်​လိုလုပ်​ပြီး​တော့များ ဖြစ်​တည်​နိုင်​ပါမည်​နည်း။သူ ​ခေါင်းကို ခါယမ်းလိုက်​သည်​။

        လိုဏ်
ခေါင်းများနှင့်​ ​ပျော်​ရွှင်​မှု.........
       
ပျော်​ရွှင်​မှုများနှင့်​ လိုဏ်​​ခေါင်းများ.....
       ထို
နေ့ ည​နေခင်းမှာ သူ့မိတ်​​ဆွေပဲ ရူး
သွားခဲ့တာလား။ သူပဲ သွက်
သွက်​ခါ​အောင်​ ရူးသွားခဲ့​လေသလား။ ဒါမှမဟုတ်​ ရူးသွပ်​ရွဲ့​စောင်းခြင်းကပဲ သူတို့နှစ်​​ယောက်​ထံ ဆိုက်​ဆိုက်​မြိုက်​မြိုက်​​ရောက်​​လာခဲ့တာလား​တော့ မသိ။ လိ​မ္မော်​​ရောင်​ ည​နေခင်းသည်​ ​တော်​​တော့်​ကို စိတ်​ပျက်​စရာ ​ကောင်းသွားခဲ့ပါသည်​။
       ထူးဆန်
းမှုတစ်​ခုမှာ ​ သူ့မိတ်​​ဆွေဟာ ​နောက်​တစ်​​နေ့ကစပြီး သူတို့မြို့က​လေးမှ ​ပျောက်​ဆုံးသွားခြင်း ပင်​ဖြစ်​သည်​။ ပြောမည်​ဆိုလျှင်​ ထိုရက်​ကစပြီး လိုဏ်​​ခေါင်း​တွေထဲမှာ ​ပျော်​ရွှင်​မှု ရှိနိုင်​ပါသလားဟူ​သော ​မေးခွန်းသည်​ သူ့​သွေး​ကြောမြွှာ​တွေထဲကို ဗိုင်းရပ်​စ်​ပိုးတမျိုးလို စိမ့်​ဝင်​ပြန့်​နှံ့လာ​တော့သည်​။ သူ့ ဦး​ခေါင်း ဟာလည်း ထို​မေးခွန်းတစခုတည်းဖြင့်​ အမြဲတ​စေ မူးရီကိုက်​ခဲခဲ့ရသည်​။

        ဘာပဲ
ပြော​ပြော ​ပျော်ရွှင်​မှုကို​တော့ သူစိတ်​ဝင်​စားပါသည်​။ ​ပျော်​ရွှင်​မှု​တွေဟာ သူ့ ဘဝထဲက ဆုတ်ခွာသွားခဲ့တာ ကာလအတန်​ ကြာမြင့်​ခဲ့ပြီမဟုတ်​လား။                  
     ထိုစိတ်
ကို အ​ခြေခံပြီး​တော့ပဲ လိုဏ်​​ခေါင်း​တစ်​ခုထဲသို့ သူ ​ရောက်​ရှိလာခြင်းပင်​။
       ကနဦးအစ လိုဏ်
ခေါင်းတ​ခုထဲသို့ ဝင်​ဝင်​ချင်း သူ့ရင်​ထဲမှာ သံသယစိတ်​​တွေ ဖြစ်တည်​လိုက်​​သေးသည်​။ လိုဏ်ခေါင်း​​​တွေထဲမှာ ​ပျော်​ရွှင်​မှုဆိုတာဟာ ဖြစ်​တည်နိုင်​ပါ့မလား။
အေးစက်​တိတ်​ဆိတ်​​နေ​သော လိုဏ်​​ခေါင်းများနှင့်​ ​ပျော်​ရွှင်​မှုဆိုတာဟာ မည်​သည့်​​နေရာမှာများ တွဲဆက်​​နေပါသလဲ ။
        
အ​မှောင်​များ၊ ညှီစို့စို့ရနံ့များ၊ ​ချောက်​ချားဖွယ်​​ကောင်း​သော တိတ်​ဆိတ်​မှုများ။
        သည်
လိုအရာ​တွေထဲမှာ အဘယ်​သို့​သော ​ပျော်​ရွှင်​မှုများဟာ ရုန်းထွက်​လာနိုင်​ပါသလဲ။
    
အမေးပုစ္ဆာများနှင်သူ့တကိုယ်လုံးကိုက်​ခဲ​နေခဲ့​သော်​လည်း နာရီ​ပေါင်းများစွာ ကြာမြင့်​လာ​သောအခါမှာ​တော့ သူ့စိတ်​ဟာ တည်​ငြိမ်​စပြုလာပါသည်​။
     ထိုစိတ်နှင်
့​အတူ ဘဝထဲမှ ဆွံ့အ​ပျောက်​ဆုံး​နေ​သော ​ပျော်​ရွှင်​မှုနှင့်​လည်း ပြန်​လည်​ဆုံ
တွေ့ရ​တော့မည်​ဟု ယုံကြည်​လာခဲ့သည်​။
   
ေ​ပျာက်​ဆုံးသွား​သော သူ့မိတ်​​ဆွေကိုလည်း  လိုဏ်​​ခေါင်း၏ အတွင်းပိုင်းတနေရာရာမှာ ပြန်​လည်​ဆုံ​တွေ့ ရလိမ့်​ မည်​ဟု သူ ယုံကြည်​ထားပါသည်​။ ထိုမိတ်​​ဆွေဟာလည်း သူ့လိုပဲ ​အေးစက်​မည်း​မှောင်​​နေ​သော လိုဏ်​​ခေါင်းထဲမှာ  ​ပျော်​ရွှင်​မှုဆိုတာကို မွတ်သိပ်စွာနှင့်​ ရှာ​ဖွေ​နေတဲ့သူမဟုတ်​လား။
 စိုထိုင်း​သော နံရံများကို ထိစမ်းပွတ်​သပ်ရင်း ​ခြေလှမ်း​တွေကို ​ရွေ့လျားလိုက်​သည်​။
    
ထူပြိန်း​သော အ​မှောင်​ထုထဲမှာ ​ရွေ့လျား​နေရင်းနှင့်​ ​ခွေ​အိပ်​နေ​သော​ ​မြွေတကောင်​၏ ပူ​နွေး​ပျော့​ပျောင်း​​သော ဝမ်းဗိုက်​သားကိုပဲထိ စမ်းမိ​လေမလား။ ဒါမှမဟုတ်​ ​ပျော်​ရွှင်​မှုဆိုတာဟာ အ​မှောင်​ထဲက​နေပြီး ဝုန်းခနဲ ခုန်​ထွက်​လာ​လေမလား။ ဒီလိုမှ မဟုတ်​ရင်​ သူ့​ရှေ့တည့်​တည့်​မှာ လူ့အရိုးစုကြီး​တွေ ဘွားခနဲပေါ်လာပြီး ​ဂျောက်​​ဂျောက်​ ဂျက်​ဂျက်နှင့်​ လှုပ်​ယိမ်းပြ​နေ​လေမလား။ စိ​တ်​လှုပ်ရှားစရာ​တော့ ​ကောင်းလှသည်​။

ဘာပဲ​ပြော​ပြော သူက​တော့ လိုဏ်​​ခေါင်း၏ အတွင်းပိုင်း တနေရာရာမှာ ​ပျောက်​ဆုံး​နေ​သော ​ပျော်​ရွှင်​မှု ကို ပြန်​လည်​​တွေ့ရှိရလိမ့်​မည်​ဟု မျှော်​လင့်​​ထားပါသည်​။
     သူ့
ရှေ့တည့်​တည့်​မှာ​​တော့  လက်​​ချောင်းများဖြင့်​ ဆုပ်​ကိုင်​ထိစမ်း၍ မရနိုင်​​သောအမှောင်များဖြင့်
လေးလံညွှတ်
အိနေဆဲ။    ။
            
                             နိုင်​   ဝင်း    သီ
                             ၂၉  ၊ ၅  ၊ ၂၀၁၆
                             ည ၁၀း ၁၅ နာရီ
 

Comments