သစ်ခက်သံလွင်- ရဲဘော်မင်းနိုင်အတွက် ချိုစိမ့်ထွန်းရဲ့ ဂုဏ်ပြုအောက်မေ့ခြင်းကဗျာ



နေညိုချိန် ကူတဲ့ချိုးငှက်ရဲ့တေးသို့




         









ငြိမ်းချမ်းရေးတဲ့…
အဲဒါကြီးအတွက်
ကြိုးပမ်းရင်း တဘဝ
ငြိမ်းချမ်းခဲ့ပြီ....
                   
နေဟာ အချိန်မတန်ပဲ
ဝင်ခဲ့ပြီ…
အမှောင်ဟာအချိန်မကျပဲ
ညရောက်စေခဲ့ပြီ..
                   
နာရီသံတချက်ချက်
အရုဏ်မတက်သေးချိန်
တိုးတိမ်ခဲ့ပြီ..။
                   
ကြည်ပြာအလင်း
အဆင်းမဲ့ခဲ့ပြီ…
ကိုယ့်ရာဇဝင်ကိုယ့်ရင်မှာ
ကိုယ်ထွင်းခဲ့သူ
ဒီလူ့သမိုင်း မရိုင်းခဲ့….

ဘဝကြီးတခုလုံးနဲ့ယှဉ်ရင်
အတ္တမြူမှုန်စင်ကြယ်ခဲ့သူ
သူ ထွက်ခွာသွားခဲ့ပြီ..။
                   
ချစ်လွန်းမဟာချစ်ခဲ့ရ
ဘဝ ဘဝများစွာအတွက်
ထွက်ခွာခြင်းနဲ့
သက်သေပြခဲ့ပြီ…
                   
နေရီရီ ထနှောင်းရိပ်မှာ
ချိုးကူသိပ်
အိပ်ပါလေတော့.........။

ချိုစိမ့်ထွန်း
၃-၆-၁၆

-      ရဲဘော်ကြီး ကိုမင်းနိုင် …သို့
............
 ရဲဘော် (ဦး) မင်းနိုင်၏ကိုယ်ရေးအကျဉ်းကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဖော်ပြထားသည့်အတိုင်း  ကူးယူဖော်ပြပါသည်။

 ......

ရဲဘော် (ဦး)မင်းနိုင်

[၁၉၆၅-၂၀၁၆]

၁။ ဘ - ဦးကွန်းသောင်၊ မိ - ဒေါ်အေးသန့် တို့မှ မော်လမြိုင်မြို့တွင် ဖွားမြင်ခဲ့။
၂။ မော်လမြိုင် အ.ထ.က(၅)မှ အထက်တန်းအောင်မြင်။
၁၉၈၂ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)၊ ၁၉၈၄ ရန်ကုန်တက္ကသိုလ် (ပင်မ) တို့တွင် ရုက္ခဗေဒ အထူးပြု ဘာသာရပ်ဖြင့် တက်ရောက်ခဲ့။
၃။ ၁၉၈၈ တွင် လှိုင်မြို့နယ် - ဗကသများ အဖွဲ့ချုပ်၊ လှိုင်မြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ (နောင် ရန်ကုန် တိုင်း/စည်း) အဖြစ် တာဝန်ယူခဲ့။
၎။ ၁၉၉၀ တွင် ဗကသများအဖွဲ့ချုပ်(အောက်ဗမာပြည်)၊
၁၉၉၂ တွင် ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ တို့တွင် တာဝန် ထမ်းဆောင်။
၅။ ၂၀၀၁ - ၂၀၁၂ တွင် ဗကသ နိုင်ငံခြားရေးရာကော်မတီတွင် တာဝန်ခံအဖြစ် တာဝန်ယူခဲ့။
၆။ ၂၀၁၂ မှ ကွယ်လွန်ချိန်အထိ လူ့ဘောင်သစ် ဒိမိုကရက်တစ်ပါတီ (DPNS)ဗဟိုစည်းရုံးရေး
ကော်မတီဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့။
၇။ ဇနီး နှင့် သား ၁၊ သမီး ၁၊ မြေး ၁ တို့ ကျန်ရစ်သည်။


ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

     
 

Comments