သစ်ခက်သံလွင်ကဗျာစင်မြင့်၊ လင်းသက်ငြိမ်၊ မိုးသက်ငြိမ်ဦး၊ ဆောင်းယွန်လတို့၏ကဗျာများ

မြိုင်ရာဇာတွတ်ပီ 

POS
 ကံမကောင်းတဲ့နေ့တွေကို
ဟာသအဖြစ်
တင်ဆက်ပြသ
ရှောင်ရင်လွှတ်တယ်ဆိုတာ
အလွဲ
တွေမှာ ကိုယ်​​ဖော့နေထိုင်​​စေခြင်းပဲ
ဦးထုပ်
သေးသေးလေးနဲ့
ရာဘာဖိနပ်
နဲ့ နှစ်လုံးပြူးနဲ့
ငယ်
ဘဝအကြောင်းစဉ်းစားရင်
သု့အ
ကြောင်းလည်းပါလာ
စွန်
့စားခန်များ
သားရဲတိရိစ္ဆာန်
များ
လူမှုဘဝများ
က
လေးအာဟာရကို ဆွေမင်း(ဓနုဖြူ)က
ပြည်
့ဝစေခဲ့တယ်


လင်
းသက်ငြိမ်


မျက်မြင်သက်​​သေ
 
POS
 သဲကြီးမဲကြီး ရွာနေတဲ့မိုးတစညမှာ
ရာဇဝတ်
မှုတခုဖြစ်တယ်၊ တခုမကဖြစ်တယ်
မှုခင်
းဆရာဝန်ကပြောတယ်
ထိုးသွင်
းဒဏ်ရာ ပြတ်ရှဒဏ်ရာများနဲ့
သေမချင်းအသေသတ်ခံရတာ လို့ ၊
အမှုစစ်
ရဲအုပ်ကစဉ်းစားတယ်
သံသယဖြစ်
နိုင်သူတွေအကုန် ဆွဲစိ ရိုက်စစ်
ဝန်
ခံ ခိုင်းလိုက်ရင် ပေါ်လာမှာပဲ ၊
ဥပ
ဒေအရာရှိကတော့
တရားစွဲ အဖွဲ့အစည်
းရဲ့ပုဒ်မကိုအကြံပး
ဆွဲချရုံ
ပေါ့
တရားလိုနဲ့တရားလိုပြသက်
သေများက
ပြစ်
မှုကျူးးလွန်သူဟာ သူမှသူ တထစ်ချစွပ်စွဲ
တရားခံနဲ့တရားခံပြသက်
သေများက မျက်စိစုံမှိတ်
ကျမ်
းကျိန်ငြင်
တရားခွင်
ထွက်ချက်တိုင်းဟာ အမှန်​​တွေချည်းမဟုတ်ပါဘူး
ရှေ့နေကတော့အမှုကောင်းရာကာင်ကျိုး ငြင်းဆိုစစ်​​ဆေး
အပြီးသတ်
အမိန့်မချမီမှာ တရားသူကြီးခေါင်ခြောက်​​နတယ်
အမှုတခုလုံးရဲ့အ
ရေးကြီးဆုံးသူတယောက်ကျန်​​နေခဲ့တယ်
အခုချိန်
ထိအေးအေးဆေးဆေးထိုင်ကြည်
မိန်
့မိန့်ကြီးပြုံးနေသူတယောက်ကျန်​​နေခဲ့တယ် ၊ ချန်​​နေခဲ့တယ်
အမှန်
တကယ် ကျူးလွန်သူလည်း ဖြစ်သလို
မျက်
မြင်သက်​​သေလည်း ဖြစ်​​နေသူကိုတော့
အခုချိန်
ထိ
မထိရဲမတို့ရဲ ပ စား
ပေးထားတုန်းပဲ ။ ။

မိုးသက်ငြိမ်ဦး
2016,june


ရိုးရိုးတွေးကြည့်မိတဲ့ ဆန်းဆန်းပြားပြားများ 
 
POS

အတိတ်ကို
ဘယ်နေရာမှာပဲ ဖြုတ်ပြီးသိမ်းသိမ်း
ပွဲမပြီးတဲ့ စိတ်ဟာ တမီးမှမငြိမ်းနိုင်ဘူး
အစာအိမ်ဟောင်းလောင်းထဲမှာ
သမ္မာအာဇီဝကို ချက်ရင်းပြုတ်ရင်း
ခန္တီပါရမီဟာ တခါတခါ မီးပြင်းထတောက်နိုင်တယ်
တောမီးတောင်မီး တို့မီးရှို့မီးတွေထက်
ပေါ့ဆမီးက အရှိန်တငြီးငြီး တောက်လောင်လို့ကောင်းသလိုပေါ့
ပေါ့ပေါ့ပါးပါး လှုပ်ရှားရတဲ့
လက်ဖျားနဲ့နှုတ်ခမ်းတစုံရဲ့ ကောင်းရောင်းကောင်းဝယ်ဟာ
အာကာသလွန်မှာ ခရီးကျွံပြီး နယ်လွန်နေရဲ့
မွေးရာပါဗီဇနဲ့ စည်းဝါးကိုက်တဲ့ ၀ါသနာဟာ
တည့်တည့်ပြောရင် ဘေးကိုချော်တွေးတတ်ခြင်းပဲ
မသမာသူတယောက်ရဲ့အမှုကို မသမာသူတစုက လိုက်တယ်
ခွဲရေးတွဲရေးနဲ့ ချစ်ခြင်းမုန်းခြင်းအားလုံးရဲ့ နိဂုံးးဟာ
လေခြွေတဲ့ သစ်ရွက်တရွက်ကြွေချိန်လောက်ပဲ
ဒါကိုပဲ ကဲကဲလှုပ် မေးခွန်းလုပ်ပြီး ပုစ္ဆာထုတ်ရတယ်လို့
လူမိုက်အားပေးတဲ့ လူလိမ္မာဟာ
အမှောင်ထုထဲမှာ တရောင်တည်း တသွေးတသားတည်း
ယုတ္တိဗေဒသဘောအရ
အသားမဲသူက အဖြူရောင်ကြိုက်ပြီး
အသားဖြူသူက အမဲရောင်ကိုပိုကြိုက်တယ်လို့
ခြုံယူကြည့်ရမလား ထုတ်ယူကြည့်ရမလား
အကြိုက်ချင်းတူပြီဆိုရင်တော့
ဖြူချင်ဖြူ မဲချင်မဲ အားလုံးဟာ လက်ခုပ်နဲ့လက်ဝါးချည့်ပဲ
ပိုးမွေးသလိုမျိုး မွေးထားတဲ့ ရောဂါပိုးမွှားတွေ
ဘယ်အပူချိန်အထက်နဲ့ ဘယ်အအေးမှတ်အောက်မှာ သေနိုင်သလဲ
သွေးတိုးစမ်းတိုင်း
အပေါ်နဲ့အောက် အထပ်ခိုးနဲ့မြေကြီး ချိန်ခွင်လျှာညီရအောင်
အငန်ဓာတ်ကို များများရှောင်
ခရီးသွားတုန်းသွားခိုက် မရှောင်နိုင်တဲ့ မိုးကိုရှောင်ဖို့
ဆန်းပြားတဲ့ဘ၀ကို ရိုးရိုးတွေးထားခြင်းဟာ
ဒီနေရာမှာ ခေတ္တအဆုံးသတ်တယ်
နှလုံးဓာတ်ခံ အားမကောင်းသူများ ဖတ်သင့်/မသင့်…။

ဆောင်းယွန်းလ
ဇွန် ၂၃၊ ၂၀၁၆

Comments