၁၉၉၂ ခုကတဲက ရေးခဲ့တဲ့ ဆရာမောင်ကြူးရင့်ရဲ့ ကဗျာရှည်။ ငါ့နိုင်ငံနဲ့ပွေ့ဖက်ခြင်း



င့ါနိုင်ငံနဲ့ပွေ့ဖက်ခြင်း

မောင်ကြူးရင့်



 ၁၉၉၂ က ရေးခဲ့တဲ့ ဆရာမောင်ကြူးရင့်ရဲ့ ကဗျာရှည်တပုဒ်
ဆရာက သစ်ခက်သံလွင်ကို တခုတ်တရ လှမ်းပြောလာခဲ့သလိုလေးပဲ ကျနော် တင်ပေးလိုက်ပါတယ်။
လွန်း

......................

နှင်းဆီဖြူဂျာနယ် နှင်းဆီဖြူစာပေတိုက်က အုပ် ၃၀၀ ဖြန့်ချိဖို့ ဒီနေ့ပို့လိုက်ပါပြီ။
မကြာမီဖြန့်ပါလိမ့်မယ်။

ဒီနေ့ပဲ မန္တလေးရတနာပုံသတင်းစာမှာ စာအုပ်အညွှန်းပါလာတယ်။ ကိုယ်မက်ဆေ့ဘောက်ထဲပို့ပေးတယ်။ ပြန်ဆေ့လုပ်ပြီးပြန်မတင်နိုင်ဘူး။ ဖုန်း အသစ်ဝယ်မှရတော့မှာ နယူးဇီလန်ကိုစာအုပ်ပို့လို့ရမလား။ ပျဉ်းမနားစာတိုက်ကပို့ရမှာ။ ရတယ်ဆိုရင် ကိုခင်လွန်လိပ်စာရေးပေးပါ၊ ပို့ပေးပါ့မယ်။ 

ဒီကဗျာက ၁၉၉၂ က ရေးထားတာ အနှစ်၂၀ ကျော်ပြီ။ ခု ဘာတခုမှမပြင်ဘဲထုတ်ထားတာ။ အဲ့ဒီ့ ကာလတွေမှာထုတ်လို့မရတဲ့ ကဗျာရှည် ခုတအုပ်တည်းထုတ်ထားတာ နိုင်ငံရဲ့သမိုင်းနိုင်ငံရေးကို ရသကဗျာရှည်အဖြစ် ဖွဲ့ထားတာ။ 

သမိုင်မှတ်တမ်းလို့ပြောရင်လည်း ရတယ်။ ဒီကဗျာမျိုး အခုအသက်အရွယ်မှာ ထပ်မရေးနိုင်တော့ ဘူး။ မြန်မာကဗျာမှာ ခုလိုကဗျာရှည်မျိုးကလည်း ရှာပါးသွားပြီ။ ဖြစ်နိုင်ရင် အင်္ဂလိပ် ဘာသာပြန်နဲ့ထုတ်ပြီး နိုင်ငံတကာကို ဖြန့်ဖို့ကောင်းတာ အေးချမ်းပါစေ။

 

Comments