မေတ္တာနဲ့လုပ်တဲ့နိုင်ငံရေး
မေတ္တာနဲ့လုပ်တဲ့နိုင်ငံရေးက
စင်ပေါ်ကို ကြော့ကြော့မော့မော့ တက်လာတယ်။
သူ့ဖက်ရှင်က မေတ္တာနဲ့ လုပ်ထားတာဆိုတော့
အလှဆုံးပေါ့။
စင်ပေါ်ကို ကြော့ကြော့မော့မော့ တက်လာတယ်။
သူ့ဖက်ရှင်က မေတ္တာနဲ့ လုပ်ထားတာဆိုတော့
အလှဆုံးပေါ့။
မေတ္တာနဲ့လုပ်တဲ့နိုင်ငံရေးက
ရန်သူ တစ်ဖက်ကမ်းရောက်ရေး
ငါတို့ကျောတွေကို
ဘုရားလောင်းမျောက်မင်းလို ခင်းပေးဖို့
သွန်သင်တယ်။
ကိုယ့်ကို ထိုးတဲ့ ဓားကိုတောင်
ပြန်နမ်းတတ်အောင်
သွန်သင်တယ်။
ရန်သူ တစ်ဖက်ကမ်းရောက်ရေး
ငါတို့ကျောတွေကို
ဘုရားလောင်းမျောက်မင်းလို ခင်းပေးဖို့
သွန်သင်တယ်။
ကိုယ့်ကို ထိုးတဲ့ ဓားကိုတောင်
ပြန်နမ်းတတ်အောင်
သွန်သင်တယ်။
မေတ္တာနဲ့လုပ်တဲ့နိုင်ငံရေးက
စစ်ပွဲတွေကို ရပ်တန့်ဖို့
လာတာမဟုတ်ဘူး။
မေတ္တာနဲ့လုပ်တဲ့နိုင်ငံရေးက
စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲမှာကို ရပ်တန့် ဖို့
လာခဲ့တာ။
စစ်ပွဲတွေကို ရပ်တန့်ဖို့
လာတာမဟုတ်ဘူး။
မေတ္တာနဲ့လုပ်တဲ့နိုင်ငံရေးက
စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲမှာကို ရပ်တန့် ဖို့
လာခဲ့တာ။
ပြောရရင်
မေတ္တာနဲ့လုပ်တဲ့နိုင်ငံရေးက
အမှန်တရားအဟောင်းတွေ
တူးဖော်ဖို့ လာတာမဟုတ်ဘူး။
အမှားအဟောင်းတွေ
မြေမြှုပ်ဖျောက်ဖျက်ပေးဖို့
လာတာပါ။
မေတ္တာနဲ့လုပ်တဲ့နိုင်ငံရေးက
အမှန်တရားအဟောင်းတွေ
တူးဖော်ဖို့ လာတာမဟုတ်ဘူး။
အမှားအဟောင်းတွေ
မြေမြှုပ်ဖျောက်ဖျက်ပေးဖို့
လာတာပါ။
မေတ္တာနဲ့လုပ်တဲ့နိုင်ငံရေးက
အဟောင်းတွေ အသစ်ဖြစ်မှာ
မကြိုက်ဘဲ
အသစ်တွေ အမြန်ဟောင်းသွားဖို့သာ
လိုလားသူပါ။
အဟောင်းတွေ အသစ်ဖြစ်မှာ
မကြိုက်ဘဲ
အသစ်တွေ အမြန်ဟောင်းသွားဖို့သာ
လိုလားသူပါ။
မေတ္တာနဲ့လုပ်တဲ့နိုင်ငံရေးက
ငတ်နေသူတွေကို
မေတ္တာနဲ့ ဗိုက်ပြည့်အောင်
မျက်ရည်ကျနေသူတွေကို
နောက်ထပ်ကျစရာ
မျက်ရည်မကျန်တော့အောင်
လုပ်ပေးဖို့ လာခဲ့တာပါ။
ငတ်နေသူတွေကို
မေတ္တာနဲ့ ဗိုက်ပြည့်အောင်
မျက်ရည်ကျနေသူတွေကို
နောက်ထပ်ကျစရာ
မျက်ရည်မကျန်တော့အောင်
လုပ်ပေးဖို့ လာခဲ့တာပါ။
မေတ္တာနဲ့လုပ်တဲ့နိုင်ငံရေးက
ချမ်းသာသူတွေ
ပိုပြီး ချမ်းသာအောင်
ဆင်းရဲတဲ့သူတွေလည်း
ပိုပြီး ဆင်းရဲအောင်
လုပ်ပေးဖို့ လာခဲ့တာပါ။
ချမ်းသာသူတွေ
ပိုပြီး ချမ်းသာအောင်
ဆင်းရဲတဲ့သူတွေလည်း
ပိုပြီး ဆင်းရဲအောင်
လုပ်ပေးဖို့ လာခဲ့တာပါ။
မေတ္တာနဲ့လုပ်တဲ့နိုင်ငံရေးက
ဘယ်ဘက်လက်နဲ့
ကိုယ့်လူတွေရဲ့ မျက်နှာတွေပေါ်က
မျက်ရည်တွေကို ကာထားပြီး
ညာဘက်လက်နဲ့
ရန်သူကို လက်ဆွဲနှုတ်ဆက်ဖို့
လာခဲ့တာ။
ဘယ်ဘက်လက်နဲ့
ကိုယ့်လူတွေရဲ့ မျက်နှာတွေပေါ်က
မျက်ရည်တွေကို ကာထားပြီး
ညာဘက်လက်နဲ့
ရန်သူကို လက်ဆွဲနှုတ်ဆက်ဖို့
လာခဲ့တာ။
ဘာပဲဖြစ်ဖြစ်
တစ်ချောင်းလုံး ဝင်တာတောင်
သပ်ရိုက်ခံရမှန်း မသိတဲ့
ပိန္နဲသီးတွေကြားမှာ
မေတ္တာနဲ့လုပ်တဲ့နိုင်ငံရေးက
ရေပန်းစားတယ်။
တစ်ချောင်းလုံး ဝင်တာတောင်
သပ်ရိုက်ခံရမှန်း မသိတဲ့
ပိန္နဲသီးတွေကြားမှာ
မေတ္တာနဲ့လုပ်တဲ့နိုင်ငံရေးက
ရေပန်းစားတယ်။
နရီမင်း
၂၄- ၆ - ၂၀၁၆
၂၄- ၆ - ၂၀၁၆
...
ဖိတ်စာ
![]() |
www.blumandpoe.com |
စိတ်အဆာပြေရုံတော့မဟုတ်ဘူး
အဖိတ်အစင်တွေ အလေအလွင့်တွေများလာ
ခိုင်မာတဲ့ ဆည်တခုတော့ဆောက်တည်ချိန်ရောက် ပြီ
ပြီးတော့
လောကကြီးကို တယောက်တည်း ရင်မဆိုင်ချင်တော့လို့
ကျွန်တော် သူရဲဘောကြောင်တဲ့ ယောကျာ်းကောင်းတယောက်ပါ
ဘယ်လိုလဲ
ဒီလက်မှတ်ရရင် လာဖြစ်အောင်လာခဲ့ပါ သူငယ်ချင်း။
အဖိတ်အစင်တွေ အလေအလွင့်တွေများလာ
ခိုင်မာတဲ့ ဆည်တခုတော့ဆောက်တည်ချိန်ရောက်
ပြီးတော့
လောကကြီးကို တယောက်တည်း ရင်မဆိုင်ချင်တော့လို့
ကျွန်တော် သူရဲဘောကြောင်တဲ့ ယောကျာ်းကောင်းတယောက်ပါ
ဘယ်လိုလဲ
ဒီလက်မှတ်ရရင် လာဖြစ်အောင်လာခဲ့ပါ သူငယ်ချင်း။
ဟာရှိန်း(မင်းတပ်)
…
ပါတော်မူ
ကတ္ထီပါအိတ်ထဲက စီးကျလာတဲ့ဝိညာဉ်တွေရဲ့
လက်တွေနဲ့ကိုင်မြှောက်ထားတဲ့ပလ္လ င်တော်
ငိုသံအော်သံတွေ လက်လက်ထလို့
လေတချက်အဝှေ့မှာ ကြွေပျက်သွားရတဲ့
နန်းဆက်များ လက်ပံပွင့်နီများလို ရဲခနဲ ရဲခနဲ
နင်းထားတဲ့အုတ်တချပ်အတွက် ရင်းလိုက်ရတဲ့သဲပွင့်တွေ ဆွဲမိဆွဲရာဆွဲ
လက်တွေနဲ့ကိုင်မြှောက်ထားတဲ့ပလ္လ
ငိုသံအော်သံတွေ လက်လက်ထလို့
လေတချက်အဝှေ့မှာ ကြွေပျက်သွားရတဲ့
နန်းဆက်များ လက်ပံပွင့်နီများလို ရဲခနဲ ရဲခနဲ
နင်းထားတဲ့အုတ်တချပ်အတွက် ရင်းလိုက်ရတဲ့သဲပွင့်တွေ ဆွဲမိဆွဲရာဆွဲ
ကမ်းကခွာမယ့်သင်္ဘောကြီးပေါ်မှာ
ကမ်းလုံးပြည့်နောင်တတွေ တပွေ့တပိုက်နဲ့
စွန့်ခဲ့ရ နန်း ။ ။
ကမ်းလုံးပြည့်နောင်တတွေ တပွေ့တပိုက်နဲ့
စွန့်ခဲ့ရ နန်း ။ ။
ကိုပွေး
၃၀၁၁၆
Comments
Post a Comment