သစ်ခက်သံလွင် ကဗျာစင်မြင့်၊ နရီမင်း၊ ၀ါကျဖြူ၊ အောင်ကိုကိုလတ်(တမူး)


လောက်တွေရဲ့ကမ္ဘာ

mymagicalattic.blogspot.com
 
ဟိုးအဝေး နယ်စပ်နားလေးက ရွာတရွာမှာ
လောက်တွေ မွေးထားတာ မြင်ဖူးတယ်။

ဝက်သားတုံးတစ်တုံးကို ပလတ်စတစ်အိတ်အထူနဲ့ ထုပ်ပြီး
အလုံပိတ်ထားလိုက်တာပါ။

ကြာလာတဲ့အခါ
အသားထဲက လောက်တွေ ထွက်လာတယ်။
လောက်တွေက အသားကို စားကြတယ်။
အသားကုန်သွားတဲ့အခါမှာတော့
လောက်တွေက အချင်းချင်း ပြန်စားကြတယ်။

လောက်မွေးသူက
ပလတ်စတစ်အိတ်ထဲက
လောက်တွေရဲ့ကမ္ဘာကို
ပြဇာတ်တပုဒ်ကြည့်သလို
အရသာခံပြီးလည်း
စိမ်ပြေနပြေ ထိုင်ကြည့်တတ်သေးတယ်။

စားကြကွာ စားကြလို့
တစ်ခါတစ်ခါ
ဘောလုံးပွဲလို အားပေးတယ်။
လောက်တွေ တကောင်နဲ့တကောင်
စားလိုက်ကြတာ
နောက်ဆုံး
လောက်အကြီးကြီးတကောင်ပဲ ကျန်တယ်။
မဟုတ်သေးဘူး၊
လောက်အကြီးကြီးတကောင် ဖြစ်သွားတာ။

ဒီတော့မှ
လောက်မွေးသူဟာ
ပလတ်စတစ်အိတ်ကို ဖြည်
လောက်အကြီးကြီးကို ထုတ်
အတုံးအတုံး တုံးပြီး
ကြော်စားတော့တာ။
သိပ်အရသာရှိဆိုပဲ။

နရီမင်း
၂-၆-၂၀၁၆


ဆူးနဲ့ငြိနေတဲ့ပင်လယ်
 
counterlightsrantsandblather1.blogspot.com

ပင်လယ်ပြင်ဟာ
ကမ်းနဘေးတစ်လျှောက်ကိုထားခဲ့တယ်
ပြီး
ကောက်ရိုးမီးလိုနေ့ရက်တွေကို
လှိုင်းလုံးတွေအဖြစ်
လေလွင့်နေတဲ့ ကမ်းပါးယံတလျှောက်
လှမ်း ...
လှမ်းပုတ်ပြီးပစ်တင်ခဲ့တယ်။

ကျမတို့ရင်နံရံသွေးကြောတလျှောက်
သေပြီး...တဖန်ပြန်သစ်လာတဲ့သွေးအသစ်တွေ
ရာသီမြုံနေတဲ့နှင်းကျစ်ညထဲက
အသေမွေးထားတဲ့အိပ်မက်တွေကို
ကြွေကျခဲ့တဲ့ သစ်သီးစာရင်းနဲ့အတူ
ရောပြီးဖွင့်လှန်ထားရမလား။

စက်ဘီးဘဲလ်သံနဲ့အတူ
သတင်းစာပို့သမားလည်း
မျက်ဝန်းထဲကပျောက်ကွယ်သွားခဲ့ပြီ
သတင်းတွေကစာရွက်တွေထပျံလို့ ။

ဝါကျဖြူ

03.06.2016



ဆွဲကြိုးများ
 
a-place-called-space.blogspot.com

လည်ပင်းနဲ့ဆွဲကြိုး
လည်ပင်းဖက်​​ပေါင်းတဲ့ဇာတ်လမ်းမှာ
အဆီတဝင်းဝင်

ဆွဲကြိုးနဲ့လည်ပင်
လည်ပင်းဖက်​​ပေါင်းတဲ့ဇာတ်ကွက်မှာ
သဲတရှပ်ရှပ်

ကြိုးဆွဲချသေသွားတဲ့သတင်
လည်ပင်းမှာဆွဲကြိုးရာအမာရွတ်က
အဓိကသက်​​သေ...။

အောင်ကိုကိုလတ်(တမူး)

Comments