သစ်ခက်သံလွင် - သဘာဝဘေးဒဏ်မကြာခဏကြုံတွေ့နေရသည့်ကောလင်းအတွက် ကဗျာများ


ကောလင်း 
 
 
ကောလင်းဟာမျက်ရည်မြစ်ထဲ
တဝက်မြှုပ်နေပြီ
ကောလင်းဟာမကြာမကြာငိုရလွန်လို့
အမောဆို့နေပြီ
နိုင်ငံတော်မှာကဗျာဆရာမရှိတဲ့မြို့တွေရှိ
ကောလင်းဟာ ရှားပါးသတ္တဝါ ရှားပါးရတနာ
ကဗျာဆရာတွေမီးရှုးသန့်စင်ဖွားမြင်ပေးတဲ့မြို့
ချစ်ညီကဗျာဆရာတွေချက်မြှုပ်ရာမြို့
နိုင်ငံသူနိုင်ငံသားတွေနေတဲ့မြို့
ကောလင်းဟာ စန္ဒယားမတီးနိုင်တော့ဘူး
ကောလင်းဟာ တယောမထိုးနိုင်တော့ဘူး
ကောလင်းဟာ သီချင်းမဆိုနိုင်တော့ဘူး
ကောလင်းဟာ ကဗျာမရွတ်နိုင်တော့ဘူး
ကောလင်းကို မကြာမကြာမငိုရအောင်
နောင်အစဉ်အငိုရပ်ပြီး အမြဲပြုံးပျော်အောင်
ပွဲတော်တွေနဲ့ စိမ်းလန်းငြိမ်းချမ်းအောင်
ရန်သူမျိုးငါးပါးဘေးက ကင်းဝေးအောင်
ကောင်းကင်ပေါ်က နတ်မင်းများက
ကယ်တင်စောင်မပေးတော်မူကြပါ။ ။

မောင်ကြူးရင့်
၁၀့  ၆့  ၂၀၁၆

   ....

 အို ကောလင်
(ကဗျာရှည်)



အို…ကောလင်
ခင်
ဗျားသတင်းကို 
ဝေးရောက်သားတယောက်က
တတိုင်
းပြည်လုံးကြားအောင်
ကဗျာရှည်
တပုဒ်နဲ့
တာဝန်
ကျေပွန်ခဲ့ပြီးတဲ့နောက်
လက်
ရှိခင်ဗျားရင်ခွင်မှာ မှီတင်နေထိုင်တဲ့
ကဗျာဆရာဆိုတဲ့ ဒီအ
ကောင်က
တောက်…တချက်ကိုနာနာကျည်းကျည်း
ခပ်ပြင်းပြင်ခေါက်
ဒဏ်
ရာတွေဗရပွနဲ့ သင့်အတွက်
ဒေါ မာန်ဖွဲ့ ကဗျာတပုဒ် ရေးဖြစ်ခဲ့ပေါ့။

ကောလချီ ကောလချာအစ
ကောလင်းမင်းသမီး၊ ကောလင်းမြို့စား
ရွှေလှံဗိုလ်နဲ့ မြို့ဝန် ဦးကာတေ
ရာဇဝင်
ထဲနွဲခဲ့ဖူးတဲ့ တိုက်ပွဲတွေကိုအသာထား
သင်
့သမိုင်ကြောင်းဟာ
အထိုက်
လျောက်
လာခြင်
ကောင်းခဲ့တယ်ဆိုတာ
အားလုံးသိပြီးသားပါ။

ကျွန်​​တော်​​ပြောချင်တာကမကြာသေးတဲ့
ဒီဘက်
နှစ်ကာလတွေထဲက
ကောလင်
းအကြောင်
အဲဒီမကြာ
သေးတဲ့ ဒီဘက်နှစ်ကာတွေမှာ
သင်
ဟာ ဆုံထဲကဆန်ဖြစ်ခဲ့၊
ခြင်
းထဲကကြက်ဖြစ်ခဲ့ ခြံထဲကနွားဖြစ်ခဲ့…
သယံဇာတ ကျိန်
စာမှာ
ရေတိမ်
နှစ်ခဲ့ရရှာတာပဲလား ကောလင်း…။

အရိပ်​​နေနေ အခက်ချိုးချိုး မသမာတဲ့အငြိုးတွေနဲ့
သင်
့ရင်ဘတ်ကို အတင်းဆွဲဖြဲပြီး 
ရက်
ရက်စက်စက် ကလီစာတွေကိုဆွဲထုတ်
ဘီလူးသရဲစီးသလို
ပါးဖြဲနားဖြဲစား
သောက်သွားခဲ့ကြတာ
ဘယ်
ကမကောင်းဆိုးရွားတွေလဲ။
လူဆိုတာ မီးခိုးနဲ့ပြာမဖြစ်ခင်စပ်ကြား
အချိန်
ကလေးမှာ ရသမျှအကုန်လိုချင်ကြတဲ့
သတ္တဝါ
တွေဆိုတာ ဒဏ်ရာတွေကြားက
ခင်
ဗျားရခဲ့တဲ့ တရားလား…
ကောလင်ရွှေမြို့တဲ့…
ရွှေဆိုရင်ခင်ဗျားအသဲထဲကခါးခါးသီးသီး
မုန်
းတီးနေတာ ကောလင်းသားကျွန်​​တော်
ကောင်ကောင်းကြီးသိပါတယ်…။


တောတွေတတောပြီး တတောပြုန်
တောင်​​တွေတ​​တောင်ပြီး တတောင်ပြို
ခင်
ဗျားကိုယ်ကိုပြောင်သလင်းခါအောင်
ကျင်
ယူနေကြတာ ဘယ်ကလူလွန်မသားတွေလဲ
ခင်
ဗျားရဲ့နှလုံးသွေးကြောကြီးဖြစ်တဲ့
ဒေါင်းမြူးချောင်းထဲကသောင်ခုံတွေပေါ်မှာ
ခို
တွေအစာကောက်​​နေတာ
ပျော်
စရာမြင်ကွင်းလား…
မဖြစ်
ညစ်ကျယ်စီးဆင်နေတဲ့ နီကျင့်ကျင်
ချောင်ရေထဲတောင်နွံရေတွေနဲ့စီးပျစ်လို့
ခင်
ဗျားကိုဘယ်သူတွေဘယ်​​လောက်
ချစ်
ခဲ့ကြသလဲ ကောလင်း…။

ခင်ဗျားရင်ကိုခွဲထုတ်ပြီးရခဲ့တဲ့စည်းစိမ်​​တွေက
ဆေးရုံကောင်ကောင်းမဖြစ်ခဲ့ဘူး
ကျောင်ကောင်ကောင်းမဖြစ်ခဲ့ဘူး
ပြီး
တော့ 
ခင်
ဗျားရဲ့ရင်လွယ်သားသမီးတွေအတွက်လည်
မဟုတ်
ခဲ့ဘူးလေ။

ခေတ်နဲ့အညီ ဖွံ့ဖြိုးရေးတဲ့လား
ဆိုင်
းဘုတ်​​တွေကတော့
ထိုင်
ရှိခိုးစရာကောင်လောက်ပါတယ်
တရုပ်
ဆိုင်ကယ်​​တွေပေါတာ 
ဘီယာဆိုင်
တွေပေါတာ ခေတ်မီတာလား
မူးယစ်
ဆေးတွေပေါတာ ခေတ်မီတာလား
မာဆတ်
ခန်တွေဖွင့်လာတာ ခေတ်မီတာလား
တစ်
လုံး နှစ်လုံး သုံးလုံးတွေနဲ့
ခေတ်မီတာလား…
ခေတ်မီတာလား…
ခေတ်မီတာတဲ့လား…။

မေးခွန်တွေပဲ ပွက်ပွက်ဆူလျှံကျလို့
ခေတ်မီတယ်ဆိုတဲ့စကားက
ခင်
ဗျားကို ပါးပါးလှီးနေတဲ့ ဓားလား…။

အခုတော့ သစ်လုံးရထားတွေသိပ်မရှိတော့ဘူး
အခု
တော့မျက်နှာနီစပ်စပ်နဲ့မျက်နှာစိမ်
ဧည်
့သည်​​တွေ သိပ်မလာတော့ဘူး
မီးဖွင်
့ပြီးမောင်းတဲ့ယာဉ်တန်တွေလည်
သိပ်
ရောက်ပေါက်မရှိကြတော့ဘူး…။

ခြုံနွယ်ပိတ်​​ပေါင်းနဲ့ပန်းခြံထဲ
ရေညှိတက်​​နေတဲ့ 
လွတ်
လပ်​​ရေးကျောက်တိုင်ကြီးကငိုက်မြည်းလို့
ညစ်
ပေရှုပ်ပွနေတဲ့ မြို့မဈေးကြီးက
ယင်
တွေကို တဖျပ်ဖျပ်​​မောင်းရင်း သမ်ဝေလို့…
ဇရပ်
အိုကြီးလို ရူနာရှိုက်ကုန်းနဲ့
မြို့
တော်ခန်းမကြီးကညည်းတွားလို့…။

မီးပျက်သွားမှမီးစက်ကို
ရေးပေါ်ထထပြင်ရတဲ့ပြည်သူ့ဆေးရုံကြီးက
ဂုဏ်
ယူစရာလား…
ကြိုးဆွဲချ
သေလို့ရလောက်​​အောင်
လည်
ပင်းမှာဆင်ယင်ထားကြတဲ့
ဆွဲကြိုး
ပြောင်​​ပြောင်မျက်နှာပြောင်​​ပြောင်နဲ့
ခရိုနီဆိုတဲ့
ကောင်​​တွေက အားကိုးစရာလား…။

ငါ့အပေါ်စေတနာမထားတဲ့
ရေပေါ်ဆီအကြီးအကဲတွေ ထွက်သွားလို့
သံပုံးတီး
မောင်းထုတ်ပစ်ချင်​​နေခဲ့တာ
နှစ်
တွေဘယ်​​လောက်ကြာခဲ့ပြီလဲ ကောလင်း…။

ခင်
ဗျားဟာ မြန်မာနိုင်ငံရဲ့
ရွှေအထွက်ဆုံးစာရင်းဝင်တဲ့
သစ်
တောတွေလည်ပေါသတဲ့
ဆန်
စပါးတွေလည်ပေါသတဲ့
ပြီး
တော့ ခင်ဗျားမှာ
တခြားသယံဇာတ
တွေလည်ထောသတဲ့လေ။

ခင်ဗျားရဲ့အဆီအသားတွေနဲ့
ဘယ်
သူတွေကြီးပွားသွားကြတာလဲ
ခင်
ဗျားရဲ့ရင်ခွင်ထဲတက္ကသိုလ်ကြီးထားခွင့်ကို
ဘယ်
သူတွေငြင်းခဲ့တာလဲ
ဖုတ်
ပူမီးတိုက်စီမံကိန်းအတွက်
လယ်
ကွက်​​တွေကိုဖျက် 
အကျိုးမဲ့အရူးထချက်
တွေနဲ့
ဒီအတိုင်
းပျက်စီးသွားခဲ့ရတဲ့
စိုက်
ပျိုးရေးသိပ္ပံကျောင်းကြီးက
ဘယ်
သူ့လက်ချက်လဲ
စာ
ပေသမားဆိုတာနဲ့ထရိုက်ချင်​​အောင်
နှစ်
ကာလအကြာကြီး
မျက်
မုန်းကျိုးစိတ်သွင်းခဲ့တာဘယ်သူ့စနက်လဲ…။

မေးစရာတောင်မလိုတော့တဲ့ မေးခွန်တွေနဲ့
ခေတ်​​နောက်မှာကုပ်ကုပ်ကလေးရပ်​​နေရတဲ့
ကောလင်း…
ဒီက
နေ့ပြင်ပြီး မနက်ဖြန်ပျက်တဲ့
လမ်
း တံတားတွေနဲ့ ကောလင်း…
သေ​​ရေးရှင်​​ရေး အားကိုးစရာဆေးဝါးရှားတဲ့
ကောလင်း…
တခြားမြို့
တွေက ပေတစ်ရာကားလမ်
ကောင်းစားကြီးတွေနဲ့ပြေးလွှားနေတဲ့အချိန်မှာ
မီးရထား
လေးအိပဲ့အိပဲ့နဲ့ ကောလင်း…။

အို…ကောလင်
ခင်
ဗျားသတင်းကို ညယ်တို့ မောင်တို့နဲ့အစရှိတဲ့
ချစ်
စရာဒေသသံတွေအစား
တောက်ခေါက်​​ခေါက်နဲ့မိုက်မိုက်ရိုင်းရိုင်
ပြောဖြစ်ခဲ့တာ ခွင့်လွှတ်ပါ။

ကျွန်
တော်​​မွေးဖွားလာတာ
လူလိမ္မာ
တွေရှားတဲ့ ခေတ်ကြီးထဲမှာ
ကျွန်
တော်ချမ်းသာတာကလည်
အာသာဆန္ဒနဲ့
ဒေါသ…
အဲဒီထဲမှာ ခင်
ဗျားကိုချစ်တဲ့စိတ်​​တွေ
တဆုပ်
တခဲကြီးပါဝင်ဆိုတာ ယုံကြည်ပါ
ကောလင်း…။

ပေါ်စီးကကြည့်ရင်
လိပ်
ပြာကလေးအတောင်ဖြန့်နားနေတဲ့
မြေပုံအ
နေအထားနဲ့  ကောလင်း…
နား
နေတဲ့လိပ်ပြာကလေးမှာ
အသက်
ဝိညာဉ်ရှိပါသေးရဲ့လား ကောလင်း…
ဒါမှမဟုတ်
ပုစဉ်းရင်ကွဲလို
အဆံမပါတဲ့ကိုယ်
ခန္ဓာနဲ့ခံစားမှုတွေ
ထုံအ
နေတာပဲလား ကောလင်း…။

ခင်ဗျားရဲ့အာရုံတွေကို ပြန်စုစည်းပါ
ခင်
ဗျားရဲ့ဒဏ်ရာတွေကို ဆေးကုပါ
ခင်
ဗျားရဲ့အတိတ်​​နေ့ရက်​​တွေကိုလွင့်ပစ်ပါ
ခင်
ဗျားရဲ့ကြေကွဲမှုတွေကို စုတ်ဖြဲပါ
ခင်
ဗျားရဲ့သိမ်ငယ်စိတ်​​တွေကို 
မောင်းထုတ်လိုက်ပါ
ဘယ်
အရာမှ 
နောက်ကျတာမရှိဘူးဆိုတဲ့အတွေးနဲ့
လှမ်
းလိုက်တဲ့ခြေတလှမ်းက
ပန်
းတိုင်နဲ့ခြေတလှမ်းနီးတာပဲဆိုတဲ့
ယုံကြည်
ချက်နဲ့…
နာကျင်
မှုကို အံကြိတ်မာန်တင်းပြီး
ကြေကွဲခြင်းရာဇဝင်ထဲကနေ
ရဲရဲရင်
့ရင့် ရုန်းထွက်
ပျံသန်
းခြင်းရဲ့ဟိုမှာဘက်ကမ်းမှာ
ရွှေရောင်​​တွေအစစ်အမှန်
ထွန်
တောက်​​နေတယ်ဆိုတာ
ဒီကဗျာနဲ့ အာမခံလိုက်
တယ် ကောလင်း…။

လင်းသက်ငြိမ်

( မူရင်း ဓာတ်ပုံရှင်များကို လေးစားစွာအသိအမှတ်ပြုလျက်...)

Comments