ကာတွန်းအကြောင်း တစေ့ တစောင်း ... - ၆
ဖိုတွန်း ...
(Photoons) ...
ကာတွန်းဆရာ ဘာဖြစ်နေလဲလို့စဉ်းစားပြီး ... အံ့သြမနေကြပါနဲ့။ ... ကာတွန်း
(Cartoons) ကနေ ဖိုတွန်း (Photoons) ပြောနေပြန်ပြီ ... ကြောင်နေတယ်မထင်ပါနဲ့ဗျာ
...
ကာတွန်းဆရာ ဘာဖြစ်နေလဲလို့စဉ်းစားပြီး ... အံ့သြမနေကြပါနဲ့။ ... ကာတွန်း (Cartoons) ကနေ ဖိုတွန်း (Photoons) ပြောနေပြန်ပြီ ... ကြောင်နေတယ်မထင်ပါနဲ့ဗျာ ...
ကာတွန်းဆရာလဲ တခါခါကျ ... စတန့်ထွင်တယ်ပြောပြော မော်ဒန်ကျသူတွေကို အားကျလို့ပဲ ပြောပြော ... ကာတွန်းရေးတာကို ထူးဆန်းအောင် ... စိတ်ကူးရပြီး တမျိုးထွင်ရေးကြည့်ခဲ့တာပါ။
ခု ဒီမှာတင်ထားတဲ့ပုံတွေကြည့်ရင် သိနိုင်ပါတယ် ... တခါခါ ကာတွန်းမှာ ရှေ့ကရေးထားတဲ့ ဇာတ်ကောင်ပုံထက် နောက်ခံနဲ့ကိုသိအောင်ပြချင်တဲ့ အခြေအနေရှိလာတတ်ပါတယ်။ တခါခါ ရာသီဥတုအခြေအနေပြောပြဖို့ပေါ်လွင်အောင် ... ဆွဲရတာ လက်ဝင်တတ်ပါတယ်။ အမှန်တော့ ကာတွန်းဆရာ စဖြစ်ကတည်းက နောက်ခံပုံတွေကို လိုအပ်ရင် အပင်ပန်းခံပြီးရေးခဲ့ပါတယ်။ တိုက်တွေတာတွေ သစ်ပင်တောတောင်တွေ ယာတဲ့လေးတွေ ... မိုးရွာရေကြီးတာကအစ တိမ်တောင် တိမ်လိပ်တွေအဆုံး ...ပုံပေါ်အောင်ရေးလေ့ရှိပါတယ်။ ပုံရေးရတာ တကယ်တော့ မပျင်းပါ။ ဒါပေမဲ့ တီထွင်ချင်စိတ်က... ဆန်းသစ်မှုကိုရအောင် လုပ်ကြည့်ချင်စိတ်က တွန်းပို့လို့ စရေးဖြစ်ခဲ့တာပါ။
အရေးကြီးဆုံးအကြောင်းတခုကလည်း အိမ်မှာကော
... နယူးယောက်မှာ နေ့စဉ်အလုပ်လုပ်ရကော ကွန်ပြူတာအမြဲသုံးဖြစ်နေပါတယ်။
ကွန်ပြူတာထဲမှာ သရီးဒီကအစ ဖိုတိုရှော့အဆုံး အကုန် နေ့စဉ် လုပ်နေကြပါ။ ဒီတော့
လက်ထဲမှာ ဖိုတိုရှော့နဲ့ တခြားပရိုဂရမ်တွေသုံးတာက အမြန်လုပ်နိုင်နေပါတယ်။ ...
လက်နဲ့ အရုပ်ကလေး ကောက်ရေး (ကိုယ်သုံးမယ် ဓာတ်ပုံအနေအထားကြည့်ပြီး တခါတည်း
ချိန်ရေးပါတယ်) စကင်ဖတ် ဖိုတိုရှော့ထဲမှာ လိုသလိုပြင် နောက်တင်လိုက်တာပါပဲ။
(မြန်တယ်လေ ဟေဟေ့) (ကျွန်တော်အချိန်မရတာလည်း ပါပါတယ်။ အဟဲ ... နောက် အင်တာနက်မှာ
ပုံရှာလို့ လွယ်တယ်လေ။ တခါခါ ပြင်ပမ္ဘာက...တခါခါ ပြည်တွင်းက ဓာတ်ပုံတွေသုံးဖြစ်ပါတယ်။)
နောက်စိတ်ထဲမှာ ခံစားမိလာတာက ... ကြည့်ရတဲ့သူ ပိုခံစားနိုင်မယ်ပေါ့။ ... နောက်တခုက ... နေရာပြသင့်တဲ့ကာတွန်းမှာ (ဥပမာ နေပြည်တော်မှန်းသိအောင် ... အာကာသက ကမ္ဘာလုံးကို ပြချင်လျှင်) တခါခါပုံရေးတာထက် ... ဓာတ်ပုံသုံးတာလွယ်ပြီး ပိုပြီးမြင်လွယ် သိလွယ်စေပါတယ်။ (ဒီလိုပြောလို့ ဒီလိုထွင်လို့ပုံမရေးသင့်ဘူး မဆိုလိုပါ) (ဒီနေရာမှာ ကြုံတုန်းပြောပြချင်တာက ... သုံးခဲ့ဖူးတဲ့ မူရင်းဓာတ်ပုံဆရာတွေကို ကျေးဇူးတင်ကြောင်းပါ။)
မနှစ်က ထင်ပါတယ်။ ဒီလိုစရေးတော့ တချို့လူငယ်တစုက သဘောကျခဲ့ကြပါတယ်။ သူတို့ကပဲ ဖိုတို(ဓာတ်ပုံနဲ့တွဲရေးတာကို) ဖိုတွန်း (Photoonts)လို့ စခေါ်ခဲ့ပါတယ်။ ကျွန်တော်လည်း သဘောကျလို့ ဒီနေ့အထိ လက်ခံထားပြီး ခေါ်ဝေါ်နေတာပါ။
စိတ်ဝင်စားသူများ ဒီနည်းကို စမ်းသုံးကြည့်ပါ။
ဝထး052216

Comments
Post a Comment