အော်လ်တာနေးတစ် ငြိမ်းဝေ
www.pinterest.com |
မနက်မိုးလင်း
ကျွန်တော်
အိပ်ရာကနိုးတော့
ငြိမ်းဝေက
မရှိတော့ဘူး။
ကျွန်တော်
ပြောတယ်
မင်း ဘယ်မှ
မသွားရဘူး
မင်း ဘာမှ
မလုပ်ရဘူးပေါ့
ဒါ မအိပ်ခင်
သူ့ကိုထိန်းချုပ်
စက်ခလုပ်ကို ပြ
မှာထားတဲ့
စကား။
ဒီကောင့်အကြောင်း
ကျွန်တော်
ကောင်းကောင်းသိတာပေါ့
ပထမ
လက်ဖက်ရည်ဆိုင်
ဒုတိယ
ကြောင်နှစ်ကောင်
စာအုပ်ဆိုင်
တတိယ
ပန်းချီဆရာမလေး
စိန်စိန်လင်း
စတုတ္ထ
မာနယ်ပလော။
ကျွန်တော်
လက်ဖက်ရည်ဆိုင်
ရောက်တော့
ငြိမ်းဝေကို
“
ဂန်တာ ဂရပ်စ် ” နဲ့ တစားပွဲထဲ ထိုင်နေတာ
တွေ့ရတော့တာပဲ။
ထုံးစံအတိုင်း
ဒီကောင်က
ဆောင့်ကြွားကြွား
ကျွန်တော့်ကို
တခါမှ
မမြင်ဘူးသလို ကြည့်
ကျွန်တော်
အားနာတယ်လေ
“
ဂန်တာ ဂရပ်စ် ” ဆိုတာ ကမ္ဘာကျော် ဂျာမန်ကဗျာဆရာပဲ
ဒါနဲ့
စိတ်ကိုလျော့
ဒေါသကို
ထိန်း
လက်ထဲက
ထိန်းချုပ်စက်ခလုပ်ကို ပြ
မင်း
မြန်မြန် ပြန်လာခဲ့ပေါ့
လှည့်ပြန်မယ်အလုပ်
“
ဂန်တာ ဂရပ်စ်” ကို ကြည့်တော့
“
ဂန်တာ ဂရပ်စ် ” က
သူ့ရဲ့
“ ဆယ့်တစ်ချောင်းမြောက် ” လက်ခြောင်းကလေးနဲ့
စားပွဲကို
ခေါက်နေတာ
တွေ့ခဲ့ရတယ်။
အိမ်ပြန်ရောက်
တစ်နာရီ
နှစ်နာရီ
ငနဲက
ပေါက်မလာသေးဘူး
ဒါနဲ့
စာအုပ်ဆိုင်ဆီ
ချီရပြန်တာပေါ့
ဆိုင်ထဲမှာ
“
မောင်လေးအောင် ” “ ဖော်ဝေး ”
ငြိမ်းဝေ
နဲ့ ဘာတွေဆွေးနွေးနေကြ
ဆိုင်ထဲအ၀င်
ငြိမ်းဝေက
“နေပြည်တော်မာနယ်ပလော” ဆိုလား
နားစွန်နားဖြား
ကြားလိုက်ရ
ကျွန်တော်
အားနာတယ်လေ
သူ့ဘေးကလူတွေက
ကျော်ကြားလှတဲ့
မြန်မာကဗျာဆရာတွေပဲ
ဒါနဲ့ပဲ
စက်ခလုပ်ကို ပြ
မင်း
မြန်မြန် ပြန်လာခဲ့ပေါ့
လှည့်ပြန်မယ်အလုပ်
ဆိုင်ထဲကို
ကြည့်တော့
မျက်လုံးသုံးလုံးနဲ့
“မောင်လေးအောင်”
နားသုံးဖက်နဲ့
“ဖော်ဝေး”
ကျွန်တော်
တွေးလို့ မရခဲ့ဘူး။
အိမ်ပြန်ရောက်
တစ်နာရီ
နှစ်နာရီ
ဒီကောင်
ပြန်မလာ
ဒါနဲ့
ပန်းချီဆရာမလေး
“စိန်စိန်လင်း” ဆီ
သွားရပြန်တာပေါ့
ဒီကောင်လေ
ပီဘိ ကလေးတစ်ယောက်လို
ရိုကျိုးနေလိုက်တာ
ဆရာမလေးက
အိပ်ဇစ်ဆိုလား လိပ်ဖြစ်ဆိုလား ဆာရီယယ်လစ်ဆိုတလား
ပြောနေ
ဟောနေ
ကျွန်တော်
အားနာတယ်လေ
ဆရာမလေးဆီမှာ
ကျွန်တော်
တခါတရံ
ထမင်း ၀င်စားခဲ့ဖူးတယ်မို့လား
ဒါနဲ့ပဲ
စက်ခလုပ်ကို
ငနဲ မြင်သာအောင် ထပ်ပြပြီး
အိမ်ပြန်မယ်အလုပ်
အိမ်ထဲကို
သေသေချာချာကြည့်တော့
ပန်းချီဆရာမလေးက
လက်သုံးဖက်နဲ့
ပန်းချီဆွဲနေတာ တွေ့ခဲ့
ကျွန်တော်
နဝေတိမ်တောင်
ဖြစ်ပြန်ရ။
အိမ်ပြန်ရောက်
တစ်နာရီ
နှစ်နာရီ
ဒီကောင်
ရောက်မလာပြန်ဘူး
ဒါနဲ့
“မာနယ်ပလော”
ဘက် ထွက်ခဲ့ရ
တွေ့ပါတယ်
ဒီကောင်
ပြေးမလွတ်ပါဘူး
ဒါပေမယ့်
သူ့ဘေးမှာ
ဘယ်သူတွေလဲ
“ဦးဝင်းတင်”များလား
“မောင်သော်က”
များလား
ခေါင်းပေါင်းစ
တလူလူနဲ့
လူတွေကြား
တွေ့ပါပြီ
တွေ့ပါပြီ
ငြိမ်းဝေလေ
ငြိမ်းဝေ
အောင်မယ်လေး
သူက
ရုံးလုလင်
ကုလားထိုင်မှာ ထိုင်
ပြီးတော့
ကဗျာဆရာဆိုတာ
“စင်ပြိုင်အစိုးရ”
ဆိုလား
ဖင်ထိုင်
အစိုးရဆိုလား
အော်လား
ဟစ်လား
သူ့ဘေးက
လူတွေ အားလုံး
ခေါင်းနှစ်လုံးကိုယ်စီ
ဘုရား
ဘုရား
ဒီကောင်က
ဒီလိုထိုင်
ဘာဆိုင်လို့တုန်း
ဒါပေမဲ့
ကျွန်တော်
အိမ်ပြန်လာခဲ့
သူ့ဘေးကလူတွေ
ကျွန်တော် အားနာ
သူ့ကိုပဲ
စက်ခလုပ်ကို မြှောက်မြှောက်ပြ
ပြန်လာခဲ့ရ။
နေစောင်းတော့
ခေါင်းငုံ့ပြီး
အိမ်ပြန်လာတဲ့ “ငြိမ်းဝေ”
အိမ်အ၀င်ဝမှာ
ခြေထောက်သုံးချောင်းနဲ့
ရပ်နေတာ တွေ့ရ
ဒါနဲ့ပဲ
သူ့ကို
ထိန်းချုပ် စက်ခလုပ်
ဝက်အူပြုတ်နေတာ
ပြန်တပ်လိုက်ရတယ်။
။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)
၇၊
၉၊ ၂၀၀၉
-----------
မှတ်ချက်။ ။ (၁) ဂျာမာန်ကဗျာဆရာ “ဂန်တာ ဂရပ်စ်” က “ဆယ့်တစ်ချောင်းမြောက်
လက်ခြောင်းကလေး” ကဗျာ ရေးခဲ့ပါတယ်။
(၂) “ မာနယ်ပလော ”ဆိုတာ တချိန်က
တော်လှန်ရေး ဌာနချုပ်စခန်းကြီး ဖြစ်ခဲ့ဖူးတဲ့နေရာ ဖြစ်ပါတယ်။
Comments
Post a Comment