ကြွက်ကဗျာ ၃

ကြွက်ကဗျာ ၃

fineartamerica.com 





အထက်တန်းလွှာဆိုသူတွေရဲ့ရေမွှေးနံ့ဟာ ကြွက်မလေးကို အော့အန်မူးဝေစေတယ်။
ကြွက်ကလေးကတော့ ကြွက်မလေး ဗိုက်ကြီးနေပြီထင်ပြီး ပျော်နေတော့တာ။
ကြွက်စာတွေ အများကြီး စု ငွေတွေအများကြီးရှာရမယ်။
ဘာဖြစ်ဖြစ် အရသာချင်းတော့ ကွာတာပါပဲ။

ကြွက်ကလေးကို ခွဲစိတ်ခန်းမှာ တွေ့ ရတဲ့ခါ ကြွက်တိုင်းပြည်ရဲ့အရွယ်အစားကို ခန့် မှန်းမိမှာပေါ့။
ကြွက်ကလေးတွေ ပြောကြတာ ကြားရတော့ ခင်ဗျားဟာ အဆီပြန်နေတဲ့
ခင်ဗျားမျက်နှာကို လှီးပစ်ချင်မှာပဲ။
ဒါမှမဟုတ် ကောင်းကင်ကို လက်ညိုးထိုးပြီး အောက်ကို ခုန်ချမှာပေါ့။

ဒီလိုဆို ကင်မရာတွေဟာ ခင်ဗျားကိုဝါးစားကြဖို့ စောင့်နေကြမယ်။
အဆိုးမြင်တတ်တဲ့ လက္ခဏာဟာ ကောင်းမွန်ကြောင်း ကျန်းမာရေးစာစောင်ထဲ ဖတ်ရတဲ့နောက်
ခင်ဗျားဟာ တယောက်တည်း ရှက် ရမ်းရမ်းပြီး ကြွက်ထောင်ချောက်တွေ ပြင်ဆင်နေမှာပဲ။
ကြောင်တွေတရပ်စပ် မွေးနေတော့မှာပဲ။ မြုံနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတခု
အစားထိုးလဲဖို့ ကြွက်ကြီးဟာ နှစ်ပေါင်းများစွာ ထိုင်စောင့်ခဲ့တယ်။
လူတွေဟာ အနိုင်ရတယ်ဆိုတဲ့စကားလုံးကလွဲပြီး ဘာကိုမှ လိုချင်ကြပုံမရဘူး
ကြွက်ကလေးဟာ ကြွက်စာစားပြီး ကြွက်လိုတွေးတောနေတဲ့အတွက်
ခင်ဗျားအံ့သြနေမှာပဲ။

ကြွက်တွေဟာ အမြင့်ကို ရေကိုကြောက်တယ်။ ကြွက်တွေဟာ ထကြွ သောင်းကျန်းနေကြတယ်။
ကြွက်တွေဟာ လူသေအလောင်းကောင်ရဲ့အရေပြားကို လှီးဖဲ့စားသောက်နေကြတယ်။
ကြွက်တွေဟာ ပလိပ်ရောဂါကို ယူဆောင်လာကြတယ်။ ကြွက်တွေဟာ သီးနှံစိုက်ခင်းတွေကို
ကိုက်ဖြတ် စားသောက်နေကြတယ်။

အချက်အလက်တွေဟာ ကြောက်ရွံ့ ရွံရှာဖွယ်ကောင်းနေတော့
အရသာရှိလိမ့်မပေါ့။
ကြွက်တွေဟာ အံ့သြနေကြတဲ့ ကြွက်တွေဟာ အံ့သြနေကြတဲ့ ကြွက်တွေဟာ
ရယ်မောနေကြတဲ့ ကြွက်တွေဟာ ။


ဆလိုင်းမြတ်နိုးသူ

Comments