ကြယ်နီတပွင့် (ခ) ကဗျာဆရာမ မစိမ်းပင် ကြွေလွင့်သွားခြင်းအပေါ် ၀မ်းနည်းမှုမှတ်တမ်း


ကြယ်နီတပွင့် (ခ) ကဗျာဆရာမ မစိမ်းပင်
ကြွေလွင့်သွားခြင်းအပေါ် ၀မ်းနည်းမှုမှတ်တမ်း
 
ကဗျာဆရာမ မရီဝေ ဖဘမှ ယူပါသည်။


မြန်မာစာပေလောက ကဗျာလောကတွင် အောင်မြင်ထင်ရှားပြီး လှပထက်မြက်သည့်အတွေး၊ ဖန်တီးမှုများ
ဖြင့် ကဗျာများရေးဖွဲ့တတ်သူ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးတို့အတွက် စာပေအနုပညာ ကဗျာ လက်နက်ကို ယုံယုံကြည်ကြည် ခိုင်ခိုင်မာမာကိုင်စွဲ၍ တိုက်ပွဲဝင်ခဲ့သူ၊ ထိုသို့တိုက်ပွဲဝင်မှုများအတွက် ၁၉၉၀ ခုနှစ်များက အာဏာရှင်တို့၏ နရသိန်စံအိမ်အကျဉ်းထောင်တွင် နှစ်ရှည် ထောင်ဒဏ်ကျခံခဲ့ရကာ အပြင်း အထန်ညှဉ်းပန်းနှိပ်စက်ခံခရမှုများကြောင့် ရုပ်ပိုင်း စိတ်ပိုင်ဆိုင်ရာ ထိခိုက်ခံစားမှုများရရှိခဲ့သူ ကဗျာဆရာမ -မစိမ်းပင်သည် မေလ ၂၂ ရက် ၂၀၁၆ က မန္တလေးမြို့တွင် ကျဆုံးသွားကြောင်းသိရသည့်အတွက် ကျန်ရစ် သူမိသားစုများ စာပေလောက ကဗျာလောကသားများနှင့်အတူ ၀မ်းနည်းပူဆွေးနှမြောမိပါကြောင်း။ 

သစ်ခက်သံလွင်


(ဆရာမ မစိမ်းပင်၏ကဗျာတပုဒ်ကို မူရင်းသတ်ပုံအတိုင်း ဖော်ပြပါသည်။)
မူရင်းပိုင်ရှင်ကို Credit ပေးပါသည်။


“သံတိုင်ကြားမှ သုံးရာသီ”
………………….
-သံတိုင်အကွယ်၊ တိုက်ခန်းငယ်မှာ
လေ ဘယ်အရပ်က တိုက်နေသလဲ။
-လျပ်ပြက်ထစ်ချုန်း၊
ဝုန်းဝုန်းဒိုင်းဒိုင်း၊ အသံလှိုင်းများ
နားကကြားရဲ့၊ မိုးပွားမိုးပေါက်
ရေသရောက်က၊ ဟောက်သံငေါက်သံ
အမိန့်သံကို၊ လွှမ်းမျိုလေသော်
အော် …မိုးရာသီပေဘဲ။
-တောင်လေဘယ်မှာ မြောက်လေဘယ်က
မှန်းဆမသိ၊ အမိရင်ခွင်
တိုးဝင်နွေးလို၊ မီးဖိုလေး တ
နေခြည်လေး တ၊ မရနိုင်ဘူး
ချမ်းပုံထူးမှ၊ ဒူးနှစ်လုံးဖက်
ရက်စက်လှသော ဆောင်းပေကိုး။
လက်ခုံပေါ်မှာ
လျောလာသက်တဲ့ ရေစက်များ။
နှလုံးသားက
ခံစားစိမ့်ထွက်၊ မျက်ရည်စက်လား?
လျပ်စီးမလက်၊ မိုးရေစက်လား ?
ရေအစက်များ
စိုရွှဲသွားမှ၊ လေမ၀သော
ခယောင်းတောမှာ၊ စောကြောပီပြင်
“ ပူချင်ပူစမ်း၊ ဒင်းအစွမ်းဖြင့်
ချွေးမခဏ်းချေ
နွေရာသီလျင် လေးလထဲ ” ။ ။
----
မစိမ်းပင်

Comments