ကိုကိုးကျွန်းအစာငတ်ခံတိုက်ပွဲတွင်ကျဆုံးခဲ့သော ရဲဘော်ကိုလေးမောင်သို့ ကဗျာဆရာမ မစိမ်းပင်ရေးဖွဲ့ခဲ့သော ဂုဏ်ပြုကဗျာ

လွမ်းသူ့ ပန်းခွေ 

မူလပိုင်ရှင်ကို Credit ပေးပါသည်။
 

အညာလမ်း
တမာတန်းမှာ
လမ်းအတူ လျှောက်ကြဦးမယ်

အညာရိပ်
တမာရိပ်မှာ
အတိတ်ဆိုးကောင်း
အကြောင်းပေါင်းစုံ ပြောဖြစ်ဦးမယ်

အညာမြေ
အညာလေနဲ့
တိုက်ပွဲတွေအကြောင်း
သူ ကောင်းကောင်း ပြောလိမ့်မယ်

ကွယ်
အနာဂတ်မှာ
မင်းရယ် ငါရယ် ရဲဘော်များရယ်
ဆုံကို ဆုံရဦးမယ်စောင့်နေဆဲ

ဗြန်းခနဲ
တိုက်ပွဲမှာ
မင်းကျဆုံးသွားတာ ပြောင်မြောက်တယ်

ဦးမညွတ် ဒူးမထောက်
နောက်ဆုံးသွေးစက် ထက်မြက်နီမောင်း
လမ်းကြောင်းတော်လှန်ရေး
သွေးနဲ့ရေးခဲ့တဲ့မင်း

အညာလမ်း
တမာတန်းမှာ
လမ်းအတူလျှောက်ကြမယ့်ပြည်သူတွေ

အညာရိပ်
တမာရိပ်မှာ
အတိတ်ဆိုးကောင်း
အကြောင်းပေါင်းစုံ ပြောနေကြလိမ့်မယ်

အညာမြေ
တမာမြေမှာ
မျက်ရည်တဝေဝေနဲ့
တိုက်ပွဲတွေအကြောင်း
အောင်ပွဲတွေအကြောင်း
သူရဲကောင်းသမိုင်း
လူတိုင်း နှလုံးသားမှာ
ခွန်အားအသစ် ဖြစ်နေလိမ့်မယ်

ရဲဘော်ရယ်
အညာလမ်း
တမာတန်းမှာ
လွမ်းသူ့ပန်းခွေ ဝေနေတယ်

ကိုလေးမောင် ..သို့
 
မစိမ်းပင်
 
မိုးဝေမဂ္ဂဇင်း 
အမှတ် (၅၀)၊ မတ်လ ၁၉၇၂

Comments