သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မောင်သော်တာ၊ ထက်သစ်၊ ၀ါကျဖြူ၊ ဇာနည်သွေး(ပလိပ်)

အမှာ ၁၃


www.pinterest.com


အပြော'က မိုး
ပင်လယ်ရေချိုးပြမတဲ့
မင်းထွေးလိုက်တဲ့တံတွေးစက်လောက်
လေးပဲသန့်ပြခဲ့ပါဦး

မောင်သော်တာ

မေ ၂၈  ၂၀၁၆


တောင်းတမိသော …

www.saatchiart.com

ယောက်နဲ့တယောက် အဆက်အသွယ်ရဖို့
ကိုယ်
့စိတ်ကိုခွဲခြမ်းစိတ်ဖြာကြည့်ရတယ်
ထွက်
လာတဲ့သယံဇာတမှာ
သန်
့စင်ခြင်းရာနှုန်းကိုတွက်ချက်
တရက်
ထက်တရက်ငါပျော်နိုင်ပါ့မလား
အခိုးသတ်
ထားတဲ့အကြည့်မှာ
ပျော်ဝင်နိုငို့ဆိုတာ
အိပ်
ရေးမပျက်ဖို့တော့လိုတာပေါ့..
အချိန်
မှန်မှန် အိပ်ပါ
အချိန်
မှန်မှန် စားပါ
အချိန်
မှန်မှန် သွားပါ
တဦးကိုတဦး
ဖေးမကူညီပါ
သွားသ
လောက် ခရီးရောက်ရင်
မေးပါများလို့ စကားရရင်
သား
ရွှေအိုးထမ်းလာတဲ့ကိန်းဆိုတာ...
လက်
တွေ့မှာလည်း အများကြီး
ရခွင်
့ရှိရင် မင်းလည်းယူ
ငါ့ကိုလည်
ဝေမျှ
လူ့အခွင်
ရေး ဆိုတာ
ငါတို့အားလုံးရဲ့ငတ်
မွတ်မှူ.....။


ထက်သစ်
၂၉.၅.၂၀၁၆

….

ဒြပ်မဲ့ကောက်ကြောင်းများ 

www.galleryintell.com


အသက်တဝက်မဲ့ခန္ဓာနဲ့

ကောင်းကင်ဟာမီးကြိုးတစလွတ်ပြီး

မသမာတဲ့မျိုးစေ့ကို

ပြန်မြုံပြီးမျိုချပစ်နေသလား ။



ကိုင်တွယ်စရာအတည်တကျမရှိတဲ့ တိမ်လိပ်တွေထဲကို

ငှက်ယောင်ဆောင်ထားတဲ့လေယာဉ်တွေ

ဝင်ရောက်အဆိပ်သင့်ပစ်လိုက်ကြ ။



သန့်စင်သောလေနုအေးဟာ

ဘယ်တောင်ကုန်းအမှတ်ကနေ

နောက်ပြန်လှည့်သွားမှန်းမသိနိုင်တော့ဘူး ။



အမှတ်ရစိတ်တွေဟာအသိဉာဏ်ရဲ့လုပ်ကြံမှုကွင်းဆက်ပါပဲ

ရှင်သန်ခြင်းတွေကိုကမ္ဘာကြီးထဲမှာထည့်စိုက်ပျိုးထားကြတယ်

ဗိုင်းရပ်တွေနေရာတိုင်းမှာတွယ်ကပ်နေကြတာ ဒုတိယကွင်းဆက်ပေါ့

ဒါပေမဲ့...ကျမတို့မျက်ဝန်းတွေဟာ အနုကြည့်ပါဝါတွေမပါကြဘူး

ဘဝပေးဒာဏ်ရာနဲ့ဘဝပေးအတွေ့အကြုံတွေပေါ် မီးတင်ထွန်းနေခဲ့ရ ။ 


ဝါကျဖြူ
28.05.2016

..

အပျော်တွေပျက်သွားတဲ့အခါ

www.saatchiart.com

မလှဘူး
ဘယ်နေရာပဲကြည့် ကြည့်
မြင်ကွင်းတွေဟာ မလှတော့ဘူး

စိတ်ခံစားမှုမှာ
အရာရာဟာ မသပ်မရပ်နဲ့
သောက်နေမြဲကော်ဖီကအစ
ခါတိုင်းထက် ပိုခါးနေသလို

ဟုတ်တယ်
ကောင်းကင်ကို မော့ကြည့်မိတဲ့အခါ
ပျံသန်းနေတဲ့ လေယဉ်ကြီးကို
အလိုလို မုန်းမိပြန်ရော

အောက်ကိုပြန်ငုံ့ကြည့်တဲ့အခါ
ငါ့ခြေထောက်ကို ငါပြန်ရွံလို့

ငါက ငါမဟုတ်တော့သလို
ငါ့ကိုယ်ငါ စစ်ဆေးမေးမြန်းနေရ
အဲ့ဒီသံသယက
ညတွေထဲအထိ လိုက် လိုက် နင်းတယ်

မနက်လင်းလာတဲ့အခါ
စိတ်လက်မကြည်သာတာနဲ့
မြစ်ထဲ ရေဆင်းချိုးပစ်လိုက်တယ်
မြစ်ကြီးကလဲ
ညစ်ပတ်နေလိုက်တာ လွန်ရော……။  ။

ဇာနည်သွေး  ( ပလိပ် )
17.5.2016

Comments