သစ်ခက်သံလွင် ကဗျာစင်မြင့်၊ အောင်ကိုကိုလတ်(တမူး)၊ မိုးသက်ငြိမ်ဦး၊ ကမ်လူဝေး



                                      
အလှမွေးငါး(၉) 
idoa



ရေဒီယိုတွေသတင်းနားထောင်နေတယ်
ဒီဂရပ်ဖီတီဆွဲတာသက်တမ်းအားဖြင့်ဘယ်လောက်
သူ့ပင်နယံက ၅ နှစ်၊ ၁၀ နှစ်၊ ၁၅ နှစ်၊ အနှစ်၂၀ အစရှိသည်...
မျိုးရိုးဗီဇက စိန်စီတဲ့တေးတပုဒ်
စိတ်ဓာတ်ရေးရာကိုသံခြေကျင်းခတ်ပြထားတယ်
ပင်လယ်စာဖြစ်သွားတဲ့ငါးကလေးတွေအကြောင်း
ရေဒီယိုအချင်းချင်းနေ့တိုင်းငြင်းကြတယ်...။


အောင်ကိုကိုလတ်(တမူး)

….

အမှန်ကိုမမြင်နိုင်​​အောင်အချို တွေကွယ်​​နေတော့

KT#
  သကာတွေ့နေတဲ့အချိုရှာလေသူက ဘဝကခါးတယ်လို့သာပြော၊
နေ့ကတွေ့လိုက်​​တော့ ဒုက္ခကပျားရည်စက်တဲ့၊

တကယ်တမ်တော့ ဘယ်သူမှဆင်းရဲတွင်
မနက်
ချင်ဘူးကိုယ့်လူလို့ ပြောဦးမှာမဟုတ်လား၊

ခင်ဗျားစင်္ကြံလျှောက်​​နေတာ ဓားသွားပေါ်မှာလား မျက်ခုံးမွှေးပေါ်မှာလား၊

ရဲရဲတောက်ခဲ့တာ
ငယ်
တုန်းကပါလို့ ရှက်ရယ် ရယ်ပြီး ပြောဦးမယ်၊

ယူထားလိုက်မိတာတွေအတွက်​​နောင်တမရမိအောင်

ဒါဟာ အိပ်မက်ဆိုပြီးစိတ်ကိုလှည့်စားထား၊
ပြားခဲ့ပြီ၊ ကမ္ဘာဟာပြားခဲ့ပြီ ။


ကဗျာကိုလဲထားခဲ့ပြီ၊
ခါးခဲ့
လေသမျှ ချိုပါရစေတော့
အမှန်
ကိုမျက်ကွယ်ပြုတယ်ဆိုချင်ဆို ။ ။

မိုးသက်ငြိမ်ဦး
12.5.2016

 ရင်ထဲကဓား
 
laurabarbosa.wordpress.com

စက်မှုခေတ်ပြောင်း တော်လှန်ရေးက
ငါတို့ရွာကို အတော်နောက်ကျမှ ရောက်လာ။

စက်ရုံကြီးတွေကိုဆောက်
နေ့ချင်း ညချင်း ဖြစ်လာ။

လူမှုဘဝတွေ တိုးတက်လာမတဲ့
အလုပ်လက်မဲ့ လျှော့ချမတဲ့
အလုပ်သစ်တွေပေါ်ပြီတဲ့
လုပ်ခလစာ ထိုက်တန်အောင်ရမတဲ့။

တခုရှိတာက
ဆောက်လိုက်တဲ့ဘိလပ်မြေစက်ရုံထဲ
ခိုးချောင်ခိုးဝှက် ပါလာတဲ့
ကျောက်မီးသွေး ဓာတ်အားပေးစက်က
ထွက်လာ အဆိပ်ငွေ့တွေ။

ငါ့အဘွား ရှူနေရပြီ
ငါ့အဖေ ရှူနေရပြီ
ငါတို့ရှူနေရပြီ
ငါ့သားသမီးတွေ ရှူနေရပြီ
ငါ့တို့ရွာသားတွေ ရှူနေရပြီ။

ငါတို့လောလောလပ်လပ်
အလုပ်သစ်တွေ ရကြ
ဆိုင်းဘုတ် ကိုယ်စီကိုင်ရင်း
ဆန္ဒပြရတဲ့ ဘဝ။

ဂုတ်သွေးစုတ်အ မြတ်ထုတ်မှုက
နားထောင်ကောင်းတဲ့
မျက်နှာဖုံးပြောင်းပြောင်း စွတ်ပြီး
မနေ့ကလည်း ရောက်လာခဲ့တယ်
ဒီနေ့လည်း ရောက်လာပြန်တယ်
မနက်ဖြန်လည်း ရောက်လာဦးမယ်။

ငါတို့က
တောသူတောင်သား
နင်းပြားတွေလို့ဆိုရမလား
ရင်ထဲမှာ
သွေးနေတဲ့ ဓား
မင်းတို့သတိထား။ ။

ကမ်လူဝေး

Comments