သစ်ခက်သံလွင် တကိုယ်တော်ကဗျာပြပွဲ- ဆလိုင်းမြတ်နိုးသူ




မိန်းမတယောက်ရဲ့စာ
 
KT#

သွေးရူးတန်းတန်းအော်ဟစ်နေတဲ့ပုံ အလင်းရောင်ဖျောက်ထား
ကံကောင်းရင် နယ်စပ်မှာ အလောင်းကို ပြန်တွေ့မယ်
ငွေကောက်ရသလို မြွေပေါက်သလိုပါပဲ 
သင်ဟာ ပေါင်မုန့်တလုံးအတွက် လူသတ်သမားဖြစ်ခဲ့
ကျွန်ုပ်ဟာ လူသတ်သမားအတွက် ညတညဖြစ်ခဲ့
မင်းကိုငါချစ်သတဲ့
ငါ့ကိုတဖြည်းဖြည်း သတ်နေပါကြောင်း
သူမ၏သတင်းပို့ချက်အရ။
...

ဆလိုင်းမြတ်နိုးသူ

 2016/Feb

--------------

မိန်းမတယောက်ရဲ့စာ ၂

KT#
 
မြို့လေးထံပြန်ရောက်ပြီး ၁၀ နှစ်အကြာ
ဆာလောင်သူအကြောင်း  လာနေလျက်
ဒါကို ပြောပြပုံ တခုခုကို ဆာတဲ့အစာခဲလေး။
တယောက်ယောက်နဲ့တယောက် ချောင်းမြောင်း ဒီမှာ
ငါ့ကို စိတ်ပါလက်ပါ နားထောင်
၁၂ နာရီဟာ ငါ့ကိုစောင့်ခဲ့တယ်။
ပြီးသွားတဲ့ တနင်္ဂနွေကို မပြောချင်တော့ဘူး
ဘုရင်ကြီးကြီးသေးသေးဆိုသူတွေ
အားလုံးဟာ အရွေးခံနေရတယ်။

တစုံတခုအတွက် ရောက်ရှိနေမှုများ
ကုန်ပစ္စည်းကဲ့သို့ ။

ဒီလူဟာ တဏှာရူးပဲ အဖေနေမကောင်းလို့ ငါ ဒီနေရာ။
အလုပ်မရှိသူအတွက် ထိုအရာသည် သေဆုံးပြီးဖြစ်။

ငါ့ကို တယ်လီဖုန်းခေါ်ပါ  ငါ့ကို ခေါ်ဆိုပါ။
 ..
ဆလိုင်းမြတ်နိုးသူ

2016/Feb/ 2016

---------
မိန်းမတယောက်ရဲ့ စာ  ၃

KT#


ကြိုးတန်းပေါ် တဆင့်ပြီးတဆင့် ခုန်တက်ကစား
ကောင်းကင်နောက်ခံ အနက်ရောင် ကျီးကန်းများ
မှောင်နေတာပဲ အားလုံးသဘောကျတယ်
နင်ငါ့ကိုသဘောကျရင် မန်းနီးရှိဖို့ လိုတယ်
ဘာသာရေးအဆောက်အအုံတွေထဲ ရွှေတွေ
အိမ်ရှင်မတွေကို ဆက်သွယ်ဖို့မေ့လျော့ကြမယ်
ဘယ်လိုဖြစ်ဖြစ် လင်ယူသားမွေးဖို့ဟာ အစဉ်အလာ
နားလည်စမ်း
လာမပြောနဲ့အားလုံးက ပိုစ့်မော်ဒန်ပဲ
ကျနော်လမ်းပေါ်မှာ အစက ဈေးသွားမလို့။
 ....
ဆလိုင်းမြတ်နိုးသူ

-------

မိန်းမတယောက်ရဲ့စာ  ၄ 

KT#

ပုလင်းဟာ ကျကွဲသွားတာ ကြာပြီ
ငါအသည်းကွဲတုန်းက အေးဆို သိပ်အေးတာပေါ့
နေ့တနေ့အစဟာ ရှည်လျားတဲ့ ဆံပင်မွှေးတွေ
အမေ
အဖေ
ချစ်သူ
ငါ့ကို ခွင့်လွှတ်ကြပါ
ငါ့အချစ်ဟာ ခွက်ထဲမပြည့်ခဲ့တာမဟုတ်
လျှံကျခဲ့ခြင်းမျှသာ။
 .. .

ဆလိုင်းမြတ်နိုးသူ
 

Comments