နရီမင်း ● ရယ်စရာ စမ်းသပ်ချက်

နရီမင်း ● ရယ်စရာ စမ်းသပ်ချက်
(မိုးမခ) မေ ၁၇၊ ၂၀၁၆
ဆင်းရဲပါတယ်ဆိုမှ
စာရိတ္တက စမ်းသပ်ခံရတယ်။
ကြုံလှီနေတဲ့ ခန္ဓာကိုယ်မှာ
နံရိုးက စမ်းရလွယ်တယ်။
ရှိနှင့်ပြီးသား ကောက်ချက်ရဲ့နောက်ကို
ပိုက်ဆံဘူးက လိုက်သွားတယ်။
နိုင်နေကျ အသင်းနိုင်ဖို့
ဘဝတွေ စမ်းသပ်ခံခဲ့ရတယ်။
နိုင်ငံတစ်နိုင်ငံလုံးတောင် ပျောက်သွားတာပဲ။
ပိုက်ဆံဘူးလေး ပျောက်တာလောက်တော့ကွာ။
နရီမင်း
၁၅. ၅. ၂၀၁၆

Comments