သစ်ခက်သံလွင်ကဗျာ - ခင်လွန်း "မှော်ငှက် " ၊ Translated by Nei Htek Naing " MAGIC BIRD "

သစ်ခက်သံလွင်ကဗျာ
အောက်တိုဘာ ၃၊ ၂၀၂၁

MAGIC BIRD
--------------------
Along McFarlane street 
Tall Yetama trees loomingly line 
the both sides of the street .
Little doves are peacefully  picking food 
in the middle of the street .
When cars came , they swiftly   jumped  softly out .
Didn't seem care about the man walking with walking stick ; clack , clack , clack
With neglect little birds are happy and light .
While the old man was looking at the scene ,
the way they were peaceful
the way they believed in everything 
the way they live without fear
When their stomaches are full , the way they sing songs that make them
miss and fall in love and I was delighted and envied .
" Are you doves that come to life 
with Picasso magic ?", I whispered in my mouth .
How peaceful you are !
How peaceful you are !
How peaceful you  are !
How envious I am !
How envious I am !
How envious I am !
Am I enviful of a dove life 
Or peace  ?
The old man burst into tears
on the way  .

Lunn
Translated by Nei Htek Naing
           Oct 1 , 2021 night

-

"မှော်ငှက်"
.....
မက်ဖားလိန်းတလမ်းလုံး
ရေတမာပင်မားမားကြီးတွေ
လမ်းတဖက်တချက်ဆီ အပြိုင်းအရိုင်းတန်းစီရပ်လို့
ချိုးငှက်လေးတွေက လမ်းမအလယ်ဆင်းပြီး
အေးအေးလူလူအစာကောက်နေကြ
ကားလာလဲ စွေ့ခနဲဟန်မပျက် အသာလေးလွတ်ရုံခုန်
လမ်းပေါ်တုတ်ကောက်တဒေါက်ဒေါက်နဲ့လျှောက်လာတဲ့သူ့ကို 
ရှိတယ်လို့တောင် သဘောမထား
ဥပေက္ခာနဲ့ ပျော်ရွှင်ပေါ့ပါးနေကြတဲ့ငှက်လေးတွေ
အဘိုးအိုဟာ မြင်ကွင်းကိုကြည့်ရင်း
သူတို့အေးချမ်းလှပုံ 
အရာရာကိုယုံယုံကြည်ကြည်ရှိလှပုံ
ကြောင့်ကြကင်းစွာ အသက် ဘဝ ဖြစ်တည်ကြပုံ
အစာဝတဲ့အခါ လွမ်းဖို့ချစ်ဖို့ကောင်းလောက်အောင်
တွန်ကျူးတေးဆိုတတ်ကြပုံတွေကို ကြည်နူးအားကျနေမိ
မင်းတို့ဟာ ပီကာဆိုမှော်အတတ်နဲ့
အသက်ဝင်လာတဲ့ချိုးငှက်လေးတွေလားကွယ်လို့
နှုတ်က တီးတိုးရေရွတ်မိလိုက်သေး ....
ငြိမ်းချမ်းလိုက်တာ
ငြိမ်းချမ်းလိုက်တာ
ငြိမ်းချမ်းလိုက်တာ
အားကျလိုက်တာ
အားကျလိုက်တာ
အားကျလိုက်တာ
ချိုးငှက်ဘဝကိုလား 
ငြိမ်းချမ်းမှုကိုလား
အဘိုးအိုဟာ 
လမ်းမပေါ် မျက်ရည်သီပါတယ် ။ ။

လွန်း
စက်တင်ဘာ ၂၉၊ ၂၀၂၁
နံနက်- ၀၉: ၃၀ နာရီ
Image- Crd

Comments