ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၄၁ )
ကိုနိုင်း
ဒီနေ့ခေတ်ပေါ်ကဗျာများဟာ များသော အားဖြင့်မွန်းကြပ်နေတဲ့ကဗျာတွေ များနေပါတယ်။ မွန်းကြပ်နေတဲ့ခေတ် ထဲက ရုန်းမထွက်နိုင်တာတွေကို ရေး ဖွဲ့နေရတာလည်း ခေတ်ရဲ့ပြယုဂ်ပါပဲ ။ တချို့ခေတ်ပေါ်ကဗျာတွေထဲမှာတော့ ရုန်းထွက်မရလို့ဖောက်ခွဲပစ်လို က်တဲ့အသံတွေ၊ မချင့်မရဲနဲ့ပေါက်ကြွဲ ပနေတဲ့အသံတွေကိုဝမ်းနည်းကြေကွဲ စွာ ခံစားနေရပါတယ်။ ခေတ်ကြီးတခု ကိုပြန်တည်ဆောက်ဖို့ဆိုတာကလည်း အရမ်းခက်ခဲနေပါတယ်။ ပြည်သူတွေထဲ မှာပါဝင်နေတဲ့ စာပေသမား တွေ၊ ကဗျာေ ရးနေသူတွေကလည်း အပြုသဘောနဲ့ထောက်ြ ပဝေဖန်လောက်ရုံအပြင် ဘာမှလည်း မတတ်နိုင်ပါဘူး။ ဘာမှမတတ်နိုင်ေ တာ့ စာတွေထဲမှာ၊ကဗျာတွေထဲမှာ ပေါ က်ကွဲပြနေရုံပါပဲ။
ဒီလိုပေါက်ကြွဲ ပ၊ ဝေဖန်ပြနေတဲ့သူတွေရဲ့လျှောက် လာတဲ့လမ်းတွေကိုပြန်ကြည့်မယ်ဆို ရင် အသက်တွေရင်းပြီး၊ ဘဝတွေအပျက် ခံပြီး ကြမ်းတမ်းခက်ခဲစွာ ဖြတ်သန်းခဲ့ရတာပါ။ ဒီလူတွေဖြတ်သန်းလာတဲ့သမိုင်းကို သေချာမသိပါပဲနဲ့ မရှက်တတ်သူများလို့ အစိုးရအကြိုက်ဖားပြီး အော်နေကြတဲ့သူတွေလည်း ရှိနေပါသေးတယ်။
ခေတ်တို င်းမှာ တက်လာတဲ့အစိုးရကိုဖားတတ်တာေ ပ်ါလစီစာတွေ၊ ပေါ်လစီကဗျာတွေရှိေ နမှာပါပဲ။ ဒီလိုပြောနေကြတာ စစ်အာဏာရှင်ခေတ်မှာရတဲ့နည်းလမ်း ကနေရသလိုမတိုက်ခဲ့တဲ့၊ ဖားဖို့ေ လာက်သာနားလည်တဲ့လူတွေ များပါတယ်။ ဒီခက်ခဲစွာတွန်းလှန်ခဲ့တဲ့လူတွေ ဟာ အခုအချိန်မှာ အားမလိုအားမရ ပေါ က်ကွဲနေကြတာကိုနားမလည်နိုင်ရင်ေ တာ့ လူလုပ်ဖို့မဖြစ်နိုင်သေးပါဘူး။ ပေါက်ကွဲပြနေတဲ့စာတွေ၊ ခေတ်ေ ပ်ါကဗျာတွေကိုတော့ နားလည်မခံစားနို င်သေးဘူးလို့ပြောရပါလိမ့်မယ်။
ကျွ န်တော်တို့အနေနဲ့ကတော့ မွန်းကြပ် မှုတွေအဖက်ဖက်က ရုန်းမထွက်နိုင်အော င်ကြုံတွေ့နေရတဲ့ခေတ်ကို နားလည်ေ နပါတယ်။ မွန်းကြပ်နေတဲ့အတွေးတွေ ကိုလည်း ခံစားနိုင်ပါတယ်။ ပြည်သူေ တွအတွက်ရုန်းကန်ရင်းတဖြေးဖြေးနဲ့ ပိုပိုပြီးနစ်မြုပ်နေရတာကို မချ င့်မရဲပေါက်ကွဲပြနေကြတာကိုလည်း ခံစားနိုင်ပါတယ်။ ဝမ်းနည်ကြေကွဲ စရာတွေထဲမှာလည်းလှပတဲ့ခေတ်ေ ပ်ါကဗျာလေးတွေကိုဖတ်လိုက်ရရင် ကျေ နပ်လိုက်ရတော့တာပါပဲ။ မွန်းကြပ်ေ နတဲ့စိတ်ကို ခဏလေးဖြစ်ဖြစ်ဖြေလျှော့လိုက်ရတယ်လို့ထင်မိပါတယ်။ ဒီေ ခတ်ပေါ်ကဗျာတွေထဲမှာ ဒီလိုလှပတဲ့အတွေးတွေရှိနေပါလား ဆိုပြီးအတွေးကိုပြန်တွေးရင်း ကျေ နပ်နေမိပါတယ်။ပထမဦးဆုံးခံစားလို က်မိတဲ့ခေတ်ပေါ်ကဗျာတပုဒ်ကို ခံ စားကြည့်စေချင်ပါတယ်။ ဒီခေတ်ေ ပ်ါကဗျာကို၂ ၀၁၇ နိုဝင်ဘာလ၊ Family LiFe မဂ္ဂဇင်းထဲမှာ ကဗျာဆရာလင်းခ(မော်လမြိုင်)” မိသားစု” ကဗျာကိုရေးဖွဲ့ပါတယ်။
ရှုခင်းတခုအောက်
အတူတူခရီးထွက်ကြတာပါ
လေပြေတလှည့် လေပွေတလှည့်လား
ရတယ်
မုန်တိုင်းဆိုလည်း အတူတူလက်ခုပ်တီးမယ်
လက်ခုပ်ထဲကလေညင်း
တချိန်ချိန်ပန်းတွေပွင့်မှာေ ပါ့
အလှဆည်းဆာနဲ့အတူ
သီချင်းလက်ဆုံစားရတာပျော်စရာ
တယောက်သောကကို
တယောက်ကမမြင်အောင်ဝှက်ထားရုံ နဲ့
ဘာအနွေးဓာတ်မှမရဘူး
ပြိုင်တူပြုံးလျှင် အိမ်ထဲကမီးလင်းဖိုလေးလင်းမယ်။
အင်မတန်ချစ်စရာခေတ်ပေါ်ကဗျာလေး တပုဒ်ပါပဲ။ ဒါဟာ မိသားစုရဲ့နား လည်ညီညွတ်ခြင်းကိုပြယုဂ်အဖြစ် တင်စားဖွဲ့ဆိုတာပါ။ ဒါကိုတွေး ကြည့်လိုက်မယ်ဆိုရင် အတွေးတွေကျ ယ်ပြန့်သွားပါလိမ့်မယ်။ ကျွန်တော် တို့နိုင်ငံကိုတွေးမလား၊ ကျွန်ေ တ်ာတို့နေတဲ့လူ့အဖွဲ့အစည်းကိုေ တွးကြည့်မလား၊ ကျယ်ပြန့်တဲ့အတွေးေ တွကိုတွေးကြည့်နိုင်ပါလိမ့်မယ်။ ကျယ်ပြန့်တဲ့အတွေးတွေကနေ နွေးထွေးတဲ့နားလည်မှုနဲ့အကြင်နာကို ခံစား ရပါလိမ့်မယ်။ တယောက်သောကကို တယောက်မမြင်ဝှက်ထားရုံနဲ့ဆိုတဲ့အေ ရးအတွေးဟာ ကြည်နူးမှုကိုဖြစ်စေခဲ့ပါတယ်။ မီးလင်းဖိုလေးကနေပိုလင်း လာတယ်ဆိုရမလောက်အောင် အသိပညာကော င်းကင်ကြီး တခုလုံးလည်း လင်းထိန် သွားနိုင်ပါတယ်။ မိသားစုကနေလူ့ အဖွဲ့အစည်းတခုအထိ တွေးလိုက် ရင် ညီညွတ်မှုကိုနွေးထွေးစွာခံစားရလို က်ရမှာပါ။
နောက်ထပ်ခံစားမိတဲ့ခေတ်ပေါ်ကဗျာ တပုဒ်ကတော့ ၂၀၁၇ နိုဝင်ဘာလ မဟေသီမဂ္ဂဇင်း ထဲက ကဗျာဆရာဝင်းသူရ ရဲ့ကမ္ဘာကြီးချစ်သက်တမ်းရှည်ပါစေ ပါပဲ။ ခံစားကြည့်ပါ။
ဘာညာသရကာ အပိုဆာဒါတွေမလိုပါဘူးကွာ
အချစ်ဆိုတာ ခခွေးယပင့်စသတ် … ချစ်ပေါ့။
ဒဿနပညာရှင်တွေဖွင့်ဆိုသလို
မြင်မိတဲ့မျက်စီကစလာတာ
ခံစားတတ်တဲ့…
ဟောဒီ့ရင်ဘတ်ကြီးထဲက လာတာလား
ငါတို့ဘာမှမသိခဲ့ကြ။
ထိန်ထိန်ဝါ၀ါ လမင်းသာကြီးကိုကြည့်ရင်း
“မိအေး ရေ
ဟေ …
ကောက်ရိုးပုံကိုဟေ့
အေး …”
အညှာလွယ်တာမဟုတ်
ချစ်သဒ္ဓါနွယ်”ရှယ်”ကျေးလက်ဝတ္ထု ကိုဖတ်ခဲ့ရ။
ကဗျာလေးက အခုအချိန်မောကျေးလက်ရနံ့ လေးတွေ၊ တောရွာအသံလေးတွေနဲ့ ချစ် စရာကောင်းအောင် ရေးဖွဲ့သွားပါတယ် ။ အခုခေတ်ကဗျာထဲမှာသာမဟုတ်ပဲ၊ တကယ့်ကျေးလက်တောရွာတွေမှာပါ မကြားရတော့တဲ့ ချစ်စဖွယ်အသံလေးတွေကြို ပန်လွမ်းမိလိုက်ပါတယ်။
မြို့ပြမှာတော့
မြင့်ကျော် မြင့်နီ ကရမက်” ချစ်ဦးသူသို့ပေးစာများ”
သိန်းသန်းထွန်း”အချစ်ရူးလေးရဲ့ အချစ်ဦး”
ရှုမ၀မဂ္ဂဇင်း”ချစ်ကိုယ်တွေ့”
တို့နှလုံးသား နပန်းလုံးခဲ့ရပုံများ…
တက္ကသိုလ်ဘုန်းနိုင်”သူငယ်ချင်း လို့ပဲ ဆက်၍ခေါ်မည် ခိုင်” နဲ့ကျမှ
နှလုံးသား သားသတ်ရုံထဲ အပြီးတိုင်ဝင်ရောက်ခဲ့ရတော့တာ။
ကဗျာဆရာက ရိုးစင်းစွာနဲ့ အချစ်ဦး ကာလတွေကိုနိမိတ်ပြပြီး လူပျို ဘ၀ကိုစွန့်လွှတ်ခဲ့ရကြောင်းကို ရေးဖွဲ့သွားခဲ့ပါတယ်။ ဒီအထိက လူ့ဘ၀ရဲ့ပထမအပိုင်းပါ။ ချစ်စရာေ ကာင်းလို့ လွမ်းမိလိုက်ပါတယ်။
ဘ၀ဆိုတာ နှစ်ပိုင်းပဲရှိတယ်
ဇာတ်အဖွင့် အမြူးသံစဉ်နဲ့
ကန်လန့်ကာချ အလွမ်းသံစဉ်…။
အနီးဆုံးနေခဲ့တဲ့ သမီးက ဝေး
အနီးဆုံးနေခဲ့တဲ့ သားက ဝေး
ခုတော့…
အမေကြီးရေ မက်ဖော်မင် မှန်မှန်သောက်ရဲ့လား
အာရုံကြောအားဆေးမှန်မှန်သောက်ရဲ့ လား
အိမ်နေလည်း အိပ်ရာဆီလှမ်းသတင်းမေးရ
ခရီးထွက်လည်း Handphone နဲ့ လှမ်းဆက်မေးရ
အချစ်နဲ့ဖွဲ့တည်ထားတဲ့ကမ္ဘာမြေမှာ
အချစ်ပန်းတွေဝေစေ
အမုန်းတရားတွေကွယ်စေ…။
တကိုင်းထဲနားတဲ့ ငှက်မောင်နှံ
အတောင်ပံဖြန့်နိုင်သရွေ့တော့
ပျံလေဦးပေါ့။
ကဗျာလေးကအချစ်နဲ့စပြီး အလွမ်းနဲ့ဇာတ်ကိုဖွဲ့ပြလိုက်ပါ တယ်။ ဒီခေတ်မှာ အင်မတန်မှ ချစ်စရာကောင်းတဲ့ခေတ်ပေါ်ကဗျာတပုဒ်ပါ။ ကျွန်တော် တို့အချစ်နဲ့ဖွဲ့တည်ခဲ့ကြတဲ့ကမ္ဘာကြီးဟာ အမုန်းတွေထန်နေတုန်း ဆိုတော့ အချစ်ပန်းတွေမဝေနိုင်ေ သးပါဘူး။ ခေတ်ကြီးတိုးတက်မှုမြန် လာတာနဲ့အမျှ မာန၊ အတ္တတွေ ပြိုင်ဆို င်နေကြဦးမှာပါ။ ကျွန်တော်တို့အြ မဲတမ်းတပြီးမျှော်နေရတာက ငြိမ်း ချမ်းတဲ့ကာလတွေရောက်ပါစေပေါ့။ ဒီ လိုတမ်းတနေတာတောင်မှ ရွှေပြည်တော်ေ မျှာ်တိုင်းဝေး နေရပါတယ်။ ဘယ်လို အခြေအနေဖြစ်နေလည်းဆိုတာကိုပြန် ကြည့်လိုက်တဲ့အခါ၊
လဲလှယ်စရာ
အပိုပစ္စည်းတွေမပါဘဲ
ဒုံးပျံလို
ချစ်ခြင်းကမြန်လိုက်တာ။
တက်သွားတော့လက်ခုပ်သံနဲ့
ကျလာတော့ ဒဏ်ရာနဲ့
မီးပုံပျံများ။
ဒီအနီးအနားတ၀ိုက်မှာ
ရေသန့်ရေဗူးလေး မရနိုင်ဘူးလား။ ....တဲ့။
တမ်းတမ်းတတေ မးလိုက်တဲ့ ကဗျာဆရာကခေတ်ပေါ်ကဗျာ ဆရာ ၀င်းမြင့် ပါပဲ။၂၀၁၇ နိုဝင်ဘာလထုတ် ဗြူတီမဂ္ဂဇင်းထဲက”ကမ္ဘာမြေမှကြို ဆိုခြင်း” မေးလို က်တာပါ။ ကျွန်တော် တို့ခေတ်မှာ ချစ်ခြင်းတွေမြန်သေ လာက်ပြန်ခွဲခွာမှုတွေဟာလည်း အင် မတန်လွယ်နေကြပါတယ်။ ဒီလိုပါပဲ။ ဘယ်လိုနေရာဘယ်လိုအခြေအနေမှာပြဲ ဖစ်ဖြစ်ဖြစ်နေကြတာပါပဲ။ နောက်ဆုံးမှာတော့ ခေတ်ကိုအပြစ်တင်ရတော့ မယ်။ ဒါကလည်း သဘာဝပါပဲလို့ပြောေ နကြရပါလိမ့်မယ်။ လူတယောက်ရဲ့ေ အာင်မြင်မှုကို လက်ခုပ်သံတွေနဲ့ ကြိုဆိုချီးမြောက်ခဲ့ကြပေမယ့်၊ အဲဒီလူရဲ့ကျဆုံးမှုမှာတော့ ဒဏ်ရာအပြည့်နဲ့ဆိုတာ လူတွေမသိလိုက်ပါဘူး။ ကမ္ဘာမြေက ကြိုဆိုပုံဟာ အောင်မြင်မှုကိုလက် ခုပ်တီးမြှောက်ပင့်ခဲ့ကြပေမယ့် ကျဆုံြးုခင်းကိုမျက်နှာလွှဲလိုက် ကြတာပါပဲ။ အေးမြတဲ့အကြင်နာရေတစက်တောင် မပေးခဲ့ကြတော့ပါဘူး။ ကျွ န်တော်တို့တွေးနေခဲ့ကြသလို ဖြစ် တတ်တဲ့သဘာဝတရားကိုလည်း သိခဲ့ကြပါ တယ်။ ကျွန်တော်တို့ရဲ့အသိတရားတွေ ဟာ လက်တွေ့လား၊စာတွေ့တွေလားဆိုတာ ကိုပြန်ခွဲခြားပြီး တွေးနေရဦးမှာပါ။ ဒါကို ၂၀၁၇ နိုဝင်ဘာလ၊ ဗြူတီမဂ္ဂဇင်း ထဲမှာ ခေတ်ပေါ်ကဗျာဆရာ လင်းသက်ငြိမ်က”ပျော်ရွှင်ဖွယ်စာ သားများ”ကဗျာကို ဒီလိုရေးဖွဲ့သွားပါတယ်။
ပန်းသီးတွေအကြီးကြီးဖြစ်လာတဲ့ေ န့ပေါ့
အရသာလည်းရှိ အရောင်အဆင်းလည်း လှပ
လူတိုင်းခူးဆွတ်နိုင်တဲ့ပန်းသီးတွေ
ပန်းရောင်းတဲ့ ကောင်မလေးဟာ
အစောကြီး အိမ်ပြန်လာတယ်
သူ့လက်ထဲ ပန်းကုံးတွေမရှိတော့
ခြေထောက်တဖက်မသန်တဲ့ကလေးတယောက်ကို
ဝိုင်းပတ်ပြီး ကခုန်နေတဲ့ကလေးတွေရဲ့
ရယ်သံက ပန်းခြံထဲသည်းသည်းထန်ထန်ရွာလို့
ကောင်မလေးရဲ့ပခုံးကို ဖက်ထားတဲ့
ကောင်ကလေးရဲ့ လက်ဟာပူနွေးလို့
မေရီအင်တွိုင်းနက်ပေးလိုက်တဲ့ပေါင်မုန့်တွေဟာ
တညတည်းစားလို့တောင်မကုန်တော့ ဘူး
လွတ်လပ်ရေးရသွားတဲ့ ကျွန်တွေဟာ
လင်ကွန်းဘွဲ့တေးသွားတွေနဲ့
မာသာထရီဆာကွယ်လွန်ပြီးတဲ့နောက်
ကလုံးတွေများစွာကျန်နေရစ်ခဲ့တယ်
အသေခံဗုံးခွဲသူတွေအစား
ကယ်ဆယ်ရေးသမားတွေ တိုးပွားလာတဲ့လူ့ဘုံကြီး
ဟာစရီပါးဟာ ဗိုက်တောင်ထွက်နေပြီတဲ့
အရသာ စာမှာလား
စာမှာပဲရှိတဲ့အရသာလား
ညတုန်းက ပြဇာတ်ကောင်းချက်ကွာ
ငါ့မှာ မျက်ရည်တွေကိုထွက်လို့။
ကဗျာဆရာအနေနဲ့ကဗျာကို ပျော်ရွှင် ဖွယ်စာသားတွေနဲ့ စဖွဲ့ပြလိုက်ပါ တယ်။ ဖွဲ့ပြသွားတဲ့စာသားတွေကို ဖတ်လိုက်မိရင် တကယ့်ကိုပျော်ရွှင်စောကောင်းပါ တယ်။ ဒါပေမဲ့ ဒါတွေဟာ အိပ်မက်မက်ေ နသလိုပါပဲ။ လက်တွေ့မှာတော့ ဟာသပြဇာတ်ကိုကြည့်လိုက်ရသလို မျက်ရည်ထွက်အောင်ရယ်လိုက်ရပါတယ် ။ အခုခေတ်ကြီးကလည်း ဒီလိုအခြေအနေဖြစ်နေတာကိုပြန်တွေးမိရင်။ ချစ်စရာအတွေးတွေဖြစ်ေ ပမယ့် ကြေကွဲစရာတွေပဲကျန်နေရစ်ခဲ့ ပါတယ်။ ဘာပဲဖြစ်ဖြစ် အတွေးလှတဲ့ခေတ်ပေါ်ကဗျာတွေကို တခဏတာကာလလေးမှာဖတ်ရှုပြီး ခံစားမှုတခု ကိုရလိုက်ပါတော့တယ် ။
ကိုနိုင်း
ခံစားသုံးသပ်မိသောကဗျာများ။
၁။ လင်းခ(မော်လမြိုင်)၊ မိသားစု၊ Family Life မဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၁၇။
၂။ ဝင်းသူရ၊ ကမ္ဘာကြီးချစ်သက်တမ်း ရှည်ပါစေ၊ မဟေသီမဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၁၇။
၃။ ဝင်းမြင့်၊ ကမ္ဘာမြေမှ ကြိုဆိုခြင်း၊ ဗြူတီမဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၁၇။
၎။ လင်းသက်ငြိမ်၊ပျော်ရွှင်ဖွယ်စာ သားများ၊ ဗြူတီမဂ္ဂဇင်း၊ နိုဝင်ဘာ ၂၀၁၇။
-
The Sun Rays Journal - Vol : 1, No: 177, 09.Dec.2017
Comments
Post a Comment