ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၃၂ )
ပစ္စက္ခခေတ်ကိုလှမ်းမျှော်ကြည့်မြိ ခင်း
ကိုနိုင်း
ဒီအပတ်ပြတင်းတံခါးကိုဖွင့်လိုက် တယ်ဆိုရင်ပဲ အကြီးမားဆုံးစိန်ေ ခ်ါမှုတွေကို ခက်ခက်ခဲခဲ ရင်ဆိုင်ေ နရတဲ့ မြန်မာပြည်ကြီးကို တွေ့ လို က်ရပါတယ်။ ဒီအခက်အခဲပေါင်းများစွာကို ဘယ်သူတွေ ဖန် တီးပေးနေသလဲဆို တာကိုလည်း တွေ့နေရပါပြီ။ လူတွေကို ယ် တိုင်ဖန်တီးလိုက်ကြ တာပါ။ လူကို လူချင်း အမုန်းပွားမှုတွေ၊ အကြောက် တရားတွေ၊ မနာလိုမှုတွေ၊ ထင်ပေါ်ကျော် ကြားလိုမှု တွေ၊ လိမ်လည်နေမှုတွေ၊ ပြောရမယ်ဆိုရင် အများကြီးပါပဲ။
ကျွ န်တော်တို့ရဲ့နိုင်ငံကြီးဟာ အခြေအနေတွေရှုပ်ထွေးနေတဲ့ နိုင်ငံ လို့ပြောလို့ရပါတယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီပွားရေး ကဏ္ဍတွေ အားလုံးမှာပါပဲ။ ပြည်တွင်းေ ရးမှာသာမကပဲ ပြည်ပ နိုင်ငံတွေက ပါ ၀င်ရောက် စွက်ဖက်တာခံနေရပါတယ်။
မြို့တော်ရန်ကုန်ကိုကြည့်လိုက် ရင်လည်း နေရာပေါင်းစုံမှာ ထိလွယ် ရှလွယ်တဲ့အခြေ အနေ တွေကို တွေ့မြင် ရပါတယ်။ ဒီအခြေအနေကို ဆရာ မြေလတ်မောင်မြင့်သူ က စံတော်ချိန် သတင်းစာ မှာ ဒီနေ့ ရန်ကုန်(၉) ကိုအခုလို ဖော်ြ ပလိုက်ပါတယ်။
လောကမှာ
အကြောက်တရားနဲ့၊ အမုန်းတရားကြီးထွားမှုဟာ
ပြသာဒ်ကိုလောင်တဲ့မီးစပဲ
အဲဒီမီးစကို လေပင့်ပြီး
စိန်ခေါ်ရင် တိမ်ပေါ်လိုက်မလားလို့
အမိုက်ချင်းပြိုင်တယ်၊ အမူးချင်းပြိုင်တယ်
အရူးချင်းပြိုင်တယ်၊ အရမ်းချင်းပြိုင်တယ်
နိုင်မယ်ထင်ရာအားကိုးနဲ့၊ အနံကြီးကွင်းကျယ်တယ်
ဆင်ကန်းတောတိုးတိုင်း၊ လမ်းဖြစ်တာမှမဟုတ်တာ…။
ကောင်းတာတွေမပြိုင်ပဲ မကောင်းတာေ တွပြိုင်နေတဲ့လောကကြီးလိုဖြစ်ေ နပါတယ်။ ဒီလို မကောင်းတာတွေပြိုင်ေ နသမျှတော့ သွားနေတဲ့လမ်းစဟာ ပျော က်ဆုံးနေပါလိမ့်မယ်။ နိုင်မယ် ထင် တာအားကိုးနဲ့ ဆင်ကန်းတောတိုးေ နကြသလိုပါပဲ။
နေရာတကာ ထိလွယ်ရှလွယ် နှလုံးသားနဲ့
ပြဿနာကိုမီးထွန်းရှာလိုရှာ၊ အရပ်တကာကို အမြီးပြတ်တာလိုက်ညှိလိုညှိ
ဘယ်အထိဆက်မှားဦးမလဲ
အသိမှားရင် ဘဝခါးတယ်၊ ဘဝခါးရင် အလှရှားတယ်
တရားရှာ ကိုယ်မှာရှိသတဲ့
ခွေးဟောင်တိုင်းထကြည့်နေရင်၊ အိပ်ရေးပျက်တာပေါ့ ရန်ကုန်။
ဆရာမောင်မြင့်သူက ခွေးဟောင်တိုင်းထကြည့်ရင် အိပ်ရေးပျက်တာပေါ့လို့ သတိပေးလိုက်ပေ ယေ့် ခွေးတွေဟော င်နေတာကိုထမကြည့်ပဲ ဂရုမစိုက်ပဲေ နလို့မရနိုင်တော့အောင် ဖြစ်နေပါပြီ။
ရန်ကုန်တခုထဲမှမဟုတ်ပါဘူး၊ြ မန်မာတပြည်လုံးကောလဟာလတွေပျံ့လွင့်နေပါတယ်။ အမုန်းစကားတွေနဲ့ လူအချင်းချင်း စိတ်ဝမ်းကွဲအောင် လုပ်ဆောင်နေပါတယ်။ ကောလဟာလ တွေ ကလည်း နောက်ပိုင်းမှာအမှန်တကယ်ဖြစ်ေ ပ်ါလာတတ်ပါတယ်။ အဲဒီတော့ ခွေးဟောင် တိုင်း အိပ်ရေးအပျက်ခံပြီး ထကြည့်နေရပါ တယ်။ အိပ်ရေးတွေလည်း ပျက်ပေါင်းများခဲ့ပါပြီ။
စိတ်တွေကလည်း မရွှင်လန်းတော့ ဒေါသေ တွနဲ့ပေါက်ကွဲချင်နေပါပြီ။ ဒါကို ဆရာမောင်မောင် ငြိမ်းအေး က သူ့ Nay Myo Aye ဖေ့ဘုတ်ပေါ်မှာ မကျေနပ်တာတွေကို ခေတ်က ရပ်တန့် နေမှာ မဟုတ်ဘူး ဆိုပြီး ပေါက်ကွဲပြလိုက်ပါတယ်။ ကဗျာ ဆရာရဲ့ပေါက်ကွဲသံတွေကို အဓိက ကျတဲ့နေရာတွေပဲ ရေးပြပါ့မယ်။
မိုးဖွဲကလေးတွေကျနေတဲ့ညနေမှာ
ကျွန်တော်မအေးမြ မပျော်ရွှင်ပါဘူး
ရင်ထဲမှာ ဆူးတွေစူးလို့
အရူးတယောက်လို အော်ဟစ်၊ စိတ်ရှိလက်ရှိကြီးကိုပဲ
ပေါက်ကွဲပစ်လိုက်ချင်လှတယ်။
ကြည့်စမ်း
ကျောင်းစာသင်ခန်းတခန်းအတွင်း
အင်မတန်သိမ်ဖျင်းနိမ့်ကျ၊ ဆရာမတယောက်
စားပွဲမှာလက်ထောက်၊ သူ့ရဲ့ရှေ့မှောက်မှာတော့
အနာဂတ်ရဲ့အညွန့်အဖူးကလေးတွေ
လက်ကလေးတွေပိုက်လို့၊ တင်ပါးကလေးတွေပြောင်
စာမရလို့အပြစ်ပေးတဲ့အနေနဲ့ ကျော င်းသားလေးတွေ၊ ကျောင်းသူလေးတွေကိုေ ဘာင်းဘီ၊ စကတ်ချွတ်ခိုင်းထားပြီး ရပ်နေရတဲ့မြင်ကွင်းကိုမြင်ရရင် မြင်ရသူတွေအားလုံး စိတ်မကောင်း ဖြစ်ကြမှာပါ။ နောက်ဒေါသဖြစ်တဲ့သူေ တွကလည်း ဖြစ်ကြမှာပါ။ ကဗျာဆရာက ဒြီ မင်ကွင်းကို ”မျက်နှာနုနုကလေးတွေ မှာ လွှမ်းလို့၊ ဝမ်းနည်းရှက်ကြော က်၊ မျက်ရည်ပေါက်ကလေးတွေ စို့ေ နသလား၊ သနားစရာမြင်ကွင်း” ဆိုပြီး ရေးဖွဲ့ပြသွားပါတယ်။
ကြည့်စမ်း
နွမ်းပါး နိမ့်ကျ၊မိဘနှစ်ပါး
စားကြွေးသောက်ကြွေး၊ အကြွေးနွံနစ်
ဆပ်ဖို့ကလုံးဝမဖြစ်နိုင်တော့
ကြွေးရှင်အလစ်မှာ လစ်သွား
သားကလေးနဲ့ သမီးကလေးကိုထားခဲ့
ကျန်တဲ့ကလေးနှစ်ယောက်
အရှင်လတ်လတ်ငရဲရောက်တော့တယ်။
အော် ဒီခေတ်ကြီးမှာ ဒီလိုအဖြစ်ဆိုးတွေ အများကြီးတွေ့နေကြရပါတယ်။ ကျ န်ရစ်ခဲ့တဲ့ ကလေးငယ်နှစ်ယောက်အတွ က်တွေးမိရင် ရင်လေးစရာပါပဲ။
”မြီ ရှင်တိရစ္ဆာန်မိုက်၊ တွန်းထိုးရို က်နှက်၊ မီးစနဲ့မျက်နှာထိုး၊ ခန္ဓာ ကိုယ်ကျိုးကြေ၊ ကလေး တယောက်သေဆုံးသွား၊ တယောက်က စိုးရိမ်စရာအခြေအနေ၊ ဆေးရုံမှာတဲ့လေ”။
မတွေးရက်ပေမယ့် ကဗျာဆရာကဆက်ရေးပြလိုက်တာကြောင့်ေ တွးစရာမလိုတော့အောင် ပါပဲ။ အတွေး အစား ဒေါသတွေ ဆူပွက်လာပါတယ်။ နောက် မြင်ကွင်းတခုကိုလည်း ပြသွား တာက။
ကြည့်စမ်း
မူလတန်းကျောင်းသားကလေးသုံးယောက်
ဘုရားရင်ပြင်ပေါ်အနှံ့လျှောက်သွား
အလှူခံပုံးနားအရောက်မှာတော့
သူတို့ခြေထောက်ကလေးတွေ ရပ်တန့်သွားကြတယ်
အလှူခံပုံးအပေါက်ဝမှာ၊ ငွေသုံးရာ
အီကြာကွေးတောင်တယောက်တချော င်း
ကောင်းကောင်းမစားနိုင်တဲ့ပိုက်ဆံပေမယ့်
အခြေအနေကပေးတယ်လေ
ဒီငွေသုံးရာက ပုံးထဲမှမရောက်
အပေါက်ဝမှာပြူတစ်ပြူတစ်ဖြစ်နေေ တာ့
ကလေးတွေရဲ့သဘာဝ၊ စာရိတ္တပျက်တာမဟုတ်
ရုတ်တရက်ယူချင်စိတ်ဖြစ်တာပေါ့
သွားကြားထိုးတံကလေးနဲ့၊ ခြစ်ထုတ်ေ နတုန်း
ဂေါပကဆိုသူတွေရောက်လာကြတယ်
နားရင်းကလေးတချက်နှစ်ချက်အုပ် ၊ နောက်မလုပ်ကြနဲ့နော် ဆိုရင်ပြီးရဲ့သားနဲ့
ပြောမရတဲ့ဂေါပကများ၊ တရားစွဲလိုက်ကြသတဲ့လေ။
မဖြစ်သင့်တာတွေဖြစ်ချင်တိုင်ြး ဖစ်နေတဲ့မြန်မာပြည်ကြီးဖြစ်နေပါပြီ။ ကလေးတွေကလည်း အကျင့်စာရိတ္တဆို တာ ဘာမှန်းမသိအောင်ဖြစ် နေကြပါပြီ ။ အဲဒီထက်ဆိုးတာက အလှူခံပိုက်ဆံ ကို ခွဲတမ်းချပြီး ကိုယ့်အိတ်ထဲကိုယ် ထည့်နေတဲ့ဂေါပကလူကြီးတွေပါပဲ။ ဘု ရား အကြောင်းပြ၊ တရားပွဲအကြောင်ြး ပ၊ ဘာအရေး၊ ညာအရေးတွေ အကြောင်းအမျိုးမျိုးပြပြီး အလှူခံစားနေတဲ့ ခေတ်ကြီးပါပဲ။ အင် မတန်မှစိတ်ပျက်စရာကောင်းပါတယ်။
” လူကြီးတွေ ဘာဖြစ်နေကြပြီလဲ၊ လူကြီးတွေ ဘြာ ဖစ်နေကြပြီလဲ၊ လူကြီးတွေ ဘာဖြစ်နေကြပြီလဲ” ဆိုပြီး ကဗျာဆရာက မေးပြီး ညည်းနေပါတယ်။ ဆက်ပြီးပြော ပသွားတာက ... ”ကလေးတွေဆိုတာ၊ ကလေးတွေ ပါဗျာ၊ ကလေးတွေပါ၊ အတုမြင်အတတ်သင် ၊ အင်မတန်ဖြူစင်လွန်းကြပါတယ်၊ ခန္ဓာ ကိုယ်နုနု စိတ်နုနု၊ လူကြီးတြွေ ပုသမျှ မတုံ့ပြန်နိုင်ကြ၊ ခံရမယ့် ကလေးတွေပါ”တဲ့။
ကျွန်တော်တို့နို င်ငံရဲ့အနာဂတ်ကိုတွေးမိရင် ရင်ေ လးစရာကြီးပါ။ ဒီခေတ်မှာကလေးတွေ ကလည်း အတုမြင်အတတ်သင်နေကြတယ်။
အပြစ်ရှိတဲ့လူကြီးတွေတောင်
“နောက်ကြောင်းပြန်အရေးမယူရ” ဆို တဲ့
၂၀၀၈ အရိပ်အောက်မှာ၊ သာသာယာယာ
ဒူးနှံ့နေနိုင်သေးတာပဲဗျာ
ဘယ်သူဘောင်းဘီချွတ်ခိုင်းရဲကြလို့ လဲ။
ငွေကျပ်သုံးရာထက်မက
ကျပ်သိန်းသောင်းချီ လူထုရဲ့ပိုက်ဆံတွေ
ကိုယ်ကျိုးအတွက်သုံးစွဲနေ၊ ဒီအတိုင်းနေတော့ ဘာမှမဖြစ်
စာရင်းစစ်မှပေါ်လာတဲ့အခါ
နည်းနည်းစီခွဲဆပ်၊ ကျေနပ်နေကြရပါတယ်။
တခါတခါကြတော့လည်း အဖြစ်အပျက်တွေက ရင်နာစရာကောင်းသလို၊ ရီစရာလည်းေ ကာင်း ပါတယ်။ တကယ့်ကိုဗရုတ်သုက္ခခေတ်ကြီးကိုေ ရာက်နေပါလားဆိုပြီး တွေးနေမိတယ်။
လူကြီးတွေလိုအပ်တာ
ကလေးတွေကိုချစ်ဖို့ပါ၊ ကလေးတွေကိုချစ်ကြစမ်းပါ
ကလေးတွေကို ချစ်တာ၊ အနာဂတ်ကိုချစ်တာပဲမဟုတ်လား။
ကလေးတွေကို ကြင်နာပါ၊ ကလေးတွေကို ကြင်နာတာ
ပြည်သူလူထုကို ကြင်နာတာပဲမဟုတ်လား။
ကလေးတွေကို ဂရုစိုက်ပါ၊ ကလေးတွေကို ဂရုစိုက်တာ
တိုင်းပြည်ကိုဂရုစိုက်တာပဲမဟုတ် လား။
ကလေးတွေကို နားလည်ပါ၊ ကလေးတွေကိုနားလည်တာ
ကမ္ဘာကြီးကို နားလည်တာပဲမဟုတ်လား။
လူကြီးတွေ လူကြီးမပီသသမျှ
ကလေးတွေထိခိုက်နစ်နာ
ကလေးတွေထိခိုက်နစ်နာနေသမျှ
တိုင်းပြည်နဲ့လူထု ထိခိုက်နစ်နာ
ကမ္ဘာကြီးကို ကြည့်လိုက်ပါ
ခေတ်ကရပ်တန့်မနေပါဘူးကွာ။
ကျွန်တော်တို့မြန်မာနိုင်ငံအတွ က် အနာဂတ်ဟာအရေးတကြီး ဂရုတစိုက်ပျိုးထောင်ရမှာဖြစ်ပါ တယ်။ အခုကလေးတွေဟာနောင်လူကြီးတွေဖြစ် လာမှာပါ။ အခုငယ်စဉ်ကတည်းကအကျင့် စာရိတ္တတွေ၊ အမူအကျင့်တွေ၊ ဓလေ့စရို က်တွေကို
ပြုပြင်သွားရမှာပါ။ ဒါကလည်း တိုင်းပြည် ကို
ပြုစုပျိုးထောင်ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ အခုပစ္စက္ခအချိန်မှာ ဖြစ်ပေါ်နေတဲ့
အခက်အခဲတွေ ကို ရင်ဆိုင်ဖြေရှင်းနိုင်အောင်ကြိုးစားရမှာပါ။ မြန်မာပြည်အတွက်အခုအချိန်မှာ အကြီးမားဆုံး စိန်ခေါ်မှုကတော့ ရခို င်ပြည်နယ်ကအစွန်းရောက်အကြမ်းဖက် သမားတွေရဲ့ကိစ္စပါ။
ဒီအစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ကိစ္စကိုမူ တည်ပြီး ကမ္ဘာ့နိုင်ငံအချို့ရဲ့တို က်ခိုက်နေမှု များကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ဖို့လိုအပ်နေပါပြီ။ ဒီအကြောင်းကိုမီးမောင်းထိုြး ပလိုက်တဲ့ ကဗျာကတော့ သူရိယနေ၀န်းဂျာနယ် ထဲက ကဗျာဆရာ ဆဏ်းဝင်းအောင် ရဲ့ ”အမှန်တရားအတွ က်” ဆိုတဲ့ ကဗျာပဲဖြစ်ပါတယ်။
မြန်မာနဲ့ပတ်သက်ရင်
ကမ္ဘာကြီးဟာ၊ ပကတိအခြေအနေမှန်
ဖြစ်စဉ်အမှန်နဲ့၊ ကင်းကွာပြီး
အမြဲတမ်းအလိမ်ခံနေရတယ်။
ပြီးရင် ရှေ့နောက်မစဉ်းစား
တဖက်သတ်၊ ညစ်ပတ်တဲ့သတင်းအမှားတွေ
ယုံစား ညာဝါးပြီး၊ ကိုယ်လိုရာဆွဲကာ
တဖက်ပိတ်တွေက၊ ကျီးကန်းလိုဝိုင်းအာတယ်။
မီဒီယာကို၊ လက်နက်လိုအသုံးချ
ကိုယ်ကစော်ကားပြီး၊ ကိုယ်ကအစော်ကားခံနေရသယောင်
ခိုးဝင်အကြမ်းဖက်တွေက၊ ပြောင်းပြန်လှန်တယ်။
အဲဒီအပေါ်၊ ဆွမ်းကြီးလောင်းချင်တဲ့
မသူတော်တွေက၊ ရှေ့နောက်မစဉ်းစား
အမှားကိုအမှန်၊ အမှန်ကို အမှားလုပ်ဖို့
ဗျာများနေကြ…။
နိုင်ငံတချို့က
အချို့ချို့သော လူကြီးမင်းများ
နိုင်ငံရေးများနှင့်၊ အခြားတပါးသော
အမှန်တရားကိုမျက်ကွယ်ပြု၊ မြန်မာကိုဖိအားပေး
ဝေဖန်နေကြသူများ…။
မြန်မာပြည်ကိုလာပါ၊ ရခိုင်ပြည်ကိုလာပါ
မောင်တောကိုလာပါ၊ ဘူးသီးတောင်ကိုလာပါ
ရသေ့တောင်ကိုလာပါ
၎င်းနယ်များက၊ ကျေးရွာတွေကိုလာပါ
မြေပြင်သတင်းတွေလေ့လာပါ၊ ကောင်းကင်သတင်းတွေချည်း စားသုံးပြီး
အီးယောင်ဝါးမလုပ်ပါနဲ့။
စတုတ္ထမဏ္ဍိုင်တွေ၊ မယိုင်မလဲစေပဲ
နိုင်ငံတကာက၊ ရုပ်သံမီဒီယာများ
ကျင့်ဝတ်လိုက်နာလို့၊ သတင်းအမှန်တွေကိုသာ
ကမ္ဘာကိုချပြနိုင်ပါစေ…။
အရေးအသားတပုဒ်၊ အပြောအဆိုတခွ န်း
ထုတ်လွှင့်ချက်တခုဟာ၊ အမှန်တရားအတိုင်းသာ
တကယ်စင်စစ်၊ ဖြစ်နိုင်ကြပါစေ။
ကျွန်တော်တို့မြန်မာနိုင်ငံမှာ
အခုကြုံတွေ့နေရတဲ့ အရေးအကြီးဆုံးစိန်ခေါ်မှုကို ကျော်ဖြတ်နိုင်ပါ
လိမ့်မယ်လို့ ရဲရဲကြီးယုံကြည်လိုက်ကြရအောင်။
ကိုနိုင်း
ခံစားသုံးသပ်မိတဲ့ခေတ်ပေါ်ကဗျာများ
၁။ မြေလတ်မောင်မြင့်သူ (ဒီကနေ့ရန် ကုန် ၉)၊ စံတော်ချိန်သတင်းစာ၊ ၂၈ စက်တင်ဘာ ၂၀၁၇။
၂။ မောင်မောင်ငြိမ်းအေး(ခေတ်က ရပ်တန့်နေမှာမဟုတ်ဘူး)၊ Nay Myo Aye ဖေ့ဘုတ်၊ ၂၇ စက်တင်ဘာ ၂၀၁၇။
၃။ ဆဏ်းဝင်းအောင်(အမှန်တရားအတွက် )၊ သူရိယနေဝန်းဂျာနယ်၊ အတွဲ ၁၊အမှတ် ၁၆၇၊ ၃၀ စက်တင်ဘာ ၂၀၁၇။
-
The Sun Rays Journal, Vol-1, No- 168, October 7, 2017
Comments
Post a Comment