ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၃၅ )
အတွေးကာရန်များကိုလိုက်တွေးကြည့်ြ ခင်း
ကိုနိုင်း
ကျွန်တော်တို့တွေးနေကြပါတယ်။ အေ တွးဆိုတာ လူတိုင်းမှာ ရှိနေကြပါ တယ်။ အကြောင်းအရာမျိုးစုံကိုတွေးေ နကြတာပေါ့။ အတွေးဆိုတာစိတ်ကူး အတွက် ကနဦးစာမျက်နှာပါပဲ။ အတွေး ကတဆင့်စိတ်ကူးစိတ်သန်းတွေဖြစ်လာပြီး၊ လက်တွေ့နယ်ပယ် ထဲကိုရောက်သွားပါတော့တယ်။ လက်တွေ့နယ်ပယ်ထဲကိုေ ရာက် သွားတဲ့အခါကျရင်တော့ ကိုယ်ခန္ဓာတွေရဲ့လုပ်အားအပေါ်မှာ မူတည်ပြီး အောင်မြင်မှုတွေ အရောင်တောက်လာနို င်ပါတယ်။
တချို့သောအတွေးတွေကတော့ လက်တွေ့နယ်ပယ်ထဲ ရောက်တဲ့ အခါ အရော င်တောက်မလာပဲ၊ မှေးမှိန်ပျောက်ကွ ယ်သွားရပါတယ်။ ဒီနေရာမှာမှန်ကန် တဲ့အတွေး နဲ့ မှားယွင်းစွာတွေးမိေ နတတ်တဲ့ အတွေးဟာ ကွဲပြားနေပါတယ်။
ကွဲပြားမှုတွေကြောင့်ပဲ အမှန်နဲ့ အမှားဆိုပြီး ကွာခြားမှုတွေဖြစ်ေ နခဲ့ရပါတယ်။ နောက်ပြီး အမှန်အတွေး အတွက် အမှန်လုပ်ရပ်တွေအပေါ်မှာ လုံ့ လစိုက်ထုတ်မှု အနည်းအများတွေကြော င့်လည်း အောင်မြင်မှုတွေ ကွာခြားခဲ့ ရပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့အတွေး နဲ့လက်တွေ့ဆန်တဲ့အတွေးတွေလည်း ရှိေ နမှာပါ။
ကဗျာတွေဟာလောကကြီးကဖြစ် ပျက်နေတဲ့အကြောင်းအရာပေါင်းစုံ ကိုအတွေးကိုလိုက်တွေးပြီး ပုံဖော်ေ န ကြတာဖြစ်ပါတယ်။ ကဗျာဆရာရဲ့အတွေး ဟာ အတွေးသက်သက်ဖြစ်နေပါလိမ့်မယ်။ ကဗျာရေးသူနဲ့ သူ့ရဲ့ အတွေးကလည်း ကွာခြားကောင်း ကွာခြားနေပါ လိမ့်မယ်။
ပြောရရင်ကဗျာရေးသူတွေဟာ အတွေးကို အတွေးအတိုင်းကြည့်နေတတ်ကြပါလိမ့် မယ်။ ကဗျာအတွေးကိုလက်တွေ့ပုံဖော် ချင်စိတ်ကိုမလိုလားသူတွေဖြစ်ပါ လိမ့်မယ်။ ကဗျာနဲ့နေထိုင်ခြင်းေ တွ ဖြစ်ပေါ်နေပါတယ်။ အခုခေတ်မှာအများစုကတော့ ကဗျာနဲ့ကဗျာအတွေးကသတ် သတ်၊ ဘဝလူနေမှုပုံစံက သတ်သတ်အဖြစ် လက်ခံထားကြသူတွေလည်းရှိပါတယ်။
ဥပမာတစ်ခုကိုပြောမယ်ဆိုရင် ကဗျာ ဆရာ ငြိမ်းသစ် ကိုပြရပါလိမ့်မယ်။ေ ခတ်ပေါ်ကဗျာဆရာလည်းဖြစ် သလို ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်လည်ြး ဖစ်နေပါတယ်။ သူကတော့ ကဗျာနဲ့အတူေ နထိုင်ခြင်းထက် ဘဝပုံစံကိုကွဲပြားတဲ့အတွေးနဲ့ပုံဖော်ခြင်းလို့ြေ ပာရပါလိမ့်မယ်။ သူ့ရဲ့ခေတ်ပေါ်ကဗျာတပုဒ်ကို ခံစားကြည့် ရအောင်။
ဒီေ ခတ်ပေါ်ကဗျာဟာ စက်တင်ဘာလ၊ မိုးမခမဂ္ဂဇင်း ထဲက “ချစ်သူဖွဲ့”ကဗျာပါ။
ကြွေရမှာကြောက်တဲ့ပန်းဟာ
မပွင့်ရဲဘူး
ကိုယ့်ကိုယ်ကိုယ် လျှာနဲ့နမ်းသပ်ရင်း
ရှုမျှော်ခင်းတွေ မျိုးဆွံ့နေကြ
စက္ကူပေါ်မှာရိုက်တဲ့ရုပ်ရှင်
အိုက်တင်တွေပိုကောင်းလာရဲ့။
အားလုံးနားစွင့်ကြစမ်းပါ
ဟောဒီလိုမိုးတညမှာပဲ
ငြိမ်းချမ်းရေးပန်းတွေ
သူ့ခေါင်းနဲ့ထိုးစိုက်နေတဲ့အသံ
နံရံကိုပက်စင်သွားတယ်။
တံခါးတွေဟာ
မျက်လုံးအကြောင်သားနဲ့
တို့နားတိုးကပ်လာခဲ့။
ငါတို့ ဘ၀တွေ
ခဏသေခဲ့ရတဲ့အရိုင်းမြေကို
ပုံပြင်တပုဒ်လို
အော် အော်ဖတ်သွားတဲ့ မြစ်ရေ
ကျိုးကြေနေတဲ့ လ ရောင်မှာ
သူ့ချစ်ခြင်းတွေပွင့်ဝေစေခဲ့ပေါ့ ။
သူ့ကဗျာထဲမှာပဲ သူ့ချစ်ခြင်းကို ရှာတွေ့နိုင်ပါတယ်။ သူ့အတွေးတွေ အားလုံးဟာ သူဘ၀ပုံစံအပေါ်မှာပဲအများဆုံးလွှမ်းမိုးနေတာကို တွေ့ရမှာ ပါ။ သူ့ဘဝဆိုသလို၊ သူလိုလားတဲ့ငြိ မ်းချမ်းရေး အပေါ်မှာပဲ သူ့ဘဝတခု လုံးကိုခေါင်းထိုးစိုက်ထားပါတယ် ။ ကဗျာဟာ ကဗျာ အတွေးသက်သက်မဟုတ်ပဲ သူ့ယုံကြည်ချက်ကိုကဗျာအတွေးနဲ့ ပုံဖော်ထားတာပါ။
အခုခေတ်၊ အခုအချိ န်မှာလည်း ကဗျာအတွေးတွေက ယုံကြည် ချက်ကိုဦးတည်ချဉ်းကပ်ပြီးတွေး ကြတာ များပါတယ်။ ခေတ်၊ စနစ် တွေဟာေ ခတ်ပေါ်ကဗျာကိုလွှမ်းမိုးမှုများေ နပါတယ်။ အနုပညာသည် ပြည်သူ အတွက် ( အတ်ဖော်ပီးပဲဆေ့ခ်) ဆိုတဲ့ ခေတ် တခုဟာလည်း ကာလအတော်ရှည်ရှည်ကြာ ကြာတည်မြဲဦး မှာပါ။
နောက်,ခေတ်ဟာမွန်းကြပ်လာတဲ့အခါေ ခတ်ပေါ်ကဗျာတွေထဲမှာလည်းမွန်း ကြပ်မှုတွေမြင်ရပါတယ်။ ခေတ်ပေါ်ကဗျာကာရန်တွေကိုလိုက်တွေးကြည့်တဲ့ အခါ ဝေဝေဝါးဝါးဖြစ်နေတဲ့ခေတ်ကို လည်းတွေ့ရပါတယ်။ ကြေကွဲမှုတွေ၊မျ က်ရည်တွေ၊ အလွမ်းတွေနဲ့ကာရန်စီထားတဲ့ကဗျာတွေက ဒီခေတ်မှာနေရာယူေ နပါတယ်။ စက်တင်ဘာလ၊ မိုးမခမဂ္ဂဇင်း ထဲမှာပဲ ကဗျာဆရာ တိုးနှောင်မိုးရဲ့ တိမ်တွေဆီကြေကွဲခြင်း ကို ခံစား ကြည့်မိပါတယ်။
လွင့်နေတဲ့ လဲမှို့လေးလည်း ကိုယ်ပဲ
ဖုတ်တထောင်းထောင်းထ လှည်းလမ်းလေးလည်းကိုယ်ပဲ
တောမီးလောင်ကျွမ်းနေတဲ့မြင်ကွင်းကလည်း ကိုယ်ပဲ
နေ၀င်ရီညနေလုံးနီနီကလည်း ကိုယ်ပဲ
ဒီအရိပ်အငွေ့တွေထဲ
ဝေနေတဲ့သစ်ပင်လို မဝေနိုင်တဲ့ကိုယ်။
သီချင်းအတိုင်းစွဲလမ်းခြင်းတိမ် မျှင်များ
မြက်ခင်းပေါ် ပက်လက်လှန်ရင်း
မျက်နှာချင်းဆိုင် ရှစ်ခွင်တိုင်း
အပြာရောင်စိတ်ကူးစိတ်သန်း
အနီရောင်မုန်တိုင်းပန်းနုရောင် စိတ္တဇ
Game တခုထဲလှောင်ပိတ်
စမ်းရေကိုငတ်မွတ်သောစမ်းချောင်းေ လး
ဂယ်ပေါက်တွေမှာ
အလွမ်းကပုံရက်သားနှလုံးသားခမ်ြးေ ခာက်
ရင်ခုန်သံအသေကိုသာတပွေ့တပိုက်
နွားရိုင်းသွင်းချိန်ထဲမြေပြင် လျှပ်တိုက်ပြီး
အလွမ်းတွေသွေးခြေဥတဲ့အိမ်
ကြာခဲ့ပြီ
ပြန်ခဲ့ရတာ။
ကြေကွဲစရာတွေချည်းပါပဲ။ စကားလုံးေ တွကို လှလှပပကာရန်စီးမျောမှုလမ်းေ ကြာင်းထဲ လိုက်ပါစီးမျောစေ ပါတယ်။ ကဗျာအတွေးတွေကလည်း ဝေဝေဝါးဝါးတွေးနိုင်ပါလိမ့်မယ်။ ဒီခေတ်ဆိုတာ ကလည်း ဝေဝေးဝါးဝါးနိုင်လှတဲ့ခေတ်ြ ဖစ်နေတာကို ဖော်ပြချင်တယ်လို့ လိုက်တွေးကြည့်မိပါလိမ့်မယ်။
အရာရာတိုင်းဟာမသေချာမရေရာ။ ဒီေ ခတ်ကိုလမ်းကြောင်းတည့်အောင်ဘယ် လိုဖြောင့်မလဲ။ ကျွန်တော်ခဏခဏစဉ်းစားနေမိတော့တာပါပဲ။ ကျွန်တော့် လိုပဲတွေးနေမိမှာပါ။ ကျွန်တော်တို့ တိုင်းပြည်ကို ဘယ်ကံကြမ္မာကများ ရှုပ်ထွေးလွန်းတဲ့နေ့ရက်တွေထဲ သွန်ချပေးလိုက်တယ်မသိနိုင်အောင် ပါပဲ။ ပြဿနာပေါင်းစုံကလည်း အခုအချိန်ကျမှ အစတွေ ထွက်လာပါတယ်။ ဒီအစတွေကလည်း တွင်းနက်နက် ကြီးထဲ က ဆွဲထုတ်လိုက်ရသလိုပါပဲ။
တွင်းနက်နက်ကြီးထဲက ဆွဲထုတ်လိုက်ရတယ်ဆိုလို့ စက်တင်ဘာလ၊ Idea မဂ္ဂဇင်း ထဲက ကဗျာဆရာ ဌေးကြည်(စလင်း)ရဲ့ ချူဆီ ကဗျာကိုပြန်အမှတ်ရလိုက်မိပါတယ်။
အဆန်ပဲချောင်ချောင်၊ အသံပဲကြောင်ကြောင်၊ ကိုယ်ကတော့ ကိုယ်ကီး နဲ့ကိုယ်ပဲ
ဟာသဆိုတာ ကြေကွဲမှုရုပ်ရှင်၊ ဆက်တင်များများ
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်၊
ဒက်ဒက်လန်အောင်ဒန့်ပြီး ချွမ်ခနဲမြည်သံ
လက်လန်အောင်လက်ကုန်နှိုက်၊ လက်ရာခြေရာများ
စွန်တစ်ခုရဲ့ ရစ်ဘီးလို ဘီးလုံးအတိုအရှည်
ဖုန်းဖွင့်လိုက်
ပင်လယ်ရေများများ စပ်ထားတဲ့ဆားဟာ
ခေတ်မီ သွားတိုက်ဆေးပဲ
ကဗျာတပုဒ်ရေးပြီးတိုင်း ပလုတ်ကျင်းပါ
ကျွန်တော် …
ခင်ဗျား
အားလုံးအတွက်
မနက်ဖြန်ဆိုတာ နေ့တိုင်းမှာရှိတယ်။
ဒီခေတ်ပေါ်ကဗျာကလည်းတွေးလေဝေးလြေ ဖစ်တတ်ပါတယ်။ အလွယ်ဆုံးနည်းနဲ့ေ တွးကြည့်ပါ။ ကာရန်တွေကပြောတဲ့အေ တွးကိုအတွေးအတိုင်းမြင်ကြည့်လို က်ပါ။ အစပိုင်းမှာတော့ လိုအပ်ချက်ေ တွ အများကြီးရှိနေတဲ့ခေတ်ပေါ်ကဗျာ တပုဒ်ပါပဲလို့မြင်မိပါလိမ့် မယ်။ ခေါင်းစဉ်ကိုပြန်ဖတ်ပြီးတွေးလိုက်တဲ့အခါ ခက်ခဲနေတဲ့အတွေးတွေ က အလိုလိုချူဆီကအဆင်ပြေသွားစေပါ လိမ့်မယ်။ တခါတရံအတွေးကိုလိုက်ေ တွး နေတောကပဲ ပိုပြီးရှုပ်ထွေးစေပါ တယ်။ တချို့ခေတ်ပေါ်ကဗျာတွေရဲ့လှည့်စားမှုဟာ လွယ်မယောင်နဲ့ခက်၊ ခက်မယောင်နဲ့ လွယ် ဆိုသလိုဖြစ်နေ တတ်ပါတယ်။
အမှန်တကယ်တော့ ခေတ်ပေါ်ကဗျာတွေမှာ အတွေးတွေနဲ့ဖွဲ့စည်းထားတယ်ဆိုတဲ့ သတ်မှတ်ချက်တခု ရှိနေ လို့ဖြစ် ပါတယ်။ ပြောရမယ်ဆိုရင် ခေတ်ပေါ်ကဗျာစိတ်ဝင်စားစွာဖတ်သူတိုင်းကို အေ တွးတခု (သို့မဟုတ်) ခေတ်ပြယုဂ် တခုကိုမြင်ရပါလိမ့်မယ်။ ပေါ်ြ ပူလာဂျာနယ် ထဲက ကဗျာဆရာ ထက်လူအောင်ရဲ့ လူတိုင်းထံ ကို ရောက်နေတဲ့ Email တစောင် ဆိုတဲ့ခေတ်ပေါ်ကဗျာက ခေတ်ကို အတွေးနဲ့ပြနေပါတယ်။
ငြီးငွေ့မှုအရောင်တွေထဲ
လက်ကိုင်ဖုန်းမျက်နှာပြင်တွေ
ပါဝင်နေလား
ပန်းချီကားတွေဟာ
နည်းပညာနဲ့ ချစ်တင်းနှောဖို့
အချိန်အနည်းငယ်သာလိုတော့တယ်
ရုပ်မြင်သံကြားစက်တွေ ပြားတယ်
ကဗျာတွေပြားတယ်
ခေတ်ကြီးလည်းပြားတယ်
ပြားနေတဲ့အကြောင်းတွေ online ပေါ်ပြည့်ညှပ်လို့။
ရာဘာနွားရုပ်ပေါ်က
ကလေးငယ် သူ့မျက်လုံးတွေက
ကွင်းပြင်ကျယ်နဲ့ မထိတွေ့ခဲ့
စည်သွပ်ဘူးခွံထဲက အသားငါးဟာ
ဘယ်ဘတ်စ်ကားပေါ်ကိုမှ မရောက်ဘူး
အရည်မပါတဲ့ ဟင်းတွေထည့်ထားတဲ့
ထမင်းဘူးတွေ
ကော်လာပြာတွေလက်ထဲ အများအပြား
ဘယ်လိုနင်းနင်း
ဖိနိပ်အသံတွေ အမြဲကွာနေတဲ့ခေတ်
လူကြီးမင်းစိတ်တိုင်းကျ
ထုတ်လုပ်တပ်ဆင်ထားတဲ့ ဒုက္ခတွေ
သံချေးမတက် ခြမစား ဆွေးမြည့်မှုမရှိ
စစ်ပွဲဟာ ရောက်ရာအရပ်မှာ ပျော်ရွှင်လို့။
မယုံကြည်လို့မဖြစ်ဘူး
ကိုယ့်နောက်စေ့မှာ
ကျည်ဆံရာရှိနိုင်တယ်ဆိုတဲ့ အကြောင်း
စပါးဈေး၊ ပဲဈေး၊ ဖုန်းနဲ့ကြည့်နိုင်တယ်တဲ့
လယ်သမားရဲ့အကြွေး
အလုပ်သမားရဲ့အကြွေး
ဘယ်လူကြီးမင်း ဖုန်းနဲ့ကြည့်နေလဲ
ဒီကဗျာကို ဒီနေရာမှာအမြန်ရပ်လိုက်တယ်
စကားလုံးတွေ ဆွေးနွေးပွဲတက်ရာကနေ
ပြန်မရောက်သေးလို့။
ခေတ်ပေါ်ကဗျာရဲ့အတွေးတွေက လူတိုင်းဆီကို email တွေပို့ပေးနေပါတယ်။ ခေတ်ပေါ်ကဗျာတွေကို သေ ချာဖတ်လိုက် ရင် ခေတ်ကြီးမှာဖြစ်နေတာတွေကို သိ နိုင်ပါတယ်။ အတွေးတိမ်တာနဲ့ အတွေး နက်တာပဲ ကွာ ပါလိမ့်မယ်။ ခေတ်ေ ပ်ါကဗျာတွေကနေတဆင့်ဖုန်းတွေ၊ အွန် လိုင်းမီဒီယာတွေ၊ ပုံနှိပ်မီဒီယာေ တွကေ ပြောပြ နေတာတွေကို လိုက်တွေး ကြည့်စေချင်ပါတယ်။
ကိုနိုင်း
ခံစားသုံးသပ်မိသောကဗျာများ
၁။ ငြိမ်းသစ်(ချစ်သူဖွဲ့)၊မိုး မခမဂ္ဂဇင်း၊ စက်တင်ဘာလ၊၂၀၁၇။
၂။ တိုးနှောင်မိုး(တိမ်တွေဆီေ ကြကွဲခြင်း)၊ မိုးမခမဂ္ဂဇင်း၊ စက် တင်ဘာလ၊၂၀၁၇။
၃။ ဌေးကြည်(စလင်း)၊ ချူဆီ၊ Idea မဂ္ဂဇင်း၊ စက်တင်ဘာလ၊၂၀၁၇။
၎။ ထက်လူအောင်(လူတိုင်းထံကိုရော က်နေတဲ့ Email တစောင်၊ ပေါ်ပြူလာဂျာနယ်၊ အောက်တိုဘာလ ၊၂၀၁၇။
-
The Sun Rays Journal, Vol-1, No-171, Oct 28,2017
Comments
Post a Comment