ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၂၃ )
ခေတ်ကိုထင်ဟပ်သော ခေတ်ပေါ်ကဗျာရေးဟန်များ(၁)
ပြတင်းတံခါးကိုဖွင့်လိုက်တဲ့အချိ န်တိုင်းမှာဇာခန်းဆီးလှုပ်ခတ်သလို လှုပ်ခတ်နေတဲ့ခေတ်ကို အစဉ်အမြဲတွေ ရမှာပါ။ ကျွန်တော်တို့အနေနဲ့လည်းလှုပ်ခတ်နေတဲ့ခေတ်တွေကို ကျော်လွ န် ဖြတ်သန်းနေရပါတယ်။ ဒီခေတ်တွေဟာ ဘယ်တော့မှမပြီးဆုံးနိုင် တဲ့ပြော င်းလဲမှုတွေနဲ့ ပြောင်းလဲတည်ရှိေ နဦးမှာပါ။ မျိုးဆက်တွေ တဆက်ပြီးတဆက် ဆင့်ပွားရှင်သန်နေကြမှာပါ။
ပြောင်းလဲမှုတွေနဲ့အတူ အနုပညာအရာတွေလဲပြောင်းလဲနေပါ တယ်။ အနုပညာဖန်တီးသူတွေကလည်း ခေတ်ရဲ့ပြောင်းလဲမှုကို လိုက်ပါစီးဆင်းနေကြမှာပါ။ ခေတ်ပြိုင်တွေ ကလည်း အကန့် အသတ်ရှိပေမယ့် ခေတ်ေ ပ်ါဆိုတာကတော့ အကန့်အသတ် မရှိပါဘူး ။ ဒီလိုပါပဲ။ ခေတ်ပေါ်ကဗျာဆိုတာ အစဉ်အမြဲပြောင်း လဲနေတဲ့ ခေတ်နဲ့အတူ ပေါ်ပေါက်နေပါလိမ့်မယ်။ အနု ပညာ ဖန်တီးမှုအနေနဲ့ကြည့်မယ်ဆို ရင် ရှေးရိုးစွဲ ဂန္တဝင်အနုပညာတွေ ရှိနေသလို၊ ခေတ်မီတဲ့အနုပညာတွေ လည်း ရှိနေပါတယ်။ ပေါ်ထွက်လာကြဦး မှာပါ ပဲ။
အခုခေတ်ပေါ်ကဗျာတွေမှာဆိုရင် နိုင်ငံတကာမှာ မော်ဒန်ကဗျာ (modern-poetry)၊ပေါ့ ပ် ကဗျာ (Pop-poetry)၊ ဒီဇိုင်းကဗျာ(Graphic-poetry)တွေ စသဖြင့်ဖြစ်ပေါ်နေပါတယ်။ ကျွန်တော် တို့ မြန်မာနိုင်ငံအနေ နဲ့ ခေတ်ပေါ်ကဗျာခေတ်အထိတိုးတက်ဖြစ်ေ ပ်ါလာမှုတွေဟာ ခေတ်တွေအလိုက် တဆင့်ပြီးတဆင့် ပြောင်း လဲလာတယ်လို့ပြော ရမှာပါ။ ဒါဟာလည်း ကျွန်တော်ရဲ့အယူ အဆသတ်မှတ်ချက်ပါ။ အငြင်းပွားနို င်ပါလိမ့် မယ်။ အငြင်းပွားနိုင်ေ ပမယ့် ကျွန်တော်ကတော့ ခေတ်ကိုကိုယ်စားပြုနေတဲ့ခေတ်ေ ပ်ါကဗျာအဖြစ်ပဲ သုံးစွဲ ချင်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ခေတ်တွေပြောင်းလဲလာတာနိုင်ငံရေးအခြေ အေ နအရ ပြောင်းလဲလာရတာပါ။ ခေတ်တွေရဲ့ နိုင်ငံရေး ပြောင်းလဲ လာခြင်းနဲ့ အတူ ကဗျာတွေလည်း ပြောင်းလဲလာတဲ့ နိုင်ငံရေးကို ထင်ဟပ်ပြီး ပြောင်းလဲလာရတာပါ။ အခုခေတ်မှာ ခေတ်ကို ထင် ဟပ်ပြီးရေးတဲ့ ခေတ်ပေါ်ကဗျာတွေ ကလည်း စာဖတ်သူတွေရဲ့ အကြိုက်ဖြစ်ေ နပါတယ်။
ခေတ်ကိုထင်ဟပ်တဲ့ခေတ်ေ ပ်ါကဗျာကိုရေးဖွဲ့ပုံအမျိုးမျိုးနဲ့ရေးဖွဲ့ နေကြတာ တွေ့ရပါတယ်။
ဒီလိုရေးဖွဲ့ပုံအမျိုးမျိုးနဲ့ေ ရးဖွဲ့ကြတဲ့ခေတ်ပေါ်ကဗျာတွေ ခံစား မိ သလောက်သုံးသပ်ပြနေခြင်းပဲ ဖြဖစ် ပါတယ်။ ဒီအပတ် ခံစားမိတဲ့ ကဗျာတွေကို စာဖတ်သူတို့ရဲ့နှလုံးသားပြတင်း တံခါးကို ဖွင့်ကြည့်ဖို့ ပြောချင် ပါတယ်။
အရင်ဆုံး အခုခေတ်ရဲ့ပြကွက်တကွက်ကို ကဗျာဆရာ ဝင်းမြင့်က သီချင်းတစ်ပုဒ်နဲ့ ပြလိုက်ပါတယ်။
“ဒီမှာ တောက်လျှောက်မိုးတွေယိုလို့
ခေတ်ကိုက တဲ့
ဟေ့လူ ငါ့အပေါ်ဖိတ်ကျမယ်နော်။
အထားအသိုမမှန်
လက်ခံဖြတ်ပိုင်းကလည်းမရှိ
ဝါကတစ်ကြောင်းက ငါ့ကိုစောင့်ကြည့်နေရဲ့
တံခါးကိုဖွင့်ပြီးရင် ပိတ်ခဲ့ပါရန်
သစ်ရိပ်တွေမြေပေါ်မှာ လျှံကျနေချိန်၊
မနက်ဖြန်
သဘက်ခါ
သူဆက်ဆက်လာမှာပါတဲ့
ဒါဗမာစကားပဲလေ
မြန်မာလိုပဲလာမှာပေါ့။
နည်းနည်းလောက်ဖိနှိပ်ခံထားရတဲ့ အတွေးအခေါ်နဲ့လား
ဒါမှမဟုတ် ဆတ်ဆတ်ထိမခံတဲ့မျက်နှာနဲ့လား။
နှင်းဆီ
နှင်းဆီ
နှင်းဆီ။”
ကဗျာဆရာကအဖွင့်ပိုဒ်မှာတင် အထား အသိုမမှန်တာတွေပြသွားပါတယ်။ အခုေ ခတ်မှာ အထားအသိုမမှန် တာတွေနဲ့ရေး ဖွဲ့ပြီး ခေတ်ပေါ်ကဗျာလို့ဆိုေ နကြသူတွေကို အများအပြား တွေ့နေရပါ တယ်။ ခေတ်ပေါ်ကဗျာမှာ ကာရန်ပါခြင်း ၊ မပါခြင်းကအကြောင်းမဟုတ်တော့ပါ ဘူး။
တချို့ခေတ်ပေါ်ကဗျာတွေကိုစကားပြေဆန်ဆန်ဖြန့်ရေးနေတာတွေလည်း တွေ့နေရပါတယ်။
အခုအချိန်မှာခေတ်ေ ပ်ါကဗျာမှာနိမိတ်ပုံကိုလည်း အဓိ ကမထားတော့တာတွေလည်း တွေ့နေရပါတယ် ။ ခေတ်ပေါ်ကဗျာမှာ(Rhythm)ပြေပြစ် ညီညွတ်မှုကတော့ အရေးကြီးပါတယ်။ေ ခတ်ပေါ်ကဗျာဟာ ခံစားမှု ကိုဖတ်သူရဲ့ ရင်ထဲအထိ တိုးဝင်စူးစိုက်သွားနို င်မယ်ဆိုရင် ကဗျာကောင်းတပုဒ်လို့  သတ်မှတ်ရမှာပါ။ အထားအသိုမညီရင်ေ တာ့ ခေတ်ပေါ်ကဗျာကောင်း မဖြစ်နိုင်ပါ ဘူး။ မြန်မာတွေရေးတဲ့ခေတ်ပေါ်ကဗျာေ တွ မှာလည်း အင်္ဂလိပ်စာလုံးတွေ ကြားညှပ်သုံးတာေ တွတွေ့နေရပါတယ်။ အင်္ဂလိပ်စာလုံးေ တွကိုတတ်နိုင် ရင် မြန်မာဝေါဟာရေ တွနဲ့လဲလှယ်ပြီး အသုံးပြုကြစေချ င်ပါတယ်။
နောက်ထပ်ခေတ်ပေါ်ကဗျာကိုအပြသဘောေ ဆာင်တဲ့ကဗျာတပုဒ်အဖြစ် ဆရာမကြည်ေ မွ့ အိမ်ရဲ့”ပုစဉ်းရင်ကွဲအော်သံ ကို ကျွန်မမုန်းတယ်” ကဗျာမှာ တွေ့ လိုက်ရပါတယ်။
“မျက်တောင်တုတွေ
ဆေးသားပြယ်ချိန်
ပုစဉ်းရင်ကွဲအော်သံစူးစူးတွေ။
ဇကာခုနှစ်ကွက်ထိပ်မှာ
ဆေးပေါ့လိပ်မီးကရဲခနဲ
ကြွေကျသွားတဲ့ပြာစမှာ
အရိုးတွေ။”
ဒီကဗျာမှာအလွန်လှပတဲ့အတွေးကိုအြ ပသဘောအနေနဲ့ရေးဖွဲ့ထားတာတွေ့ရမှာပါ။
ခေတ်ကြီးကိုလည်းမြင်တွေ့နို င်ပါတယ်။ အတုတွေဖယ်ရှားလိုက်တဲ့ အခါ လူတွေရင်ကွဲနာကျရမှာပါ။ ဒေါ သ၊ သောက၊ မောဟတွေ တမြည့်မြည့်လောင် ကျွမ်းနေတဲ့ ဘဝတွေဟာ နောက်ဆုံးမှာ အတ္တတွေအဖြစ် ပြာကျ သွားမှာပါ။ တခြားအမြင်အတွေးတွေအနေနဲ့လည်းမြင်နို င်တွေးနိုင်ပါလိမ့်မယ်။ ခေတ်ေ ပ်ါကဗျာ(သို့မဟုတ်) အနုပညာပစ္စည်း တခုကိုဖတ်သူ (သို့မဟုတ်) ခံစား သူရဲ့အပေါ်မှာမူတည်ပါတယ်။ ဒီလိုအေ တွး လှပပြီး ခေတ်ပေါ်ကဗျာမျိုးတွေ ရှားပါးနေကြပါပြီ။
ဒီဖက်ခေတ်က ခေတ်ပေါ်ကဗျာတွေမှာလည်း (Hybirtpoetry) ဖက်စပ်ကဗျာတွေများနေပါတယ်။ ဆိုလိုချင်တာက ခေတ်ပေါ်ကဗျာနဲ့ခေတ်ပြိုင်ကဗျာေ တွ ရောထွေးနေတာကို ဆိုလိုချင်တာပါ ။
ခေတ်ပေါ်ကဗျာကို အစစအရာရာလေ့လာပြီး ရေးစေချင်ပါ တယ်။ ဆရာသစ္စာနီရဲ့ခေတ်ပေါ်ကဗျာဆို င်ရာ ဆောင်းပါးတပုဒ်ထဲမှာတော့ ”ေ ခတ်ပေါ်ကဗျာဆရာ အမည်ခံလိုသော လူငယ်ေ တ်ာတော်များများပင်
ထိုကဲ့သို့လေ့လာရန် စိတ်ဇွဲသန်ခြင်းမရှိကြ၊ စမူဆာကြော်တတ်ဖို့လောက်ပင်
ခက်ခက်ခဲခဲ သင်လိုက်ရ သည်မရှိဘဲ နတ်ရေကန်ထဲ ခုန်ချလိုက်သလို တမဟု တ်ချင်း ခေတ်ပေါ်ကဗျာဆရာဖြစ်ကုန် ကြတော့ သည်။ (ခေတ်ပေါ် ကဗျာ အတုမျာြးေ မာက်မြာစွာထွက်ပေါ်နေခြင်းက ဤအချ က်ကို သက်သေခံနေ ပါသည်” လို့ရေး ထား ပါတယ်။ ဒါကိုကြည့်ရင် ခေတ်ပေါ်ကဗျာ ဆိုပြီး ရေးနေသူတွေကိုအကဲခတ်နို င်မှာပါ။ လူငယ်မျိုဆက်တွေအနေနဲ့  သူများထက်ပိုလေ့လာစေချင်ပါတယ်။ ကြာလာရင် ကဗျာဖတ်သူတွေက ငြီးငွေ့ သွားနိုင်ပါတယ်။
ဒီအကြောင်းကို ကဗျာဆရာချောဘသစ်က “ငြီးတစီစီတငွေ့ငွေ့ငြီးငွေ့”ဆိုပြီးရေးထားပါတယ်။
“သွေးဆုတ်ဖြူလျော်
လောင်းရိပ်မိနေတဲ့ပြက္ခဒိန်
ခဏခဏ နေထုတ်လှန်းလည်း
မှိုနံ့စွဲနေတဲ့ကဗျာ
စကားလုံးတွေကိုမီးပြင်းတိုက်လည်း
ကမမ်းလောင်နေတဲ့အနုပညာဟာ
ပေါင်မြင်လည်းစိတ်မလာတော့
လူ့အဖြစ်က ဆားပေါ့လာသလို
လူ့အရသာက အုန်းခွံဝါးရသလို
ဖွယ်တယ်တယ် ဖန်တွတွ
သံပတ်မကုန်သေးတဲ့ရထား
ပြန်ချိုးကွေ့လာပြန်ပေါ့
အသက်ကို အလံချိုးပြ ပြန်ရပေါ့
သွေးဆုံးနေတဲ့မိန်းမ ကလေးလိုချင်နေသလိုမျိုး
မဖြေထားတဲ့စာမေးပွဲကို အောင်စာရင်းကြည့်ချင်နေတဲ့
အဖြစ်များ/အပျက်များ
ငြီးတငွေ့ငွေ့။”
အခုခေတ်ပေါ်ကဗျာတွေကိုတကယ်လေ့လာပြီးရေးနိုင်မှ ခေတ်ပေါ်ကဗျာလောကတိုးတက် လာနိုင်မှာပါ။ တော်တော်ကြိုး စားရဦးမှာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် အခုအချိန်မှာ ရသစာပေေ တာင် ကျဆင်းနေတဲ့ အချိန်ပါ။ ခေတ်ေ ပ်ါကဗျာဟာ ရသစာပေထဲမှာ လူစိတ်မဝင် စားဆုံးဖြစ်နေပါတယ်။
ခေတ်ပေါ်ကဗျာလောကဟာအခုအချိန်မှာ သာမန်ပြည်သူအများစုကြီးက စိတ် မဝင်စားကြ သေးပါဘူး။ (စိတ်မဝင်စား နိုင်တဲ့အခြေအနေတွေလည်းဖြစ်နေပါ တယ်)။ ခေတ်ပေါ်ကဗျာ စာအုပ်ထုတ်တဲ့သူတွေ သိပါတယ်။ ပြည်သူတွေထဲမှာ စာေ ပကိုသာမန်လူတွေထက်ပိုပြီးစိတ် ဝင်စားသူအနည်းငယ်လောက်နဲ့ ခေတ်ေ ပ်ါကဗျာရေးချင်တဲ့လူငယ်တွေလောက် ပဲ ရှိနေပါတယ်။
ဒါပေမဲ့ ဒီအနုပညာလောကထဲမှာပျော် ရွှင်နေကြတဲ့လူငယ်တွေများလာတာအင် မတန်မှ ဝမ်းသာစရာပါပဲ။ ခေတ်ပေါ်ကဗျာတွေကလည်း ခေတ်ကိုရဲရဲတင်းတင်းရေးပြနိုင် တာ တွေ့ရ ပါပါတယ်။ နောက်တခုက အစိုးရတွေဘယ်အစိုးရတက်တက်သူတို့ကြောက်တဲ့အထဲမှာ ကလောင်စွမ်းကို အကြောက်ဆုံးပါ။ ဒီအတွေးနဲ့ကျေနပ် နိုင်ပါပြီ။ ဒါကိုရေးပြလိုက်တဲ့ခေတ်ပေါ် ကဗျာတပုဒ်က ကဗျာဆရာ စိုင်းဝင်းမြင့်ရဲ့” ကျေးဇူးတော်လမ်း( မရှိမုန့်)”ပါပဲ။
“တရိပ်ရိပ်တက်သွားလည်း သွား
တဟုန်ထိုး ကျချင်လည်းကျ
ဖေဖေတို့က ဖြည်းဖြည်းမှန်မှန်ပ။
တရားတော်ထဲမှာတော့
ဒီနေ့အတွက် လုံလောက်တဲ့အစားအစာ
တယောက်ကိုတယောက်ထားနိုင်တဲ့ မေတ္တာ
ဉာဏ်ပညာရှိလို့သာ ပင်လယ်ရေအနက်ကိုလှမ်းထောက်မိခဲ့ ကြတာ
တဦးထက်ပိုတဲ့အချစ်တွေကတော့
ပင်လယ်ကို ဆားအငံမလျော့
ကိုယ့်ဒုက္ခနဲ့ကိုယ်ပေါ့
ဒီလောက်ဆိုရင် ရနေ ရောက်နေပါပြီ ချစ်မိတ်ဆွေများပေါ့။
နောင်ခါလာ နောင်ခါဈေး
ဘဝကို ဘယ်ဈေးမှပေးလို့မရ
လူ့အောက်မကျဖို့သာ တို့အရေး
နှလုံးသားကိုသာ အစာမှန်မှန်ကျွေး
တွေးချင်သေးရင် ပြတင်းတံခါးဖွင့်
ပန်းပွင့်တွေ သွေးရောင်လွှမ်းလို့
ခြံထဲကသစ်ပင် ရေမှန်မှန်လောင်း
အိမ်ရှေ့ကမြောင်း မှန်မှန်ဖော်
တကိုယ်ရည်ပျော်ရာပျော်ကြောင်း မှ
အားလုံးပျော်ရွှင်ပါစေကြောင်း။”
ကဗျာဆရာစိုင်းဝင်းမြင့်ဆန္ဒပြု သလိုပါပဲ။ အခေတ်ခေတ်ကိုကျော်ဖြတ် လာရတဲ့ ခေတ်ပေါ် ကဗျာလမ်းဟာ ဖြောင့်ဖြောင်းတန်းတန်းလျှောက် လှမ်းနိုင်ပါစေ။ လူငယ်မျိုးဆက်ေ တွလည်း တိုးတက်ပါစေ။ ခေတ်ပေါ်ကဗျာ အတုတွေ ကင်းဝေးပါစေ။
*ခေတ်ကိုထင်ဟပ်သော ခေတ်ပေါ်ကဗျာရေးဟန်များ(၂)ကို ဆက်ေ ရးပါမယ်ခင်ဗျာ”
ကိုနိုင်း
ခံစားသုံးသပ်မိသောခေတ်ပေါ်ကဗျာများ
၁။ ဝင်းမြင့်(သီချင်းတစ်ပုဒ်)။( ၂၉.၇.၂၀၁၇)
၂။ ကြည်မွေ့အိမ်(ပုစဉ်းရင်ကွဲအော် သံကို ကျွန်မမုန်းတယ်)၊(၁၈.၆.၂၀၁၇)
၃။ ချောဘသစ်(ငြီးတစီစီတငွေ့ငွေ့ငြီးငွေ့)။(၂၆.၇.၂၀၁၇)
၎။ စိုင်းဝင်းမြင့်(ကျေးဇူးတော် လမ်း)။(၁၃.၇.၂၀၁၇)
သက်ဆိုင်ရာဖေ့ဘုတ်များ။
Comments
Post a Comment