Sunday, September 4, 2016

k

သစ်ခက်သံလွင် အက်ဆေး၊ လှရွှေရဲ့ ဘောင်ထဲက ကျေန်ာနဲ့ လွတ်လပ်ခြင်း မျိုးဆက်



ဘောင်ထဲက ကျနော် နဲ့ လွတ်လပ်ခြင်း မျိုးဆက်
 
www.pinterest.com

 တရက်က မေးခွန်းတခု မေးတယ်။ အဖေ နတ်ပြည် ( Heaven) မှာ ကျောင်းရှိလားတဲ့ဗျာ။ ကျနော်ကလည်း နတ်ပြည်မှာ ကျောင်း ဘယ်ရှိပါ့မလဲလို့ ပေါ့ပေါ့တန်တန် ပြန်ဖြေလိုက်တော့၊ ဒါဆို နတ်သား၊ နတ်သမီးတွေ အကုန်လုံးက စာမတတ်ကြဘူးပေါ့တဲ့။ နောက်တခါ မေးပြန်တယ်။ Heaven က အမှန်လားတဲ့။

ကျနော့်သားနဲ့ ကျနော်တို့ နှစ်ဦးဟာ နောင် ၁၂ နှစ်ကြာရင် ဘာဖြစ်နိုင်လဲ၊ ဘယ်လို ကွာနိုင်လဲ အမြဲ စဉ်းစား ဖြစ်တယ်။
သားလေး တက်နေတဲ့ Grade 1 သင်ခန်းစာတွေကိုလည်း လေ့လာ ဖြစ်တယ်။ Grade 1 မြန်မာလို ပထမ တန်း ကျောင်းသား တဦးက ကျောင်းစာ အပြင် တခြား စာအုပ်တွေကို ကျောင်း စာကြည့် တိုက်ကနေ ငှားဖတ်ရတယ်။ တပတ်ကို အနည်းဆုံး (၂) အုပ်ဖတ်ရမယ်။ ကျောင်းစဖွင့်တဲ့ ပထမ ပတ်မှာ သူငှားလာတဲ့ စာအုပ် နှစ်အုပ်က The Luck of the Lock Ness Monster နှင့် Star Wars, the Story of Darth Vander. ကျနော့်သား ဒီစာအုပ်ကို ငှားသွားတယ်ဆိုတာ စာကြည့်တိုက် မှတ်တမ်းမှာ ရှိသလို အတန်းပိုင် ဆရာမရဲ့ မှတ်တမ်းစာအုပ်မှာလည်း ထည့်သွင်း ထားပါတယ်။ သားက ပုံပြင် စာအုပ်တွေကို ဖတ်ရတာ ၀ါသနာ ပါပုံရတယ်။ သူငယ်တန်းရဲ့ Report Card မှာ Reading စာဖတ်တာမှာ အဆင့် A ထက်မြင့်တဲ့ Exceeding ရထားတယ်။
သားငှားလာတဲ့စာအုပ်လေးတွေ
 
ဒီစာအုပ်တွေကို အိပ်ရာပေါ်မှာ ကျနော်နဲ့ အတူ ဖတ်ကြပါတယ်။ သူမသိတဲ့ အကြောင်း အရာဆို ကျနော် တတ်သလောက် ရှင်းပြရတယ်။ The Luck of the Lock Ness Monster စအုပ်က ကလေးမလေး တဦးရဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီး အဘွားဆီကို သွားလည်တဲ့ စကော့တလန်ကို အခြေခံထားတဲ့ ပုံပြင်စာအုပ်။
ပထမတန်းကျောင်းသားတယောက်ရဲ့ တနှစ်အတွင်း ဖတ်ရမယ့် စာအုပ်က အုပ်ရေအနည်းဆုံး ၈၀ ဖြစ်နေ တယ်။ ကလေးတဦးမှာ စာသင်ခန်းက ရတဲ့ အတွေ့အကြုံ၊ စာဖတ်ခြင်းကနေရတဲ့ အတွေ့အကြုံ ၊ မိတ်ဆွေတွေဆီက ရတဲ့အတွေ့အကြုံ စတဲ့အရာဟာ နောင် ၁၂ ကြာတဲ့အခါ ကျနော်နဲ့တခြားစီ ဖြစ်နေ မှာ မြေကြီး လက်ခတ်မလွဲတဲ့ အဖြေပါ။

ကျောင်း ဒုတိယ နေ့မှာ သူယူသွားတာက စိတ်ဝင်းစားစရာ ကောင်းပါတယ်။ သူ့အတွက် အရေးကြီးဆုံး၊ အရေးပါဆုံး အရာကို ယူလာပြီး စာသင်ခန်းထဲမှာ တင်ပြရမယ်။ သားတော်မောင် ယူသွားတဲ့ အရာက Power Ranger မျက်နှာဖုံး၊ My craft အရုပ်လေးတွေကို ယူသွားပြီး ဒီအရုပ်တွေကို ဘာကြောင့် ကြိုက်နှစ်သက်ရသလဲ သူ့အတွက် ဘာကြောင့်အရေးပါလဲ သူရှင်းပြရမယ်လို့ ပြောတယ်။ ကလေးတယောက်ရဲ့လွတ်လပ်မှုကို အပြည့် အ၀ ပေးထားတဲ့ ပညာရေး စနစ်ပါ။ ကန့်သတ်မှု၊ ဘောင်မရှိတဲ့ ပညာရေး စနစ်မျိုးပါ။
သားငှားလာတဲ့စာအုပ်လေးတွေ

တရက်က မေးခွန်းတခု မေးတယ်။ အဖေ နတ်ပြည် ( Heaven) မှာ ကျောင်းရှိလားတဲ့ဗျာ။ ကျနော်ကလည်း နတ်ပြည်မှာ ကျောင်း ဘယ်ရှိပါ့မလဲလို့ ပေါ့ပေါ့တန်တန် ပြန်ဖြေလိုက်တော့၊ ဒါဆို နတ်သား၊ နတ်သမီးတွေ အကုန်လုံးက စာမတတ်ကြဘူးပေါ့တဲ့။ နောက်တခါ မေးပြန်တယ်။ Heaven က အမှန်လားတဲ့။ ကျနော်က စာအုပ်ထဲမှာ ပါတဲ့ နေရာတွေပါလို့ ပြန်ဖြေတော့ ဒါဆို Imagination တွေးတောပြီး ပြောတဲ့ အရာလား လို့ ပြန်မေးပြီး သူဟာသူ ဒါဆို It is not really လို့သူဟာသူ ပြန်ဖြေသွားလို့ တော်သေး။ သူတို့လေးတွေမှာ ဖြန့်ကျင် တွေးတဲ့ အလေ့အထကို ကလေး ကတည်းရနေပြီဆိုတဲ့ အရာပါ။
ကျနော် ငယ်ငယ်က အဲလို တွေးခဲ့လား၊ မေးဖြစ်ခဲ့လား မိမိကိုယ်ကို ပြန်စဉ်းစားမိတယ်။

ကျနော်တို့က ဒါကျက်၊ ဒါဖတ်၊ ဒါမေးရင် ဒါပြန်ဖြေ ဆိုတဲ့ ပုံသေ ကားချပ် ပညာရေး စနစ်ကနေ ရခဲ့ တဲ့ အတွေ့အကြုံ၊ ဖိနှိပ်မှုကနေ ရခဲ့တဲ့ မကြေနပ်ချက်တွေ၊ ဘ၀ ဒဏ်ရာတွေ၊ ဒဏ်ချက်တွေနဲ့ မိမိဘ၀၊ မိသားစု၊ မိမိ နိုင်ငံကို ပြုပြင်ဖို့၊ တည်ဆောက်ဖို့ ကြိုးစားခဲ့ကြတယ်။ အကုန်လုံးနီးပါး တလွဲတွေ ဖြစ်ခဲ့တယ်။
မြန်မာပြည်မှာ တာဝန်ကျခဲ့တဲ့ အမေရိကန် သံအမတ်ကြီး မြန်မာပြည်ကနေ မထွက်ခွာခင်မှာ ပြောသွားတဲ့ စကားတခွန်းကို သဘောကျတယ်။ “ မြန်မာပြည်သူတွေ အမှားနဲ့ အမှန်” ပဲ ကိုသိကြတယ်။
 
လှရွှေ