သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ကိုခြူးလေး(MP)၊ ဇာနည်သွေး(ပလိပ်)၊ နီလာမိုးဆွေတို့၏ကဗျာများ

အတောင်မပါတဲ့ ငှက်
ဒီဇိုင်းမျိုးဆွေသန်း FB မှယူသည်
ဂီတနဲ့ ငြိမ့်ငြိမ့်လေး ပျံသန်းလို့….
ငြိမ်းချမ်းရေးရှိတဲ့ ဆီကို ။
ကျနော်က ဟိုး……..အဝေးကြီးမှာ ………..တဲ့
ကျနောတို့အတွက်အတွက်တော့
နာရီပေါ်က မျက်ရည်စက်တွေနဲ့ ………………….။
အို ……………ညီလေးရေတဲ့
ဂီတနတ်ဘုရားရဲ့အသံ ကြားယောင်ဆဲ
ကိုငှက်ဆိုတာ
သျှပ်မှူးကျော်ဆိုတာ 
မနက်ခင်းပွင့်တဲ့ ………….ပန်းလေးထက်ကို ပိုမွှေးပါတယ် ။
ကမ္ဘာမြေ …………….ငြိမ်းချမ်း …..ပါစေ …...
ပန်းပွင့်တွေ ………ဆုတောင်းနေ ။
ကမ္ဘာမြေ …………ငြိမ်းချမ်း……… ပါစေ ...
ကျေးငှက်တွေ ……….. တေးဆိုနေ ။
မေမေရေ ………….သား……..ရင်တွေပူလာပြီ
သားရင်ထဲမှာ ကဗျာ……… ကဗျာ …….. ကဗျာ ………ဆိုတဲ့
ကိုငှက်ရေ...
ချစ်ခြင်းအားဖြင့် …………………. 

လေးစားစွာဖြင့်

ကိုခြူးလေး(MP)

….

ရန်ကုန်
www.artistsandillustrators.co.uk
 အနေကြပ်
အစားကြပ်နဲ့
အသက်ရှူမချောင်တဲ့မြို့ဟာ
သူ့အမည်နာမသူ
တနင့်တပိုးထမ်းရွက်လို့
ဆေးသားနဲ့ စုတ်ချက်
မလိုက်ဖက်တဲ့အလင်္ကာမှာ
ကာလာစုံ ကောက်ကြောင်းများ
ဂန္တဝင်မြောက်အောင် လွဲမှားနေပေါ့
တခုပဲ
ကဗျာဆရာလာရင်
ကဗျာတွေ လက်ဆောင်ပေးဖို့
ခေတ်ရဲ့အက္ခရာကို
စာလုံးပေါင်းပြထားခဲ့တယ်……။     ။

ဇာနည်သွေး ( ပလိပ် )


လောကဓံ 
 ရွေးချယ်ခွင့်မရှိတဲ့ ကံတရားက
ကြွေးဟောင်းကို အခြေခံလို့…
တောင်ပုံယာပုံ စမ်းသပ်မှုတွေနဲ့
တဒင်္ဂ ပဲ့တင်သံတွေကြား
ဒုက္ခဆိုတဲ့ ဝါကျတကြောင်းက
လောကစာမျက်နှာထက်မှာ
ထင်ထင်ရှားရှားနဲ့ ဖျက်မရခဲ့ဘူး….
အတွေးထဲ စီးမျောလာတဲ့အကြောင်းတရားတွေနဲ့
ကိုယ်ဖော့လို့မရတဲ့ညတွေမှာ
ဒူးသာသာချောင်းလေးကလည်း
ဝိညာဉ်ခေါ်သံအပြည့်နဲ့ တဒီဒီအော်မြည်လို့..….။ ။

နီလာမိုးဆွေ

Comments