စစ်တုရင်ထိုးတဲ့ ကဗျာဆရာများ
ငြိမ်းဝေ(ကဗျာ့အိုးဝေ)
ကျနော်က ကဗျာချစ်သူဖြစ်တော့ကာ၊ အဲဒီနှစ် (၂၀) ၀န်းကျင် ကာလ၊ ရူမေးနီးယားစာပေလောက၊ ကဗျာလောကနဲ့ ရူမေးနီးယားကဗျာဆရာတွေရဲ့အခြေအနေကိုပဲ ရွေး ချယ်လေ့လာမိပါတယ်။ ဒီနေရာမှာလည်း ရူမေးနီးယားစာပေဖြစ်ထွန်းမှုနဲ့ မြန်မာစာပေ ဖြစ်ထွန်းမှုဟာ အဲဒီနှစ် (၂၀)ကာလအတွင်း တခုနဲ့တခု ဆင်တူနေတာကို သွားတွေ့ရပါတယ်။
(၁)
အရှေ့ဥရောပဒေသ၊ နိုင်ငံတချို့ရဲ့သမိုင်းရေးဖြစ်ပေါ်တိုးတက်မှုဟာ ကျနော်တို့နိုင်ငံရဲ့ဖြစ်ပေါ် တိုးတက်မှုနဲ့ မနီးရိုးစွဲ ဖြစ်ကြပါတယ်။
အဲဒီဒေသကနိုင်ငံတချို့ဟာ
ကျနော်တို့နိုင်ငံလိုပဲ တစ်ပါတီအာဏာရှင်စနစ်ရဲ့ဖိနှိပ်မှုကို မချိမဆန့် ခံကြရပါ တယ်။
ဒီလိုအခြေအနေမျိုးမှာ သူတို့ရဲ့လွတ်မြောက်ရေးလှုပ်ရှားမှုမှတ်တိုင်တွေ၊ အဖွဲ့အစည်းတွေဆိုတာ ဟာ
တကမ္ဘာလုံးရဲ့အာရုံစိုက် လေးနက်မှုကိုရယူနိုင်ခဲ့ကြပါတယ်။ ဥပမာ ပိုလန်နိုင်ငံက
“ချာတာ၇၇” လှုပ်ရှားမှု၊ ချက်ကိုစလိုဗေးကီးယားနိုင်ငံရဲ့ “ပရပ်နွေဦး” လှုပ်ရှားမှုတွေဟာ
လေးစား ရလောက်တဲ့ လွတ်မြောက်ရေးသမိုင်းမှတ်တိုင်တွေ ဖြစ်ကြပါတယ်။
ဒီဒေသထဲကပဲ …၊ ရူမေးနီးယားနိုင်ငံရဲ့မှတ်တိုင်တခုကတော့၊
ရူမေးနီးယားပြည်သူတွေဟာ၊ အာဏာရှင် ကြီး “ချောင်ဆက်စကူ” နဲ့ သူ့ဇနီးကိုကြိုးပေးပစ်ဒဏ်ခတ်တဲ့အထိ
ဒေါသမီးလျှံတဟုန်းဟုန်း တောက်လောင် ခဲ့ကြတဲ့မှတ်တိုင်ပါပဲ။( ချောင်ဆက်စကူဟာ
သွားလေသူ ဦးနေ၀င်းနဲ့ ခင်မင်သူ ဖြစ်ပါတယ်။
ဗမာပြည်ကိုလည်း လာလည်ဖူးပါတယ်။
တပါတီအာဏာရှင်စနစ် ထူထောင်သူအချင်းချင်း ရင်းနီးကြတဲ့ သဘောပါပဲ။)
ရူမေးနီးယားနိုင်ငံရဲ့ခေတ်သစ်သမိုင်းမှာ
၁၉၅၀ နဲ့ ၁၉၇၀ ခုနှစ်အကြား နှစ် (၂၀) ၀န်းကျင်ကာလဟာ စိတ်ဝင်စားဖို့ကောင်းတာတွေ
တွေ့ရပါတယ်။ ကျနော်က ကဗျာချစ်သူဖြစ်တော့ကာ၊ အဲဒီနှစ် (၂၀) ၀န်းကျင် ကာလ၊
ရူမေးနီးယားစာပေလောက၊ ကဗျာလောကနဲ့ ရူမေးနီးယားကဗျာဆရာတွေရဲ့အခြေအနေကိုပဲ
ရွေး ချယ်လေ့လာမိပါတယ်။ ဒီနေရာမှာလည်း ရူမေးနီးယားစာပေဖြစ်ထွန်းမှုနဲ့ မြန်မာစာပေ ဖြစ်ထွန်းမှုဟာ
အဲဒီနှစ် (၂၀)ကာလအတွင်း တခုနဲ့တခု ဆင်တူနေတာကို သွားတွေ့ရပါတယ်။
၁၉၅၀ - ခုနှစ်တ၀ိုက်တုန်းက၊
မြန်မာစာပေနယ်ပယ်မှာထင်ရှားတဲ့စာပေလှုပ်ရှားမှုတခု ပေါ်ခဲ့ပါတယ်။ ဒဂုန်တာရာရဲ့
“စာပေသစ်” လှုပ်ရှားမှု ဖြစ်ပါတယ်။ စာပေသစ်လှုပ်ရှားမှုရဲ့အဓိကအယူအဆက “စာပေဟာ
လူထုအတွက်ဖြစ်ရမယ်” ဆိုတဲ့ ဆိုရှယ်လစ်စာပေအယူအဆပဲ ဖြစ်ပါတယ်။ ဒီအယူအဆအပေါ်ရပ်တည်ပြီး
လူငယ်စာပေသမားတွေ ထင်ရှားလာခဲ့ပါတယ်။ “ဗန်းမော်တင်အောင်” “ မြသန်းတင့် ”
“ကြည်အေး” တို့ ထင်ရှားခဲ့ကြပါတယ်။
၁၉၅၀ - ၀န်းကျင်ကာလ
ရူမေးနီးယားစာပေမှာလည်း ထူးခြားချက်ရှိပါတယ်။
စတာလင်ခေတ်အမြီးပိုင်းကိုဖြတ်သန်းနေရတာမို့၊
စာပေစီစစ်ရေးတင်းကြပ်မှုကြောင့် ရူမေးနီးယား ကဗျာ ဆရာတွေဟာ ကဗျာတွေ၊ ကဗျာစာအုပ်တွေ
ပုံနှိပ်ထုတ်ဝေဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၀ နား နီးလာတော့
ရူမေးနီးယားတပါတီအစိုးရဟာ အင်အားချိနဲ့နေခဲ့ပါပြီ။
ဆိုဗီယက်ရုရှဗဟိုချုပ်ကိုင်မှုဟာလည်းပြိုလဲလုနီးလာပြီ။ ဆိုဗီယက်အင်ပါယာရဲ့
အရံနိုင်ငံငယ် တခုအဖြစ် သာ ရပ်တည်လာခဲ့ရတဲ့ ရူမေးနီးယားနိုင်ငံရဲ့ မိုးကောင်းကင်ဟာ
မိုးသားကင်းစင်စ ပြုလာခဲ့ပါပြီ။
၁၉၆၄ - ခုနှစ်ထဲမှာတော့
ရူမေးနီးယားအာဏာရှင်အစိုးရဟာ နိုင်ငံရေးအကျဉ်းသားထောင်ပေါင်း များစွာကို
ထောင်တွေထဲကလွှတ်ပေးလာရတဲ့အထိ ရူမေးနီးယားဒီမိုကရေစီရေးအုံကြွမှုဟာ အင် အားကောင်းလာခဲ့ပါတယ်။
ဒီလိုနိုင်ငံရေးဂယက်က စာပေကိုလည်းမလွဲမသွေ ရိုက်ခတ်တော့တာပေါ့။
စတာလင်ခေတ်အမြည်းပိုင်း ၁၉၅၀
ခုနှစ်လွန်နှစ်တွေတုန်းက မီးခဲပြာဖုံး ဖြစ်နေခဲ့ရတဲ့ ရူမေးနီးယား ကဗျာ နယ်ပယ်ဟာ
ဒီအချိန်မှာတော့ ရုတ်တရက်ပန်းမျိုးစုံဖူးပွင့်တဲ့ ဥယျာဉ်တခုလို ဖြစ်လာခဲ့ပါတယ်။
ကဗျာဆရာ “ဘာဘူ၊ ဘလာဂါ ”နဲ့ “ဘွိုင်ဘူလက်စကူ”အစရှိတဲ့ ကဗျာဆရာတွေဟာ ရုတ်တရက်ပွင့်သွားတဲ့စာပေ စီစစ်ရေး
အခြေအနေကို ကောင်းကောင်းကြီးအသုံးချပြီး ကဗျာတွေရေးကြပါတယ်။
“ရူမေးနီးယားစာပေသစ်”
လှုပ်ရှားမှုကြီးအဖြစ် တွန်းတင်ကြပါတယ်။ အတတ်ပညာနဲ့ အကြောင်း အရာနှစ် ခုစလုံးသစ်ဖို့ကြိုးစားကြတာပါပဲ။
ဒီစာပေသစ်လှုပ်ရှားမှုကို လူငယ်ကဗျာဆရာတွေကပဲ ခေါင်းဆောင်ခဲ့ကြ ပါတယ်။
ထင်ရှားတဲ့ကဗျာဆရာတွေကတော့ “အိုအိုက် အလက်ဇ်ဒဂူ” “အင်နာဘလန်ဒီယာနာ” “အော်စတန်တာ
ဘူဇီယာ” “နီချီတာ စတန်တက်စကူ” နဲ့ “မာရင်းဆိုရက်စကူ” တို့ဖြစ်ကြပါတယ်။ ဒီလိုနဲ့
၁၉၇၀ - ခုနှစ်ကြတော့ ရူမေးနီးယား စာပေသစ်လှုပ်ရှားမှုဟာ
ကြီးထွားပျံ့နှံ့လာခဲ့ပါတော့တယ်။
မြန်မာကဗျာနယ်ပယ်မှာလည်း အဲဒီ
နှစ်ပေါင်း (၂၀)အတွင်း“စာပေသစ်” လှုပ်ရှားမှုပြီးတဲ့နောက် “မိုးဝေ စာပေလှုပ်ရှားမှု” ဆိုတာ
ဖြစ်လာပါတယ်။ ကဗျာဆရာတွေဟာ အတတ်ပညာအရ၊ အကြောင်း အရာအရ၊ တစုံလုံး ပြောင်းလဲဖို့
ကြိုးစားကြတဲ့ကဗျာလှုပ်ရှားမှုကို တက်တက်ကြွကြွလုပ်ကြပါတယ်။
ထင်ရှားတဲ့ကဗျာဆရာ
တွေထဲမှာ “မောင်လေးအောင်” နဲ့ “မောင်းသင်းခိုင်” တို့ဟာ ရှေ့တန်းက ရှိခဲ့ ကြပါတယ်။
၁၉၅၀ - နဲ့ ၁၉၇၀ - ခုနှစ်ဝန်းကျင်၊
နှစ် (၂၀)ကာလတလျှောက် ရူမေးနီးယားနဲ့ မြန်မာကဗျာ နယ်ပယ်ကို သုံးသပ်ကြည့်ရင်
ကဗျာဆရာတွေဟာ၊ အုပ်စိုးသူအဆက်ဆက်၊ ဖိနှိပ်သွေးစုတ် ခြယ်လှယ်သူအဆက် ဆက်နဲ့
စီးချင်းထိုးနေခဲ့ကြတဲ့သဘောရှိပါတယ်။ ကဗျာဆရာတွေဟာ။ အချိန်အခါနဲ့
အခြေအနေအပေါ် ကြည့်ပြီး၊ ကဗျာသစ်လှုပ်ရှားမှုတွေကို ဖန်တီးကြ၊ ကဗျာတွေနဲ့
လူထုရဲ့စိတ်ဓာတ်မြှင့်တင်ရေးကို ကြိုးပမ်းကြနဲ့၊ ကဗျာနယ်ပယ်ရဲ့အရေးပါမှုဟာ
လေးနက်ခဲ့ရပါတယ်။ ကဗျာဆရာတွေဟာ ဖိနှိပ်သွေးစုပ် အုပ်ချုပ်သူအဆက်ဆက်နဲ့
အမောမပမ်းနိုင်သောဉာဏ်ရည်ချင်း ပြိုင်ရင်းက လူထုရှေ့ကရပ်ခဲ့ကြပါတယ်။ လူထုရဲ့
ရင်ခုန်သံကို ကိုယ်စားပြုတဲ့ ကဗျာတွေရေးကြ ပါတယ်။
အဲဒီ ၁၉၅၀ -နဲ့ ၁၉၇၀ - ခုနှစ်အကြား
နှစ် (၂၀)၀န်းကျင်အတွင်း၊ ရူမေးနီးယားကဗျာဆရာတွေနဲ့ မြန်မာပြည် က ကဗျာဆရာတွေ၊ ဘယ်လောက်အထိ
ရင်ခုန်သံနရီချင်းထပ်တူ ကျခဲ့ကြသလဲဆိုရင် ရူမေးနီးယား ကဗျာ ဆရာ “မာရင်းဆိုရက်စကူ”
နဲ့ မြန်မာကဗျာဆရာ“မောင်လေးအောင်” တို့ရဲ့ ကဗျာနှစ်ပုဒ်ကိုကြည့်ရင်
သိနိုင် ကြမှာပါ။
“မာရင်းဆိုရက်စကူ” က
“စစ်တုရင်ထိုးခြင်း” ခေါင်းစဉ်နဲ့ ကဗျာတပုဒ်ရေးခဲ့သလို၊ “မောင်လေးအောင်” ကလည်း
“နစ်ဆင်နှင့် စစ်တုရင်ထိုးခြင်း” ကဗျာကိုရေးပါတယ်။ နှစ်ဦးစလုံး ခေါင်းစဉ်ပေးပုံ
တူကြတဲ့ အပြင် ရပ်တည်ချက်ခြင်းတူကြတာကိုလည်း တွေ့ကြရပါတယ်။
ဒီနေရာမှာ“မောင်လေးအောင်” က၊ မိုးဝေမဂ္ဂဇင်းမှာရေးခဲ့တဲ့
“ နစ်ဆင်နှင့်စစ်တုရင်ထိုးခြင်း” ကဗျာကို စာရေးသူဆီမှာ အဆင့်သင့်မရှိတဲ့အတွက်
မဖော်ပြနိုင်ပေမယ့်၊ ရူမေးနီးယားကဗျာဆရာ “မာရင်းဆို ရက်စကူ” ရဲ့
“စစ်တုရင်ထိုးခြင်း” ကဗျာကိုတော့ ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်။
--------------------------
စစ်တုရင်ထိုးခြင်း
------------------------
စစ်တုရင်ထိုးခြင်း
------------------------
ငါက
အဖြူရောင် နေ့တနေ့ကိုရွှေ့တော့
သူက
အနက်ရောင် နေ့တနေ့ကိုရွှေ့တယ်။
ငါက
အိပ်မက်တခုနဲ့ ရှေ့ကိုတက်တော့
သူက
စစ်ပွဲတခုဖြစ်အောင် ဖန်တီးလိုက်တယ်။
သူက
ငါ့ရဲ့အဆုပ်ကို တိုက်ခိုက်လိုက်တော့
ငါထင်တယ်…ငါ့မှာ၊
တနှစ်နီးပါးဆေးရုံတက်ခဲ့ရ။
ငါက
အင်မတန်ကောင်းမွန်တဲ့ စေ့စပ်မှုတခုဖန်တီးပြီး
အနက်ရောင် နေ့တနေ့ကို နိုင်လိုက်တော့
သူက
ကင်ဆာရောဂါနဲ့ ငါ့ကိုခြိမ်းခြောက်လိုက်ပြန်တယ်။
ဒါပေမယ့်
ငါက…၊ သူ့ရှေ့မှာစာအုပ်တအုပ်ချထားလိုက်တော့
သူက မတတ်သာလို့ဆုတ်ခွာ။
ငါက
အစိတ်အပိုင်းအချို့ကို နိုင်လိုက်တော့
ကြည့်စမ်း
ငါ့ဘ၀ တခြမ်းလုံး ဆုံးရှုံးလိုက်ရ။
“အကယ်၍ ...
ငါက မင်းကိုပိတ်ဆို့ထားမယ်ဆိုရင်
မင်းရဲ့ထင်မြင်ချက်တွေကို မပြောနိုင်တော့ဘူးပေါ့” လို့
သူကပြောတယ်။
“ဒါလောက်တော့ မှုစရာမဟုတ်ပါဘူး”လို့
ငါက ရယ်စရာလုပ်ပစ်လိုက်တယ်။
“ငါ့ခံစားချက်ကို
ငါကောင်းကောင်းကြီး ထိန်းရလိမ့်မယ်”လို့
ငါပြန်ပြောလိုက်တယ်။
ငါ့ဇနီး
ငါ့သားသမီး
“နေ နဲ့ လ”
ပြီးတော့ ပွဲကြည့်ပရိတ်သတ်ဆိုတာ
ငါ့နောက်မှာ
ငါ့လှုပ်ရှားမှု ဟူသမျှ
စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြ။
ငါ…
စီးကရက်တလိပ်မီးညှိတယ်
စစ်တုရင်ဆက်ပြီးထိုးတယ်။
အဖြူရောင် နေ့တနေ့ကိုရွှေ့တော့
သူက
အနက်ရောင် နေ့တနေ့ကိုရွှေ့တယ်။
ငါက
အိပ်မက်တခုနဲ့ ရှေ့ကိုတက်တော့
သူက
စစ်ပွဲတခုဖြစ်အောင် ဖန်တီးလိုက်တယ်။
သူက
ငါ့ရဲ့အဆုပ်ကို တိုက်ခိုက်လိုက်တော့
ငါထင်တယ်…ငါ့မှာ၊
တနှစ်နီးပါးဆေးရုံတက်ခဲ့ရ။
ငါက
အင်မတန်ကောင်းမွန်တဲ့ စေ့စပ်မှုတခုဖန်တီးပြီး
အနက်ရောင် နေ့တနေ့ကို နိုင်လိုက်တော့
သူက
ကင်ဆာရောဂါနဲ့ ငါ့ကိုခြိမ်းခြောက်လိုက်ပြန်တယ်။
ဒါပေမယ့်
ငါက…၊ သူ့ရှေ့မှာစာအုပ်တအုပ်ချထားလိုက်တော့
သူက မတတ်သာလို့ဆုတ်ခွာ။
ငါက
အစိတ်အပိုင်းအချို့ကို နိုင်လိုက်တော့
ကြည့်စမ်း
ငါ့ဘ၀ တခြမ်းလုံး ဆုံးရှုံးလိုက်ရ။
“အကယ်၍ ...
ငါက မင်းကိုပိတ်ဆို့ထားမယ်ဆိုရင်
မင်းရဲ့ထင်မြင်ချက်တွေကို မပြောနိုင်တော့ဘူးပေါ့” လို့
သူကပြောတယ်။
“ဒါလောက်တော့ မှုစရာမဟုတ်ပါဘူး”လို့
ငါက ရယ်စရာလုပ်ပစ်လိုက်တယ်။
“ငါ့ခံစားချက်ကို
ငါကောင်းကောင်းကြီး ထိန်းရလိမ့်မယ်”လို့
ငါပြန်ပြောလိုက်တယ်။
ငါ့ဇနီး
ငါ့သားသမီး
“နေ နဲ့ လ”
ပြီးတော့ ပွဲကြည့်ပရိတ်သတ်ဆိုတာ
ငါ့နောက်မှာ
ငါ့လှုပ်ရှားမှု ဟူသမျှ
စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြ။
ငါ…
စီးကရက်တလိပ်မီးညှိတယ်
စစ်တုရင်ဆက်ပြီးထိုးတယ်။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)
ကိုးကား။ ။ “AN ANTHOLOGY OF CONTEMPORARY
ROMANIAN POETRY”
Comments
Post a Comment