ဆောင်းရိပ်ငွေမှုန် - တိမ်တွေနဲ့လုပ်မိတဲ့ဆံနွယ်များ

တိမ်တွေနဲ့လုပ်မိတဲ့ဆံနွယ်များ
ဆောင်းရိပ်ငွေမှုန်
(သစ်ခက်သံလွင်) ဇွန် ၁၅၊ ၂၀၂၃

ကျမရဲ့ဆံနွယ်တွေထဲမှာမဖွယ်မရာအနံ့အသက်တွေ
အလိုမတူသိမ်းပိုက်ခံထားရတဲ့မြို့ပြကျေးလက်နဲ့ 
ဝံပုလွေကောင်တွေရဲ့အနံ့ဆိုးများ
လူဖြစ်လာရခြင်းဆိုတာဓာတ်ပြားတချပ်ထဲမှာထည့်ဖွင့်လိုက်ဖို့အတွက်
ဘယ်လိုမှနားထောင်လို့မကောင်းနိုင်တဲ့အရာတွေပေါ့
ရှည်မျောထွက်လာတဲ့ညနေခင်းတွေကိုထိုင်ကြည့်ရင်း
အိမ်ဆိုတာယုံမှားသံသယစိတ်နဲ့ စကားလုံးထဲလက်နှိုက်ရှာဖွေပြီး
ဝင်ကြည့်လိုက်မိတဲ့ခြေသံသဲ့သဲ့ပါပဲ ။

12/6/23

Comments