ဖိုးရွှေညီမှိုင်း - "နွေလယ်ကောင် နေ့ခင်းကြောင်တောင် ပင်လယ်ဝံပုလွေကို အိပ်မက်ခြင်း"

"နွေလယ်ကောင် နေ့ခင်းကြောင်တောင် 
ပင်လယ်ဝံပုလွေကို အိပ်မက်ခြင်း"
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်)ဧပြီ ၂၁၊ ၂၀၂၂

ခွေးတကောင်ရဲ့ အူသံရှည်ဟာ
ငါ့မျက်နှာကို ၂၀၂၂ စစ်မီးလို ဟပ်တယ်
ငါ့မျက်လုံးတွေ အရည်ပျော်မတတ်
ငါ့ရင်ကို လောင်မြိုက်ရဲ့။

ချိုးငှက်ငယ်ရဲ့ ကူသံရှည်ဟာ
ငါ့ရင်ဘတ်ကို ၂၀၁၅ သင်္ကြန်လို လောင်းတယ်
ငါ့နှလုံးသား အေးခဲမတတ်
ငါ့သင်္ကြန်ကို ငါကခဲ့။

ရုပ်ကစိတ်ကို ဖန်တီးသလို
စိတ်ကရုပ်ကို ဖန်တီးတယ်
ငါငိုရတယ်
ငါပျော်ခဲ့တယ်။

ဂျက်လန်ဒန် *1 ရေ ... 

ခင်ဗျား ပင်လယ်ဝံပုလွေ*2 
လာဆင်ရဲ့ တစ္ဆေသင်္ဘောကြီးပေါ်က
ဈေးအပေါဆုံး ပျော်ရွှင်စရာဆိုတာ
လူတွေရဲ့အသက်နဲ့ လူတွေရဲ့ဘဝတွေတဲ့လား
ပင်လယ်ဖျံတွေကို သတ် အရေခွာ
လူတွေကိုသတ် ပင်လယ်ရေမှာသင်္ဂြိုလ်
ငွေ
ငွေ
ငွေ ကသာ ဘဝ
လာဆင်ရဲ့ဘဝ။

လက်ချောင်းလေးတချောင်း
မလှုပ်နိုင်တော့တဲ့အချိန်အထိ
ဝံပုလွေကြီးက ကြုံးဝါးနေ
ငါသာ အကြီးမားဆုံး 
"ဟမ်" ...ရေ ငါမသေဘူးကွ"တဲ့။

သူ့ကို သတ်ခဲ့တာ "ဟမ်" မှမဟုတ်ဘဲ
သူ့အကိုအရင်း 
သေမင်းဝံပုလွေကြီးက သတ်ခဲ့တာ။

"ဟမ်" လိုပဲ ငါဟာ လူကြောက်တယောက်ပေါ့
"ဟမ်" လိုပဲ ငါဟာ ကြောက်ကြောက်နဲ့
"လာဆင်"ကို သတ်ဖို့ ကြိုးစားခဲ့တာ
"ဟမ်" လိုပဲ ငါဟာ ငါ့ရဲ့အရာရာကို စွန့်ခဲ့ရတာ
 ငါငိုခဲ့ရတာ
"ဟမ်"လိုပဲ ငါပျော်ရဦးမှာ။
...

ခွေးတကောင်ရဲ့ အူသံရှည်ဟာ
ငါ့မျက်နှာကို ၂၀၂၂ စစ်မီးလို ဟပ်တယ်
ငါ့မျက်လုံးတွေ အရည်ပျော်မတတ်
ငါ့ရင်ကို လောင်မြိုက်ရဲ့။

ချိုးငှက်ငယ်ရဲ့ ကူသံရှည်ဟာ
ငါ့ရင်ဘတ်ကို ၂၀၁၅ သင်္ကြန်လို လောင်းတယ်
ငါ့နှလုံးသား အေးခဲမတတ်
ငါ့သင်္ကြန်ကို ငါကခဲ့။

ရုပ်ကစိတ်ကို ဖန်တီးသလို
စိတ်ကရုပ်ကို ဖန်တီးတယ်
ငါငိုရတယ်
ငါပျော်ခဲ့တယ်။

ဂျက်လန်ဒန် *1 ရေ ... 

ခင်ဗျား ပင်လယ်ဝံပုလွေ*2 
လာဆင်ရဲ့ တစ္ဆေသင်္ဘောကြီးပေါ်က
ဈေးအပေါဆုံး ပျော်ရွှင်စရာဆိုတာ
လူတွေရဲ့အသက်နဲ့ လူတွေရဲ့ဘဝတွေတဲ့လား
ပင်လယ်ဖျံတွေကို သတ် အရေခွာ
လူတွေကိုသတ် ပင်လယ်ရေမှာသင်္ဂြိုလ်
ငွေ
ငွေ
ငွေ ကသာ ဘဝ
လာဆင်ရဲ့ဘဝ။

လက်ချောင်းလေးတချောင်း
မလှုပ်နိုင်တော့တဲ့အချိန်အထိ
ဝံပုလွေကြီးက ကြုံးဝါးနေ
ငါသာ အကြီးမားဆုံး 
"ဟမ်" ...ရေ ငါမသေဘူးကွ"တဲ့။

သူ့ကို သတ်ခဲ့တာ "ဟမ်" မှမဟုတ်ဘဲ
သူ့အကိုအရင်း 
သေမင်းဝံပုလွေကြီးက သတ်ခဲ့တာ။

"ဟမ်" လိုပဲ ငါဟာ လူကြောက်တယောက်ပေါ့
"ဟမ်" လိုပဲ ငါဟာ ကြောက်ကြောက်နဲ့
"လာဆင်"ကို သတ်ဖို့ ကြိုးစားခဲ့တာ
"ဟမ်" လိုပဲ ငါဟာ ငါ့ရဲ့အရာရာကို စွန့်ခဲ့ရတာ
 ငါငိုခဲ့ရတာ
"ဟမ်"လိုပဲ ငါပျော်ရဦးမှာ။
...

ဖိုးရွှေညီမှိုင်း
၂၀၂၂ ဧပြီ ၂၀ နေ့ခင်းကြောင်တောင်

*1 ... Jack London
*2 ... Sea Wolf

Comments