သစ်ခက်သံလွင် အက်ဆေး- ဘုန်း​နေသွန်း- နံရံည​နေ

နံရံည​နေ
ဘုန်း​နေသွန်း
(သစ်ခက်သံလွင်) စက်တင်ဘာ ၅၊ ၂၀၁၈

စား​သောက်​ဆိုင်​ထဲက ည​နေခင်းဟာ ဆိုင်​အပြင်​ဘက်​ကို တဝက်​တ​ပျက်​ ဖိတ်​စဉ်​ကျလို့။  ည​နေခင်းရဲ့အရိပ်​​တွေဟာ ပျင်းရိငြီး​ငွေ့ဖွယ်​။ အိမ်ပြန်စရာလမ်းမရှိတဲ့ ဇာတ်လမ်းဇာတ်ကွက်တိုင်းဟာ ညစ် ညူးနာကျင်ဖွယ်။ 

ဟို အဝေးဆီမှာငှက်တွေ  အိပ်တန်းပျံကြပြီလား။ မမြင်ရတဲ့တခြားသော တဖက်ဆီမှာ နိစ္စဓူဝဘဝတွေဟာ  လှုပ်လှုပ်ရှားရှားနေမြဲအတိုင်းပဲလား။ ဆိုင်အတွင်းဘက်ဆီမှာ ပန်းကန်ချင်းထိခတ်သံ၊ ဇွန်းသံခွက်သံတွေနဲ့ သီချင်းသံဟာ ရှုပ်ထွေးဆူညံလို့။ မမြင်ရသောမီးလျှံတွေဟာ အာရုံကိုပူးသတ်ဖို့ရာ ကြိုးစားလို့။ ညနေဟာ ရောဂါပိုးမွှားလို သွေးကြောထဲမှာနာကျည်းတောက်ပနေတယ်။ ခေတ်ပေါ်ကဗျာတပုဒ်ထက်ပိုပြီး အနုပညာ မှော်သားဓာတ်စီးဝင်ပြည့်ဝနေတယ်။ ရှည်လျားလွန်းတဲ့ ညနေဆံနွယ်တွေကိုငေးရီရင်း အတွေးဟာ တိမ်လို လွင့်ဖွာလို့။ ဟိုဟိုဒီဒီ ပြန့်နှံ့ရောက်ရှိလို့။ အာရုံမှန်ကူကွက်ပေါ်အရိပ်တချို့ ဖျတ်ခနဲထိုးကျလာတယ်။ ညနေခင်းတွေ...ပြီးဆုံးခဲ့တဲ့အတိတ်နဲ့  ပြန်လည်မရရှိတော့တဲ့  ညနေခင်းတွေ။

တယောက်တည်း ...ပြီးဆုံးခဲ့တဲ့ ညနေခင်းတွေကို သတိရနေမိတယ်။ နီယွန်မီးရောင်ပျပျနဲ့  မြို့ပြရဲ့  ညနေ ခင်းတွေပေါ့။ ကောင်မလေးရဲ့လက်ကိုတြွဲပီး လမ်းတွေအများကြီး လျှောက်ခဲ့တာ။ ကော်ဖီဆိုင်တွေ အတူ တူထိုင်ခဲ့ကြတာ။ အိမ်ပြန်ချိန်ဆို ကောင်မလေးကိုကားဂိတ် လိုက်ပို့ပေးရတာ။ ကောင်မလေးစီးမယ့်ကား ကို မထွက်မချင်း လမ်းဘေးပလက်ဖောင်းပေါ်က ရပ်စောင့်ငေးမောခဲ့ရတာ။ ဒါပေမဲ့ အခုအချိန်မှာ အရာရာ ဟာ အသားကျနသေသပ်စွာ ပြီးဆုံးသွားခဲ့ပြီ။ ကောင်မလေးနဲ့လည်း အဆက်အသွယ် မရှိတော့။ စိတ်မှာ
တခါတလေ သတိရမိတယ်ဆိုပေမယ့် သတိရတယ်ဆိုတာထက် မပိုတော့။ ဒီလိုနဲ့ပဲ အားလုံးပြီးဆုံးခဲ့ ရပြီ။ ဒီလိုနဲ့ပဲ အရာရာဟာ ပြည်ဖုံးကားချခဲ့ရပြီ။

 အတွေးဟာ ဟိုဟိုဒီဒီ ပြန့်ကြဲနေတယ်။ နံရံတွေကို  ငေးစိုက်ငြိမ်သက်နေမိတာ ဘယ်လောက်ကြာသွားပြီ လဲ။ ရောက်တဲ့နေရာမှာ အတွေးဟာ မြွေတစ်ကောင်လို  လူးလွန့်ရှင်သန်လို့။ ပတ်ဝန်းကျင်ကို  မေ့လျော့ တွေဝေလို့။

အရက်သောက်လိုက်ရင်ကောင်းမလား။ ဒီလိုအချိန်မှာ အရက်ပြင်းပြင်းတခွက်ဆိုရင်ပိုပြီးအဆင်ပြေမလား။ ပတ်ဝန်းကျင်မှာ ရီဝေနေတဲ့ မျက်လုံးတွေ။ နောက်ကျိရှုပ်ထွေးနေတဲ့  ဆေးလိပ်ငွေ့မျှင်တွေ......။ 
စိတ်ထဲမှာ  ရုတ်ခြည်းအသက်ရှူမဝ။ ရုတ်ချည်း မွန်းကျပ်လာသလို။ 
တော်ပြီကွာ ...ဒီပတ်ဝန်းကျင်ကနေအခု ထွက်သွားစမ်း။ ကိုယ့်ကိုကိုယ် ခွေးတကောင်လိုမောင်းထုတ်မိ တယ်။ ဒါပေမဲ့ အခြားသောစိတ်တခုဟာ အခြားသော တဖက်မှာ တင်းခံလို့။ ဒွိဟဖြစ်...တွေဝေလို့။  
ဘာလဲ ...ဒီနေရာမှာ  ဆက်ပြီးတော့ ငေးမောငြိမ်သက်နေရမှာလား။ ဒီအချိန်မှာ အလိုအပ်ဆုံးအရာဟာ မျက်စိတဆုံး လှမ်းမြင်နေရတဲ့  ရှုမျှော်ခင်းကျယ်တခုမဟုတ်ဘူးလား။
သွေးသားတခုလုံး ဆူပွက်​ပူ​လောင်​​နေတယ်​။ တကယ်​ဆို လူအဖြစ်​မှာ ချစ်​ခြင်း​မေတ္တာကလွဲလို့ အရာရာ ကို ​မေ့​လျော့ထားခဲ့ချင်​တာ။

ရှည်​လျားလွန်းတဲ့ညတာ​တွေကို မူးယစ်​ရီ​ဝေစွာနဲ့လွယ်​လင့်​တကူ ဖြတ်​သန်းကုန်​ဆုံးသွား​စေချင်​တာ။ ကဲ ...​ရှေ့တည့်​တည့်​က စားပွဲထိုးချာတိတ်​​လေးကိုလှမ်း​ခေါ်လိုက်​ရ​တော့မလား။
ဝီစကီ သုံးပက်​လို့ လက်​သုံး​ချောင်း ​ထောင်​ပြလိုက်​ရ​တော့မလား။ တကယ်​ဆို အရက်​​သေစာနဲ့ပတ်​သက်​ပြီး ဘဝမှာ အ​တွေ့အကြုံ နည်းနည်းပဲရှိခဲ့တာ။ အာရုံတခုလုံး ဖိစီးကိုက်​ခဲမှု​တွေနဲ့ အိပ်​ရာကနိုးထလာ​တဲ့ အခါတိုင်း အရက်​နဲ့ပတ်​သက်​ပြီး ​နောင်​တ​တွေရ​လေ့ရှိတာ။ ဒါ​ပေမဲ့ အခုအချိန်​မှာ​ အရက်​ဟာ သိပ်​အဆန်း တကြယ်​မဟုတ်​​တော့။ ကိုယ်​ခန္ဓာထဲမှာ  စီးဆင်းလှည့်​ပတ်​​နေတဲ့ ​သွေး​တွေဟာ အယ်​လ်​ကို​ဟောဆိုရင်​ သိပ်​ပြီး ကြမ်းကြမ်းတမ်းတမ်းမတုန့်​ပြန်​ကြ​တော့။ ဒါ​ပေမဲ့ မနက်​​စော​စောအိပ်​ရာထတဲ့အချိန်​ အရက်​​ကြောင့်​ ဖောင်းအစ်​နီရဲ​နေတဲ့ မျက်​နှာကို မှန်​ထဲမှာမြင်​လိုက်​တိုင်းအ​မေ့ကို ဖျတ်​ခနဲသတိရ​လေ့ရှိတာ။ 
အရက်​မ​သောက်​​တော့ပါဘူးလို့ အ​မေ့ဆီ​ပေးထားခဲ့တဲ့ကတိကို သတိမရချင်​ဘဲ ပြန်​ပြီးသတိရလာတတ်​တာ။ သူငယ်​ချင်းဆီ​ရေးခဲ့တဲ့စာထဲမှာလား။ အိမ်​ကို ​ရေးခဲ့တဲ့ စာထဲမှာလားမမှတ်​မိ​တော့။ 
ဒီ​ဒေသဒီ​နေရာမှာ အရှားပါးဆုံးက ကဗျာပဲ။ အ​ပေါများဆုံးက အရက်​ပဲလို့ ​ရေးခဲ့ဖူးတာ။ တော်​ပြီ ... အရက်​မ​သောက်​​တော့ဘူး။ ဒီ​နေ့အဖို့ လုံးဝမ​သောက်​​တော့ဘူးကွာ။
          
စိတ်​ဟာ ​တွေ​ဝေ​နေတယ်​။ ဆိုင်​ရဲ့တ​ခုတည်း​သော ပြတင်း​ပေါက်​ကို​​ ​ကျော်​ပြီး အပြင်​ကို ကြည့်​​နေမိတယ်​။ အပြင်​မှာ ဖြတ်​သန်းဖြတ်​လာ​တွေ။ အိပ်​တန်းပြန်​ငှက်​​တွေနဲ့ ည​နေရီ။ အ​မှောင်​ရိပ်​ရိပ်​​နောက်​ခံနဲ့ ။ အ​မှောင်​ထဲမှာ သစ်​ရွက်​​တွေဟာ ပိုပြီးစိမ်းရင့်​​နေတယ်​။ မြင်​ကွင်းကို စိတ်​မှာ ကဗျာစာသားအဖြစ်​ ​ပြောင်းလဲဖို့ ကြိုး စား​နေမိတယ်​။ မရဘူး..အာရုံခံစားမှုဟာ ပါးလျဆူ​ဝေလို့။ အာရုံကိုဆက်​စပ်​စုစည်းလို့မရဘူး။
ဟော...  ​နောက်​​ကျောကို တ​စုံတ​ယောက်​က ဖျတ်​ခနဲ လာပုတ်​တယ်​။ အာရုံ အဆက်အစပ်​ဟာ ပြတ်​​တောက်​သွား။
စိတ်​​ရေ​သေ အိုင်​ထဲ ခဲတလုံး ပြုတ်​ကျသွား။

ဝုန်းခနဲ။ နောက်​​ကျောဆီ ကြည့်​လိုက်​တဲ့အခါ ကာလအတန်​ကြာ ကွဲကွာ​နေတဲ့ သူငယ်​ချင်း။ သူငယ်​ချင်းရဲ့မျက်​နှာ​ပေါ်မှာ အရင်​လိုအပြုံးနဲ့။

အရင်​လိုအမူအရာအ​ပြောအဆိုနဲ့။ သူငယ်​ချင်းက ​ရှေ့ကထိုင်​ခုံမှာဝင်​ထိုင်​ပြီး ​ကော်​ဖီတခွက်​နဲ့ စီးကရက်​တ​ပွဲ လှမ်းမှာတယ်​။ အခုချိန်​ထိ စကားတခွန်းမှ မ​ပြောဖြစ်​​သေးဘူး။  သူငယ်​ချင်းရဲ့မျက်​နှာကို ​ငေး​မောရင်း ကွဲကွာ​နေတဲ့နှစ်​ကာလ​တွေကို စိတ်​နဲ့ တွက်​ချက်​​နေမိတယ်​။ တကယ်​ဆို ​ကျောင်းပြီးသွားကတည်းက သူ ငယ်​ချင်း​ ​တော်​​တော်​များများနဲ့  အဆက်​အသွယ်​ ပြတ်​​တောက်​ခဲ့ရတာ။ သူငယ်​ချင်း​တော်​​တော်​များများနဲ့ ကွဲကွာခဲ့ရတာ။ ဒီလိုနဲ့ပဲ ဖြတ်​သန်းခဲ့ရတဲ့ ရက်​စွဲ​တွေ၊ ဖြတ်​သန်းခဲ့ရတဲ့ နာရီမိနစ်​​တွေဟာ ပိုပြီး မွန်းကျပ်​​ လေး လံလာခဲ့ရတာ။
အရင်​တုန်းကလိုပဲ သူငယ်​ချင်းက မီးညှိပြီးသားစီးကရက်​ကို ကမ်း​ပေးတယ်​။ 
မ​သောက်​​တော့ဘူးလို့ ​ခေါင်းခါပြလိုက်​​တော့ သူငယ်​ချင်းဟာ အံ့သြလို့။ သူ့နားကို သူမယုံကြည်​နိုင်​​​အောင်​ ဖြစ်​လို့။ ဘာဖြစ်​လို့လဲ။ ကျန်းမာ​ရေး​ကြောင့်​လား။ ဒါမှမဟုတ်​ ​ဆေးလိပ်​ကို တကယ်​ပဲ စိတ်​ကုန်​ခန်းသွားလို့ လား။ သူငယ်​ချင်းဆီက ​မေးခွန်း​တွေ ဆက်​တိုက်​ ပွင့်​အန်​ကျလာတယ်​။
တကယ်​ဆို အ​ဆောင်​​နေ​ ​ကျောင်းသားဘဝထဲက ​ဆေးလိပ်​ကို မက်​မက်​စက်​စက်​ ​သောက်​လာခဲ့တာ။ စာ ကျက်​ရင်းတန်းလန်း ညကြီးသန်​​ခေါင်​ကျမှ ​ဆေးလိပ်​​သောက်​ချင်​လာရင်​ ​ဆေးလိပ်​ကလည်း မရှိ​တော့။ ဆိုင်​​တွေကလည်းမဖွင့်​​တော့။ အဲဒီအခါမျိုးဆို တခြားအခန်း​တွေမှာ အိပ်​​နေတဲ့သူငယ်​ချင်း​တွေကိုနှိုးပြီး  ဆေးလိပ်​ကို မရမကရှာ​ဖွေခဲ့တာ။ အိပ်​ရာက အနှိုးခံရတဲ့သူငယ်​ချင်း​တွေဆိုတာ ဆဲဆိုလို့။ မြည်​တွန်​​ တောက်တီးလို့။ အဲဒီ​လောက်​အထိ  ​ဆေးလိပ်​ကိုစွဲလမ်းတပ်​မက်​ခဲ့ရတာ။ သူငယ်​ချင်းအံ့သြမယ်​ဆိုလည်း အံ့သြ​လောက်​စရာ။ အခုအချိန်​မှာ ​ဆေးလိပ်​လုံးဝမ​သောက်​ဖြစ်​​တော့။ အ​တွေး​တွေကို နွယ်​ရှင်​လို ဆုပ်​ညှစ်​ပတ်​ရစ်​ထားတဲ့​ဆေးလိပ်​​ငွေ့မျှင်​​တွေကို နည်းနည်း​လေးမှအလိုမရှိ​တော့။ ဆုံးဖြတ်​ချက်​ တ​ခုကို အခိုင်​အမာ ချပြီးသွားပြီ။ ကိုယ့်​ကိုယ်​ကို ကတိ​တွေ အထပ်​ထပ်​​ပေးလို့ ​သေချာ​နေခဲ့ပြီ။

သူငယ်​ချင်းနဲ့ ​ရောက်​တတ်​ရာရာ ​ထွေရာ​လေးပါး ​ပြောဆို​နေခဲ့တယ်​။ ဖြစ်​နိုင်​ရင်​ အချိန်​တိုင်းအချိန်​တိုင်းမှာ အနားမှာ သူငယ်​ချင်းတယောက်​မဟုတ်​တယောက်​ ရှိ​နေ​စေချင်​ခဲ့တာ။ တယောက်​တည်းရှိ​နေတဲ့အချိန်​မျိုးဆိုရင်​ ဘယ်​က​နေဝင်​လာမှန်းမသိတဲ့  အ​တွေး​ပေါင်းစုံနဲ့ အာရုံတခုလုံး ကိုင်​ရိုက်​ခံထားရသလို မွန်းကျပ်​နာကျင်​​နေခဲ့တာ။ တခါတုန်းက သူငယ်​ချင်းကဗျာဆရာဆီ​ရေးတဲ့စာထဲမှာ ဒီလိုမျိုးလားမသိ​ရေးခဲ့ဖူးတယ်​။ 
" လူအဖြစ်​ဆို တာ ခက်​ခဲကြမ်းတမ်းမယ်​မှန်း ငါသိပါတယ်​။ သိလို့လည်း ကိုယ့်​စိတ်​ကိုယ်​ထိန်းပါတယ်​။ အ​ပေါ်ယံကိုကြည့်​မယ်​ဆိုရင်​​တော့ ရယ်​​မော​ပျော်​ရွှင်​လို့ပါပဲ။ အဆင်​မ​ပြေမှု​တွေနဲ့အဆင်​​ပြေ​အောင်​ ​နေထိုင်​လျက်​ပါပဲ "။
ပြောကြစတမ်းဆိုရင်​ ဘဝမှာ နာကျင်​ကိုက်​ခဲစရာ​တွေ များပြား လွန်း​လို့အာရုံခံစားမှု​တွေဟာ ​ပျောက်​ဆုံးလု မတတ်​ဖြစ်​​နေခဲ့ပြီ။ အာရုံအ​ရေပြား​တွေဟာ  နာကျင်​မှု နည်းနည်း​လေးမှ မရှိ​တော့ဘူး။ မနာ​တော့ဘူး။ ငယ်​ ငယ်​တုန်းက လက်​ဖမိုး​ပေါ်ကျခဲ့တဲ့ မျက်​ရည်​တစ်​စက်​ဟာ ဘယ်​​သောအခါမှ ​ခြောက်​​သွေ့သွားမှာ မဟုတ်​​တော့ဘူး။

ဒီလိုနဲ့အချိန်​​တွေ ကြာလာခဲ့ပြီ။ စက္ကန့်​တံ​တွေ တဖြည်းဖြည်းနဲ့ ကုန်​လွန်​လာခဲ့ပြီ။ သူငယ်​ချင်းနဲ့ စကားစ မပြတ်​​သေး။ သူတခွန်းကိုယ်​တခွန်းနဲ့။ တခါတခါမှာ နှစ်​​ယောက်​သား​ပြောချင်​​ဇောနဲ့ လု​ပြောမိကြတာ။ သူငယ်​ချင်းစကားထဲမှာ ရယ်​​မောစရာပါလာခဲ့တိုင်း ဟက်​ဟက်​ပက်​ပက်​နဲ့ ရယ်​​မောမိတာ။ ခု သူငယ်​ချင်း တာဝန်​ကျ​နေတဲ့ ​နေရာ​လေးဟာ မြန်​မာပြည်​ရဲ့​တောင်​ဖက်​စွန်းစွန်းကျတဲ့ မြို့ငယ်​​လေးတ​ခုမှာ။ 
အဲဒီမြို့​သေး​သေး​လေးကိုရောက်​ရှိဖို့ရာ ​ရေတတန်​ ကားတ​တန်​နဲ့ ရက်​သတ္တတ​ပတ်​​လောက်​ ကြာမြင့်​​အောင် သွားရတာ။ သူငယ်​ချင်းရဲ့မျက်​နှာကို​ငေးစိုက်​ကြည့်​​နေမိတယ်​။ ​နောက်​တ​ခါ  ပြန်​ဆုံဖို့ဆိုတာ ​​လောက်​​ တောင်​ကြာမြင့်​ဦးမှာလဲ။ တစ်​နှစ်​လား။ နှစ်​ နှစ်​လား။ ဒါမှမဟုတ်​ အလင်းနှစ်​​ပေါင်းများစွာလား။ အာရုံပိုက်​ကွန်​မှာ ကျားနာဟာ ပိတ်​မိနာကျင်​လို့။ ကျားနာဟာ ​တောသုံး​တောင်​ ​အော်​ဟစ်​မြည်​တမ်းလို့။

စကား​တွေဆက်​​ပြော​နေရင်း သူငယ်​ချင်းက ​သောက်​လက်​စ စီးကရက်​ကို ကမ်း​ပေးပြန်​တယ်​။ စိတ်​မှတ်​မဲ့စွာနဲ့ လှမ်းယူမလို လုပ်​​တော့ နှစ်​​ယောက်​သားမတိုင်​ပင်​ရဘဲ  ပြိုင်​တူရယ်​​မောမိတယ်​။ ဒီလိုနဲ့ပဲ ဆက်​​ပြော ဖြစ်​တဲ့စကား​တွေထဲမှာ အ​ကြောင်းအရာများစွာ။ အဖြစ်​အပျက်​ များစွာ။ တ​ခါတ​လေတိုက်​ဆိုင်​ခဲ့ရင်​ မဂ္ဂဇင်း တွေမှာ သူငယ်​ချင်းရဲ့ကဗျာ​လေး​တွေကို တွေ့ရတတ်​တာ။ သူငယ်​ချင်းတာဝန်​ကျတဲ့မြို့ငယ်​​လေးမှာလည်း စာအုပ်​ဆိုင်​ဆိုလို့ ရှားရှားပါးပါး တဆိုင်​တည်းပဲရှိတာ။တင်​ထားတဲ့စာအုပ်​​တွေကလည်း များ​သောအားဖြင့်​ နှစ်​​ကျော်​ လ​ကျော်​​တွေချည်း  ဖြစ်​​နေတတ်​တာ။

ဆိုင်​ရဲ့အပြင်​ဘက်​ကို ဖျတ်​ခနဲ လှမ်းကြည့်​မိတယ်​။ မကြာခင်မှာ မိုးရွာ​တော့မှာလား။ ဝန်းကျင်​တခွင်​မှာ မိုးရိပ်​မိုးသား​တွေဟာ ​ချောင်း​မြောင်းတွားတက်​လို့။
         
ဒီလိုနဲ့ပဲ ဆိုင်​​လေးထဲမှာ လူသူ​လေးပါးနဲ့ သိပ်​သည်း​လေးလံလာခဲ့ပြီ။ ​ဆေးလိပ်​မီးခိုး​ငွေ့​တွေ ပိုလို့ ထူထပ်​လာခဲ့ပြီ။ လူ​တွေရဲ့ ကိုယ်​ခန္ဓာထဲက​နေလွင့်​ဖွာရုန်းထွက်​​နေတဲ့ ကိုယ်​​ငွေ့​ချောင်း​ ချောင်းကိုအာရုံဟာ အ​သေ အချာသိ​နေခဲ့တယ်​။ မျက်​လုံး​တွေကို မှိတ်​ထားလိုက်​ရင်​ ပိုပြီးသိသာလာသလိုပဲ။ အ​မေ့ကို ဖျတ်​ခနဲသတိရ မိတယ်​။ ဒီလိုအချိန်​မျိုးမှာ အ​မေဘာလုပ်​​နေမှာလဲ။ သူ့ဘဝရဲ့​နေ့စဉ်​မှတ်​တမ်းကို အ​မေဘယ်​လို ဖြတ်​သန်း နေလဲ။အ​မေ့ဆီ ဖုန်းဆက်​ချင်​စိတ်​ ဖြစ်​မိတယ်​။ ဒီလိုအချိန်​ အ​မေဟာ အ​ဝေးကသားတယောက်​ရဲ့ ဖုန်း​ခေါ် သံကို ​စောင့်​​မျှော်​​နေမှာလား။ ချည်​တိုင်​ဆီပြန်ရောက်​ဖို့ သိုးမည်းတ​ကောင်​ဟာ လမ်း​တွေ ပျောက်​ဆုံးသွား ခဲ့ပြီလား။ တံလှပ်​​တွေလို။

ပြန်​ကြရ​အောင်​ကွာ။ သူငယ်​ချင်းက လှမ်း​ပြောတယ်​။ မီး​ရောင်​မှိန်​မှိန်​ဟာ သူငယ်​ချင်းရဲ့ မျက်​နှာ​ပေါ်ကို အရိပ်​တခုလို ထိုးဆင်းလို့။ ဘာ...ပြန်​ကြ​တော့မယ်​.. ဟုတ်​လား။ သူငယ်​ချင်းကို တခုခုပြန်​​ပြောဖို့ အားယူ​ နေမိတယ်​။ အ​တွေးမှာ ခံစားမှုနံရံဟာယိမ်းယိုင်​လို့။ ပြိုကွဲလုမတတ်​​တွေ​ဝေလို့။ ပြန်​ကြရ​အောင်​လို့ ပြော လိုက်​တဲ့ သူငယ်​ချင်းရဲ့စကားလုံး​တွေဟာ သူ့ခန္ဓာကိုယ်​ရဲ့အတွင်းသား​ထဲအထိ စီးဝင်​ပျံ့နှံ့သွားတယ်​။

ဆိုင်​အပြင်​ကိုလှမ်းကြည့်​လိုက်​​တော့ ည​နေခင်းဟာ ​ရေး​ရေးမှုန်​မှုန်​​လေးပဲ ကျန်​​တော့တယ်​။
ဖြန့်​ကျက်​တွားတက်​လာတဲ့အ​မှောင်​ရိပ်​​အောက်​မှာ​တော့ ငြိမ်​သက်​​နေတဲ့ နံရံ​တွေ။     ။

ဘုန်း ​နေ သွန်း


Comments