ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၄၂ )
လွတ်လပ်လှိုင်း ခေတ်ပေါ်ကဗျာများကို ကြိုဆိုခံစားကြည့်ခြင်း
ကိုနိုင်း
“လွတ်လပ်လှိုင်း” လွှတ်လိုက်ပြီဟေ့ဆိုပြီး ကမ္ဘာအစွန် နယူဇီလန်ကျွန်းလေးေ ပ်ါကကဗျာဆရာ၊ အယ်ဒီ တာ (ကို)ခင်လွန်းရဲ့အော်ပြောလိုက်တဲ့ အသံကိုကြားလိုက်ရတယ်။ ဒီအသံကြားလိုက်ရတာကြောင့် ကျွန် တော့်အခန်းလေးထဲမှာတွေးေ နတာကိုရပ်လိုက်ပြီး၊ ပြတင်းတံခါးကို ကပျာကယာ ထဖွင့်လိုက်မိတယ်။ ဇာခန်းဆီးကိုလွတ်လပ်လှိုင်းတွေ လွတ်လွတ်လပ်လပ်တိုးဝှေ့တိုက်ခတ် လာကြတယ်။ လွတ်လပ်လှိုင်းရဲ့ လွင့်ပျံ့လာတဲ့ရနံ့ကို ကျွန်တော်ငြိမ်သက်စွာ ခံစားရှုရှိုက်လိုက်မိတယ်။ လွတ်လပ်လှိုင်း ဆိုတာတဲ့ ...။
တကယ်တော့လွတ်လပ်လှိုင်းဟာ ကျွန်တော်နိုင်ငံမှာလိုအပ်မှုများစွာရှိနေတဲ့ ရသနယ်ကြီးထဲကို ဖြည့်စွက်မှု တခုအနေနဲ့ ခေတ်ရေစီးကြောင်းအတိုင်း စီးဆင်းလာခဲ့ပါတယ်။
ပြောမယ်ဆိုရင် ပုံနှိပ်မဂ္ဂဇင်းတွေတအိအိပြိုလဲ ကျနေတဲ့အချိန်မှာ လွတ်လပ်လှိုင်းဟာ အွန်လိုင်းမဂ္ဂဇင်း အဖြစ် ထွက်ပေါ်လာရတာပါ။ စာပေရေးသားသူတွေ၊ စာပေ၀ါသနာပါသူတွေအတွက် ရသကိုခံစားနိုင်ဖို့ ကွက်လပ်တခု ကို အယ်ဒီတာ (ကို)ခင်လွန်းနဲ့(ကို) မောင်စိုးသစ်တို့က ကြိုးစားတင်ဆက်မှုပါ။ သူတို့အနေနဲ့ ရည်ရွယ်မှုကို ဒီလိုပြောပြပါတယ်။
”လူမျိုးစုံယဉ်ကျေးမှုကဏ္ဍနဲ့ပတ် သက်တဲ့စာမျက်နှာတခုကို လွတ်လပ်လှိုင်းရဲ့ဥပစာမှာဖွင့်လှ စ်ထားရှိ ရတဲ့ တခုတည်းသောအကြောင်းကတော့ လူမျိုးပေါင်းစုံယှဉ်တွဲနေထိုင် တဲ့ နိုင်ငံတနိုင်ငံမှာ လူမျိုးတမျိုး ရဲ့အခွင့်အရေးကို အခြားလူမျိုးတမျိုးက အသိအမှတ်ပြုလက်ခံကြစေလိုတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါ တယ်။ ဒါ့အပြင် လူမျိုးတမျိုးနဲ့ လူမျိုးတမျိုးအကြား ပဋိပက္ခနည်းပါးစွာနဲ့ ထွန်းကားစေလိုတဲ့ ရည်ရွယ် ချက်ပဲဖြစ်ပါတယ်”တဲ့။
ရည်ရွယ်ချက်ကောင်းကောင်းနဲ့ဦးတ ည်လွှင့်လိုက်တဲ့ လွတ်လပ်လှိုင်းရဲ့သန့်ရှင်းတက်ြ ကွစွာရိုက်ခတ်လာတဲ့ ရနံ့တွေထဲမှာ ခေတ်ကိုလည်း တွေ့လိုက်ရပါတယ်။ ရသတွေကိုလည်း ရှုရှိုက်လိုက်ရပါတယ်။ အခုတော့ လွင့်ပျံ့လာတဲ့ခေတ်ပေါ်ကဗျာတွေကိုစတင်မိတ်ဆက်ပေးချင်ပါတယ်။ ကြည်နူးကျေနပ်စွာနဲ့ကြိုဆိုလို က်မိ ရင်း ခံစားမိလိုက်တဲ့ခေတ်ပေါ်ကဗျာအချို့ ကို ပြန်လည်ခံစားကြည့်စေချင်လို့ မျှဝေပေးလိုက်ပါတယ်။
ခေတ်ကြီးကိုမြင်အောင်ပြလိုက်တဲ့ေ ခတ်ပေါ်ကဗျာတပုဒ်ကတော့ ကဗျာဆရာ ”ဇော်လူစိမ်း” ရဲ့ ”ရန်ကုန် ကို ကိုင်လှုပ်ခဲ့သော စက္ကန့်များ” ကိုခံစားကြည့်လိုက်ပါ။
ဝဇီရာရုံအောက် ဖြန့်ခင်းထားတဲ့ဝေါရှိထဲမှာ
မိုးအုံ့နေတဲ့ နေ့တစ်နေ့
ကင်းကောင် တစ်ကောင်
စစ်ကြိုခေတ်ထဲကနေ စစ်ပြီးခေတ်ဆီကို ခုန်ကူးလိုက်တယ်။
မောင်ဂိုမာရီလမ်းပေါ်မှာ လိုက်ဆွဲနေတဲ့
ငရဲခွေးကြီးတစ်ကောင်ကို ကိုင်ပေါက်ချ
အတွင်းဝန်များရုံးခေါင်မိုးပေါ်ကေ နထိုင်ပြီး
ဥသြသံအရှည်ကြီးလို ဆွဲအူနေတုန်း
နှုတ်ခမ်းနီတောင့်ကို လှည့်ထုတ်လိုက်တဲ့အတိုင်း
လွတ်လပ်ရေးကျောက်တိုင်ဟာ အမြန်ရှည်ထွက်လာတယ်
အားလုံးကြယ်သီးတပ်ချိန်မရလိုက်ဘူး
ဓားထုတ်ချိန်မရလိုက်ဘူး။
ဒီလိုစပြီးရေးဖွဲ့လိုက်ပါတယ်။ ဗိုလ်ချုပ်တို့ကျဆုံးချိန်ကနေ ခေတ်ကိုတည်လိုက်တာကိုတွေ့ရမှာပါ ။ ကဗျာဆရာဇော်လူစိမ်းက စစ်ကြိုခေတ်ကနေ စစ်ပြီးခေတ်ကို ခုန်ကူးချင်ကြောင်းကို ဒီလိုပြောပြလိုက် ပါတယ်။
ပြည်တော်သာအုတ်ကြွပ်ခေါင်မိုးတွေေ ပ်ါကနေ
ခုန်ခုန်ပြီး ဖရေဇာလမ်းပေါ်ကူးလာ
စစ်သားရုပ်တွေဆီကနေ သေနတ်တွေဖြုတ်ယူသွား
၂၉ လမ်းထိပ်က ကလေးမလေးဆီကနေ
ရေခဲမုန့် လုစားသွား
လမ်းဘေးဈေးတန်းကနေ ပစ္စည်းတွေလုသွား
ဗဟိုတရားရုံးအမိုးပေါ်ကနေ
သေနတ်တွေလက်တည့်စမ်းလို့
သေနတ်ကထွက်တဲ့ မီးခိုးတွေနဲ့အပြိုင်
မိုးက အုံ့အုံ့ကြီး။
ဖရေဇာလမ်းကို ခေတ်ကြီးဖြတ်သန်းနေတဲ့ ကာလတွေနဲ့ယှဉ်ပြလိုက်ပါတယ်။ သူပြတဲ့ခေတ်တွေထဲမှာ စစ်အာဏာရှင်တွေပါလာပါတယ်။ နောက်တရားဥပဒေမဲ့နေတဲ့ ခေတ်တခုကိုလည်းပြလိုက်ပါတယ်။ စစ်ကြိုခေတ်ကနေစစ်ပြီး ခေတ်ရောက်လာတဲ့အချိန်မှာလည်း သေနတ်တွေ မီးခိုး တလူလူထွက်နေတုန်း ပါပဲ။ စစ်ပြီးခေတ်ကိုခုန်ကူးခဲ့ပေမယ့် ခုန်ကူးခဲ့တဲ့ခေတ်ကြီးကလည်း စစ်မီးတွေတောက်လောင်နေတုန်းပါပဲ ။
ဒီစစ်မီးတောက်တွေငြိမ်းသတ်နိုင် ဖို့ လူတွေရဲ့ အတ္တတွေ၊ လောဘဇောတွေ၊ အာဏာရယူလိုမှုတွေကို အရင်ငြိမ်းသတ်ရမှာပါ။ လူတွေမှာ အတ္တတွေ၊ လောဘဇောတွေ၊ အာဏာရယူလိုမှုတွေကပ်ငြိနေသမျှ စစ်မီးတောက်လောင်နေဦးမှာပါပဲ။ သေနတ်တွေမီးခိုးတလူလူ ထွက်နေဦးမှာပါ။
ပုရွက်ဆိတ်လိုလူတွေဟာ
ဗန္ဒုလလမ်းပေါ်မှာ အပြည့်၊ ဆူးလေဘက်ဆီ
ကင်းကောင်ဟာ အနာမကျက်သေးသလို ဒေါသနဲ့
ပုရွက်ဆိတ်တွေဆီ လိုက်တက်နင်းနေတာ
လမ်းပေါ်မှာ လူသေတွေကျန်ခဲ့တယ်
ထမင်းအသိုးတွေကျန်ရစ်ခဲ့တယ်
အကြောက်အလန့်တွေ ကျန်ရစ်ခဲ့တယ်
ကျိန်ဆဲခြင်းတွေကျန်ရစ်ခဲ့တယ်
ယင်အုံနေတဲ့အနာတွေ ကျန်ခဲ့တယ်
လောက်တွေ ပွားလာတယ်။
ခေတ်ပြကွက်တွေကိုတကွက်ချင်းပြသွားတာကို ခေတ်နဲ့အတူလိုက်ပါကြည့်ရှုနေရသလို ပါပဲ။ ကျွန်တော်တို့မျှော်လင့်ခြင်း ကြီးစွာထားခဲ့ရတဲ့ ခေတ်ကြီးကိုပြန်ကြည့်လိုက်မိတော့ ခေတ်ဆွေးကြီးထဲမှာ ထပ်ပြီး ပုပ်ပွပြီး အနံ့ဆိုးတွေ ထွက်နေပါတယ်။ အဓိကပြောချင်တာကတော့ လူတွေရဲ့စိတ်မှာ အကြောက် တရားတွေကြီးထွားစွာကျန်ခဲ့ တာပါပဲ။
စစ်ရောက်ခါနီးမှာ
ထွက်သွားတဲ့ရထားကြီးလည်း
လမ်းမှာအိုသွားတဲ့ စစ်ပြေးဒုက္ခသည်အပြည့်နဲ့ပြန်ဆို က်လာ
ဝဇီရာရုံအောက်က
ကျီးလန့်စား ဈေးသည်ဟာ
ဝေါရှိကိုအမြန်ပြန်လိပ်လိုက်တယ်
ကင်းကောင်ဟာ ရှိနေတာ သေချာပေမယ့်လို့
ပျောက်ချက်သားကောင်းနေတော့တာပဲ။
(ကြာမြင့်ချိန် ၅၅ စက္ကန့်)။
ကဗျာဆရာပြောတဲ့ပျောက်ချက်သားကော င်းနေတဲ့ ကင်းကောင်ကြီးဟာ ဘာဖြစ်မလဲဆိုတာစဉ်းစားကြည့် ရင် သိနိုင်ပါတယ်။ ကင်းကောင်ကြီးတွေမှာ လက်မည်းကြီးတွေရှိနေတာကိုလည်း သိကြမှာပါ။ ကဗျာဆရာဇော်လူစိမ်းရဲ့ခေတ်ေ ပ်ါကဗျာက ရသခပ်ပါးပါးနဲ့ခေတ်ကိုပြောသွား၊ ပြသွားပါတယ်။
ဒီကဗျာကိုဖတ်ပြီးကျွန်တော်တို့ေ ရာက်ရှိနေတဲ့ခေတ်ကို တွေးမိပါလိမ့်မယ်။ လွတ်လပ်လှိုင်းကိုဆက်ပြီး ခံစားကြည့်လိုက်တဲ့အခါ အဝေးရောက် ညီငယ်ကဗျာဆရာတယောက်ဆီက မေးခွန်းထုတ်သလိုလိုနဲ့ လူတယာက်ကွယ်ဝှက်ထားလိုက်ပါတယ်။ သူကတော့ အမေရိကန်ရောက်နေတဲ့ ခေတ်ပေါ်ကဗျာဆရာ “လင်းနွေးအိမ်” ပါပဲ။ သူပြောတဲ့ ”ကိုယ်ရောင်ဖျောက်ထားတဲ ဟစ်တလာ” ကိုရှာဖွေကြည့်လိုက်ပါ။
ခါးကြားမှာ ထိုးထားတဲ့ တူတွေကိုမေ့ထားပြီး
နံရံကြီးကိုဘယ်လိုဖြိုမလဲလို့
နှစ်ပေါင်းများစွာ စဉ်းစားရင်း
နံရံကကျောက်သားဖြစ်။
ကင်းဘတ်စမှာတင်မယ့် အခရိုင်းလစ်ဆေးစပ်သလို
ခါးကြားကတူနဲ့
စဉ်းစားခန်းအတွေးအခေါ်ပေါင်းစပ်မှ
ဘာလင်တံတိုင်းဖြိုချလိုက်တဲ့ဓာတ် ပုံလို
ပျံသန်းခြင်းပုံတပုံရမယ်။
ဟစ်တလာ တကယ်သေတာ
ဘယ်သူမှသက်သေမပြနိုင်သေးဘူး
သူ
အာရှဘက်မှာ
သက်တောင့်သက်သာ စာဖတ်နေတုန်းပေါ့။
ကဗျာဆရာပြောသလို ကျွန်တော်တို့ခါးကြားမှာထိုးထား တဲ့တူကို ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာ အလွန် အင်မတန်မှ အရေးကြီးပါလိမ့်မယ်။ ဒါကို အသုံးမပြုနိုင်သေးရင်တော့ ဘာလင်တံတိုင်းဖြိုလိုက်တဲ့ဓာတ်ပုံ တပုံကိုကြည့်ပြီး အနာဂတ်ကို ခပ်မှိုင်းမှိုင်းတွေးကြည့်နေရမှာ ပါပဲ။
တကယ်တော့ ကမ္ဘာကြီးပေါ်ကမြေပုံတော်တော်များ များပေါ်မှာ ချိုးဖြူငှက်တကောင် သံလွင်ခက်ကိုချီပြီး ပျံသန်းနေတာ ကို တွေ့မြင်ကြမှာပါ။ ကျွန်တော်တို့နိုင်ငံမှာတော့ ပျံသန်းလာမယ့် ချိုးဖြူငှက်လေးတကောင် ဟာ ဒဏ်ရာပရပွနဲ့ တောင်ပံကျိုးနေပါတယ်။ ဒီလိုဘာကြောင့်ဖြစ်နေရသလဲ။ အမှန် တကယ် ဟစ်တလာ မသေသေးဘူးဆိုတာပြနေပါတယ်။ ချိုးငှက်မပျံနိုင်တဲ့မြေပုံလေးေ တွမှာတော့ ဟစ်တလာရှင်သန်နေတုန်း ပါပဲ။ ဒါဆိုရင်တော့ စာဖတ်သူကြီးတွေက စစ်တုရင်ကစားခြင်းကို တွေးနေဦးမှာပါပဲ။
ကျွန်တော်တို့ခေတ်ကိုတွေးပြီး စိတ်ကူးယဉ်နေကြတာလား။ ပြန်စဉ်းစားလိုက်မိပါတယ်။ ကျွန်တော်တို့ ခေတ်ကိုတွေးပြီး စိတ်ကူးယဉ်နေတာကို အမှောင်ညထဲမှာ ဝံပုလွေတကောင်က ကောက်ကျစ်စွာချောင်းနေ ပါတယ်။
ဒါကိုသတိပေးလိုက်တဲ့ခေတ်ပေါ်ကဗျာ တပုဒ် လွတ်လပ်လှိုင်းပေါ်ကနေ အငွေ့အသက်ကိုခံစားမိလိုက်ပါ တယ်။ ကဗျာဆရာ”ဝါကျဖြူ” ရဲ့ “မျက်ဝန်းထဲက သုဿန်များ” ကဗျာမှာ ခံစားလိုက်မိပါတယ်။
ဘတ်စ်ကားတွေက တိမ်တွေထဲ
အဆံမဲ့ခရုတွေရဲ့ကျဉ်းမြောင်းလှတဲ့ လူ့ဘဝထဲ
ဝမ်းဗိုက်တလုံးပေါ်က မျက်နှာဖုံးတွေ
ဘယ်နှစ်ကြိမ်မြောက်ဖိနပ်ရာတွေကို
မြစ်တမြစ်၊ ရှုခင်းတခုလို
ငါငေးမောနေရအုန်းမှာပဲ။
အဲဒီအတွက် အိုမင်းခြင်းကို
နာရီလက်တံတွေပေါ်က တဖျတ်ဖျတ်ခုန်ချနေတဲ့
အသိဉာဏ်ပေါ်ကို နာကျင်မှုတွေ
ဂစ်တာကြိုးပေါ်က စင်ထွက်လာတဲ့သံစဉ်တွေကို
ဝံပုလွေတကောင်ချောင်းမြောင်းနေတဲ့ ညထဲမှာ
ရိုးတံရှည်လများ မျက်ဝန်းနဲ့ဝှက် သယ်လာမလား
အိုး.. ကျမ်း..သစ္စာ။
သေဆုံးခြင်းတို့ရဲ့
မနက်ဖြန်စာ ငါဖြစ်နေခဲ့တာ
ကဗျာတပုဒ်ရဲ့အလျားဟာ စကြ၀ဠာဖြစ်နေခဲ့တာ
တကယ်တော့ ဘဝတခုလုံး ကြောရိုးလိုချနင်းခံပြီးမှ
အမြုတေခွင့်ရတဲ့ ဝံပုလွေတကောင်ရဲ့
ဝမ်းဗိုက်ထဲက သင်္ချိုင်းမြေနေရာ။
ကျွန်တော်တို့ အစီအစဉ်မကျတဲ့ခေတ်ထဲက ဖြစ်စဉ်တွေကို အကြိမ်ပေါင်းများစွာဖြတ်သန်းနေရ ပါတယ်။ ဒီ ဖြတ်သန်းနေရတဲ့လမ်းဟာ တဖြည်းဖြည်းနဲ့ကျဉ်းမြောင်းလာပါ တယ်။ ဒီကျဉ်းမြောင်းလာတဲ့လမ်းကို အကြိမ် ကြိမ်ဖြတ်သန်းရင်း မြစ်တမြစ်လို၊ ရှုခင်းတခုလို ငေးမောနေရအုန်းမှာပါပဲ။ ဒီငေးမောနေတာက စိတ်ကူး ယဉ်ဆန်နေမယ်ဆိုရင် အမှောင်ညထဲကအလစ်အငိုက်ကိုချောင်းမြောင်းနေတဲ့ ဝံပုလွေတကောင်ကိုသတိ မထားမိပဲ ဖြစ်ပါလိမ့်မယ်။ ဒါဆိုရင်တော့ ချောင်းမြောင်းနေတဲ့ ဝံပုလွေအစားခံလိုက်ရမှာပါပဲ။
ကျွန်တော်တို့ဖြတ်သန်းနေတဲ့ခေတ် ကြီးကလည်း ဝ့ပုလွေတကောင်ချောင်းနေသလို အင်မတန်မှ အန္တရာယ် များနေပါတယ်။ အန္တရာယ်များနေတဲ့ ခေတ်ထဲမှာ သတိရှိနိုင်မှ ရှင်သန်နိုင်မှာပါ။ ကျွန်တော်တို့ဟာ အမိုး အကာမဲ့နေတဲ့ခေတ်ကြီးထဲမှာ အမှောင်ညတွေ အလွန်ရှည်လျားနေပါတယ်။ ဒါပေမဲ့ တချိန်ချိန်မှာတော့ အရုဏ်ဦးအလင်းတစ ပွင့်လန်းလာလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။
လွတ်လပ်လှိုင်းလဲ ပွင့်လန်းလာမယ့် အရုဏ်ဦးထဲကို အရောက်ပျံသန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။
ကိုနိုင်း
ခံစားသုံးသပ်မိသောကဗျာများ
လွတ်လပ်လှိုင်းအွန်လိုင်းမဂ္ဂဇင်းခေတ်ပေါ်ကဗျာများ။
၁။ ဇော်လူစိမ်း(ရန်ကုန်ကိုကိုင်လှု ပ်ခဲ့သော စက္ကန့်များ)
၂။ လင်းနွေးအိမ်(ကိုယ်ဖျောက်ထားတဲ့ ဟစ်တလာ)
၃။ ဝါကျဖြူ(မျက်ဝန်းထဲက သုဿာန်များ) -
The Sun Rays Journal, Vol-1, No-178, Dece 16, 2017
Comments
Post a Comment