နံရံဟာ လေးလံလာတယ်
ငါ
ရပ်ကြည့်နေတုန်း မျက်နှာကြက်မှာ ကပ်ထားတဲ့
မီးချောင်းတွေက
တချောင်းပြီးတချောင်း ကျကွဲကုန်တယ်
ဖန်ကွဲစတွေပေါ်လှမ်းဖို့
ငါ့ခြေထောက်တွေ တုန်ရီနေတုန်း
လက်ငါးချောင်းအပြည့်
ကြယ်တွေတပ်ထားတဲ့အခန်းထဲ
အိပ်ပျော်နေတဲ့ဇီးကွက်တကာင်ဟာ
နိုးထလာပြီး
တောင်ပံတဖျပ်ဖျပ်ခတ်ကာ
ကျယ်ကျယ်လောင်လောင်
သမ်းဝေလိုက်တယ်
ငါ့သွေးတွေ
ပိုခုန်သွားတယ်
မိုးတွေသည်းလာတဲ့
မြင်ကွင်းတခုဟာ ငါ့မိုးကာ အင်္ကျီထဲရောက်လာ
ပလပ်ပေါက်ထဲမှာ
လေထုဟာ မှောင်လို့ကောင်းတုန်း
ငါ့ စနေ
တနင်္ဂနွေတွေက ပင်လယ်နံ့တွေ ပျောက်ဆုံးနေတုန်း
ညက
ငါ့အတွေးထဲသာယာခဲ့တဲ့ စော်တဗွေဟာ
ငါ့ရှေ့ကနေ
မီးနီကိုဖြတ်မောင်းသွားတဲ့ကားပေါ် ပါသွားတာ
တွေ့လိုက်တယ်
ငါ့သွေးတွေပူလာတယ်
ငါ့လက်ထဲရောက်လာတဲ့
ရေသန့်ဗူးတွေက တံဆိပ်မျိုးစုံ
ရေခဲရိုက်ထားတဲ့အတိုင်း
အငွေ့ကလေးတွေထွက်နေတုန်း
နံရံက
စိမ့်ထွက်လာတဲ့အသံတွေဟာ
ငါ့နားကို
လာ လာ ကိုက်ခဲတယ်
ငါ့မျက်လုံးတွေ
ရောက်သွားတဲ့ကောင်တာမှာတော့
ဇီးကွက်
တကောင်က ပြုံးပြုံးကြီးနဲ့ခန့်ခန့်ကြီး။ ။
ဒီလူည
.....
တောနက်ထဲက အော်သံ
POS |
သစ်ပင်ဖြတ်နေတဲ့
စက်သံတွေ တောနက်တခုလုံးကို
လွမ်းမိုးထား ။
အပြစ်မဲ့တဲ့အပင်တွေက
လွှစက်တွေအောက် ဝမ်းနည်းစွာနဲ့
ပြိုလဲခဲ့ရတယ် ။
စက်သံတွေ တောနက်တခုလုံးကို
လွမ်းမိုးထား ။
အပြစ်မဲ့တဲ့အပင်တွေက
လွှစက်တွေအောက် ဝမ်းနည်းစွာနဲ့
ပြိုလဲခဲ့ရတယ် ။
လောဘသံများစွာ
တတောလုံးမှာ
မြည်ဟိန်းနေ။
ငါတို့တားဆီးပေမဲ့
တားခွင့်မရခဲ့ဘူး
ခွင့်လွှတ်ပါကွယ် ။ ။
ဆိုင်းဗျူ
...
Comments
Post a Comment