ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၇ )
ဘဝကိုရေးနေတဲ့ကာရန်များ
ကိုနိုင်း
ကျနော်တို့ကခေတ်ကိုအမီလိုက်ေ နရသလို၊ တခါတရံမှာတော့ ခေတ်ကိုငေး ကြည့်နေရတယ်။ ဒီခေတ်ကြီးထဲမှာ ရှုပ်ထွေးမှုတွေ၊ လုပ်ကြံမှုတွေ၊ မနာ လိုမှုတွေ၊ ကိုယ့်ကိုယ်ကိုအထင်ကြီးမှုတွေနဲ့၊ ဒီလိုနဲ့ဘ၀တွေ ရှင်သန်နေကြတယ်။ အချောင်ခိုပြီး နေတတ်အောင် နေနေကြသူတွေလည်းများ လွန်းတဲ့ခေတ်က မြို့ပြဟန်ဆောင်လို့ပေါ့။ တကယ်ေ တာ့ မြို့ပြဆိုတာကလည်း လိမ်လည်မှုေ တွ ကျွမ်းကျင် ယောင် ဆောင်တတ်တယ်။ေ နာက်တော့လည်း မြို့ပြတွေက ကျေး လက် အယောင်ဆောင်၊ ကျေးလက်တွေက မြို့ပြ အယောင်ဆောင် နေကြတယ်။ ဒီဇာတ်လမ်း ထဲမှာ နောက်ဆုံးတော့ ပြီးပါပြီဆိုတဲ့ စာ တမ်းတခုတော့ ထိုးလိုက်မှာပါပဲ။ အခုနေတော့ သူရဲကောင်းတွေ၊ ဗီလိန်တွေ ရောနှော လို့ကောင်းတုန်းပါပဲ။ ဒါကို မိုးမခ မဂ္ဂဇင်းထဲမှာ ကဗျာဆရာနရီမင်းက ဒီဇာတ်ညွှန်းဆိုပြီး ကာရန်ဖွဲ့ပြောလိုက်ပါတယ် ။
လူ့ဘ၀ဆိုတာ ဇာတ်ခုံတခုလို့
ရှိတ်စပီးယား ပြောတာမျိုးကို
လူတိုင်းနားလည်နိုင်ပါတယ်။
ဒါပေမဲ့
ဇာတ်ညွှန်းတချို့က
အဖြစ်အပျက်တွေ အစီအစဉ်ချထားတာမဟုတ်ပဲ
အဖြစ်အပျက်နဲ့ ရိုက်ခတ်ချက်တွေကို
တွက်ချက်စီစဉ်ထားတာမျိုးဆိုတာ
လူတိုင်းနားမလည်နိုင်ပါဘူး။
လူတိုင်းနားမလည်နိုင်ပါဘူးဆိုတဲ့ အတွေးကိုတော့ ပြန်တွေးမိပါလိမ့်မယ်။ လူသားတွေ ရဲ့ဘဝဖြစ်စဉ်တွေမှာ ကဗျာဆရာကပြောသလို အစီအစဉ်မချထားပေမယ့် အစီအစဉ်ချထားသလိုမျိုး ဖြဖစ်နေတာေ တွ ကြုံဖူးပါလိမ့်မယ်။
ဒါကို ကံကြမ္မာက ဖန်တီးတာလို့ ထင်မှ တ်ကောင်း ထင်မှတ်ကြပါလိမ့်မယ်။ ဘ၀အမျိုးမျိုး ကြုံတွေ့ရမှာပါ။
ငိုလိုက် ရယ်လိုက် ခံစားနေမှာထက်
ကန့်လန့်ကာနောက်ကိုသွားရမယ်။
ဘာပဲဖြစ်ဖြစ်
ဇာတ်ညွှန်းအတိုင်း
တကယ့်ဘ၀က ဖြစ်ပျက်ပေးနေရတာတွေဟာ
ဘုရားသခင်ရဲ့ရက်စက်မှုလား
ကျီစယ်တာလား
ဒဏ်ခတ်မှုတွေပဲလား။
ဘုရားသခင်ဟာ ပျောက်ဆုံးနေတာမို့
ဒီဇာတ်လမ်းမှာ
သူရဲကောင်းရယ် ဗီလိန်ရယ်ဆိုတာမရှိ
ဓားစာခံတွေသာရှိခဲ့တယ်။
ကဗျာဆရာရဲ့အမြင်အရဆိုရင် ကျနော်တို့တိုင်းပြည်မှာ ဘဝတိုင်းဟာ ဓားစာခံဖြစ်နေကြတယ်။ ဒါကိုလက်ခံတဲ့လူတွေလည်း ရှိမှာပါ ။ ကိုယ့်ကိုယ်ကိုယ်သူရဲကောင်းလို့ ထင်နေသူတွေလည်း ရှိတယ်ဆိုတာ အားလုံးသိကြပါတယ်။ လောကရဲ့ဒဏ်ခတ်ခံမှုကို ခေါင်းေ ပါ် အကျမခံပဲ ခေါင်းရှောင်တတ်သူတွေကလည်း သူတို့ကိုယ်သူတို့ သူရဲကောင်းအမည်တပ်ပြီး ဝင့်ကြွားသူတွေရှိတဲ့အကြောင်းကို ကြုံမှ ပြောပြချင်ပါတယ်။
ဒါကို Idea မဂ္ဂဇင်းထဲက နေမျိုး မေးသလို မေးလိုက်ချင်ပါတယ်။ ကဗျာဆရာ နေမျိုးက လူကလေးဖတ်ဖို့ပုံပြင်(၇)တဲ့။
လ ရထားဟာ ညအခါ အိမ်ခေါင် ပေါ်ကနေ
ဖြတ်သန်း ခုတ်မောင်းသွားလိမ့်မယ်
နေ ရထားဟာ နေ့အခါတောအုပ်ထဲကနေ
တရိပ်ရိပ် ခုတ်မောင်းသွားလိမ့်မယ်
အထုပ်အပိုးတွေပြင်ထားပါ လူကလေးရယ်
မင်း ဘယ်ဘူတာအထိလိုက်သွားမယ်။
ကဗျာဆရာမေးတဲ့အမေးကိုလူကလေးကရောြေ ဖနိုင်ပါ့မလားဆိုတာ တွေးနေမိတယ်။ အထုပ်အပိုးတွေထဲမှာရော ဘာတွေ ပါသွားရမလဲ။ လူကလေးတွေရောက် သွားမယ့်ဘူတာတွေကိုမသိပဲ ဘာတွေထု ပ်ပိုး သွားရမှာလဲဆိုတာလည်း မသိ နိုင်ပါဘူး။ ကျနော်တို့အနေနဲ့ရော၊ ထုပ်ပိုးသွားရမှာတွေက ဘာတွေလဲဆိုတာ သိနိုင်ပြီလား။ ဘယ်ဘူတာအထိေ ရာက်မယ်ဆိုတာကိုရော သိပြီလား။ ကျနော်ကတော့ရိုးရိုးလေး ဖြေချ င်ပါတယ်။
အမေးရှိပေမယ့်အဖြေခက်တဲ့ ကာရန်ကို အဖြေမရှာချင်တော့ပါ ဘူး ။ လောကမှာဖြေဖို့ခက်တဲ့အမေးတွေများပါတယ်။ ဒါကို လွယ်ပါတယ် ခေါင်းပေါင်းနဲ့ ဆိုတဲ့ ကဗျာတပုဒ် ကို ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းထဲမှာ ဖတ် လိုက်ရတယ်။ ကဗျာရေးသူက တိုးဝေပါ။
ခက်တယ်ဗျာ
အဲဒီအော်သံတွေကို နားမလည်နိုင်ဘူး
မျက်နှာကျက်မှာ
ပင့်ကူမျှင်တွေရှိတာ
ပင့်ကူတွေ အိမ်ဆောက်လို့ပေါ့၊
အမေးကိုဖြေတတ်ရင် အလွယ်လေးဆိုတာ မျိုးပါပဲ။ လူတွေဇာတ်ရှုပ်ခဲ့သမျှ တွေးပြီးဖြေရင် ခက်ပါလိမ့်မယ်။ အလွယ်တကူမစဉ်းစားပဲ ဖြေလိုက်ရင်လည်း အလွယ်လေးပါပဲ။ေ လာကကြီးရဲ့အော်သံတွေကိုနားမလည် ရင် နားမထောင်နဲ့ပေါ့။ ဆက်ပြီးရေး တာက...
အိုက်စပ်စပ်ရှိနေရင် ယပ်ခတ်နေပါလား
ကမ္ဘာပျက်တဲ့အခါ ရွာပြန်နေလိုက်
လောက်လန်းတွေဆယ်ပစ် ရေဟာ အသန့်ပါပဲကွယ်
တံဆိပ်တုံးဆိုတာ ထုဖို့ထားတာ ထုသာထု၊ ထုသာထု
အဲဒီမောင်းကွဲကြီးရဲ့အသံကလည်း မဆိုးပါဘူး၊ သာယာနာပျော်ဖွယ်ရှိသား
ခက်ပ၊ အလင်းထဲကနေ အမှောင်ကိုကြည့်နေတာကိုး
စိတ်မရှည်နိုင်ကြတော့ဘူးလား၊ စောင့်ပါဦး
တသက်တန်သည် နှစ်သက်တန်သည်
ကော့ကော့မသွားပါနဲ့
ကျောသပ်ပေးတာပါ
တခါတလေတော့ အခန့်
နောက်တခါတော့ အလှန့်
ဒါ ခေတ်ဂီတပါ
အစွယ်ဖွေးဖွေးနဲ့ငြိမ်းချမ်းရေးမှာ
နိုင်ငံတော်ရဲ့ကျေးဇူးတရားကိုသိ ထားဖို့လိုတယ်
သူတို့ကတော့ လွယ်လွယ်ပဲ
တို့မှာသာ ဒုက္ခတွေရောက် မီးတွေတောက်လို့။
အစပိုင်းမှာပြောလိုက်တာတွေ လွယ် လွယ်လေးပါလို့ ထင်ကြမှာပါ။ တကယ်ေ တာ့ ဘဝတွေဟာ မလွယ်ပါ ဘူး။ တကယ့်ဘဝတွေကို ခက်ခက် ခဲခဲဖြတ်သန်းဖူးမှ အင်မတန်ခက်ခဲ တယ်ဆိုတာကို သိနိုင်ပါတယ်။ ကိုယ့် ကိုယ်ကိုယ်အထင်ကြီးပြီး ခေါင်းေ ပါင်း ပေါင်းထားသူတွေအတွက် လွယ်လွ ယ်လေးဖြေနေပေမယ့် ကိုယ့် ဘဝကို ကိုယ်အမှန်အတိုင်းသိနေတဲ့သူတွေ အတွက် ဘဝဆိုတာ အင်မတန်ခက်ခဲနေပါလိမ့် မယ်။ ဒီလိုခက်ခဲတဲ့ဘဝတွေကို ဘယ်လြို ဖတ်သန်းခဲ့ရသလဲ။ သံသရာလမ်းကိြုေ ဖာင့်ဖြောင့်တန်းတန်း ဖြတ်သန်းခဲ့ ရသလား။ ခက်ခက်ခဲခဲဖြတ်သန်းခဲ့ ရသလား။ ဒါကိုလည်း ဘယ်သူမှမသိနိုင်ပါဘူး။ အမှန်တကယ်ေ တာ့ ဘဝလမ်း၊ သံသရာလမ်းကို ဒယီးဒယိုင်နဲ့ဖြတ်သန်းကျော်လွန် ခဲ့ရတယ်ဆိုတာကို မိုးမခမဂ္ဂဇင်းထဲက ကဗျာ ဆရာကိုပွေးရဲ့ကဗျာကိုဖတ် ကြည့်ရင် သိနိုင်ပါတယ်။
တရားဆိုတာ အထက်ဆုံးဓားပဲ
ရဲရဲခုတ်ထစ် လွှင့်ပစ်လိုက်ပါ
မတွယ်တာသင့်တဲ့ သံယောဇဉ်တွေကို
သိပ်ချစ်တယ် သိပ်ချစ်တယ် ဆိုပြီး
ပြီး မင်းသစ္စာဆိုပါ
မင်းပြုခဲ့သမျှ ကုသိုလ်ပျို အိုတွေကိုခေါ်ပါ
မင်းတတ်နိုင်သလောက်အော်ပြီး
အမျှဝေပါ
မင့်ရှေ့က ရေတခွက်ကို ပေါက်ခွဲပစ်ပါ
တကယ်တော့
ငါတို့ဟာ
လည်ပင်းမှာ ဘုရားပုလည်ဆွဲနဲ့
သိပ်ရက်စက်တဲ့သားသတ်သမားတွေ
သတ်စရာမရှိရင်
ကိုယ့်လည်ပင်းကို ကိုယ်တကိုင်ကိုင်နဲ့
ဒုန်းခနဲ ဒိုင်းခနဲ
ဘဝအဆက်ဆက်ဖြတ်ခဲ့ရပါတယ်
ဟောဒီ တုံးတိတိဓားကြီးလွယ်ပြီး။
ကဲ၊ ဘယ်သူတွေမဖြတ်ခဲ့ပဲ သံသရာလမ်းကိုဖြတ်သန်းခဲ့ပါသလဲ ။ အတ္တတွေကပ်ပါလာတာကို ဓားထက် ထက်နဲ့ဖြတ်ခဲ့ဖူးပါသလား။ ကျနော်တို့ဟာ အတ္တတွေနဲ့မာန်တက်နေပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီး မေ့ လျော့နေကြသူတွေဆိုရင် ကျန်တဲ့ဘဝတိုင်းမှာ အရက်စက်ဆုံး သားသတ်သမားတွေဖြစ်ေ နပါလိမ့်မယ်။ အမေးလွယ်ပေမယ့် အြေ ဖခက်တဲ့ ဘဝပုစ္ဆာတွေကို ဖြေကြည့်ကြပါ။
ကိုနိုင်း
ထုံကူးခဲ့သောကဗျာများ
၁။ နရီမင်း( ဒီဇာတ်ညွှန်း )၊ မိုးမခမဂ္ဂဇင်း၊ မတ်လ၊၂၀၁၇
၂။ နေမျိုး( လူကလေးဖတ်ဖို့ပုံပြင် ၇ )၊ Ideaမဂ္ဂဇင်း၊ မတ်လ၊၂၀၁၇
၃။ တိုးဝေ( လွယ်ပါတယ် ခေါင်းပေါင်းနဲ့ )၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ မတ်လ၊ ၂၀၁၇
၎။ ကိုပွေး( ဒယီးဒယိုင် )၊ မိုးမခမဂ္ဂဇင်း၊ မတ်လ၊၂၀၁၇-စာရေးသူခွင့်ပြုချက်အရ ဖော်ပြသည်။ မူရင်း -သူရိယနေဝန်းဂျာနယ် -Vol 1.No 143 .1 April 2017
Comments
Post a Comment