သစ်ခက်သံလွင် စာအုပ်မိတ်ဆက်၊ ညီစောလွင် ရဲ့ "နှလုံးရည်​တိုက်​ပွဲကို ပြန်​ဆင်​ခြင်​ဖို့ စာတအုပ် "



နှလုံးရည်​တိုက်​ပွဲကို ပြန်​ဆင်​ခြင်​ဖို့ စာတအုပ်

ညီစောလွင်
 

 ဖေ့ဘွတ်​မှာ ​လောကဓံတရားနဲ့ ပတ်​သက်​လို့ Daw Suu အယူအဆကို ရှယ်​ကြတာ တွေ့တိုင်း​ကျေနပ်​မိတယ်​။

အ
ကြောင်းက​တော့ ၂၀၁၁ ​လောက်​က ကျ​နော်​ ဘာသာပြန်​တဲ့စာအုပ်​ပါးပါး​လေးထဲက ဖြစ်​​နေလို့ပါပဲ။
'တချိန်
ကျရင်​ ကျမကို​ထောက်​ခံသူ​တွေက ဆန့်​ကျင်​မယ်​ဆိုတာ အမြဲ တမ်းနှလုံးသွင်းထားပါတယ်​'
ကျ
နော့်​ဘာသာပြန်​စာအုပ်​ ( နှလုံးရည်​တိုက်​ပွဲ) က ပါးပေမယ့်​ ​တော်​​တော်​​ပေါက်​​ရောက်​ခဲ့တယ်​။

အိမ်​ချုပ်​က​နေလွတ်​ခါစ Daw Suu အထိ ​ရောက်​ပါတယ်​။

ဒါလည်
း မရည်​ရွယ်​ပါပဲ တိုက်​တိုက်​ဆိုင်​ဆိုင်​ လူကြုံကောင်းသွားတာ​ကြောင့်​ပါ။

အဲ့ဒီအချိန်
က ကျ​နော်​က ချင်းမိုင်​က DVB ရုံးမှာတာဝန်​ထမ်း​နေတုန်း သြစ​တြေးလျမီဒီယာတခုက မြန်​မာပြည်​အ​ကြောင်း မှတ်​တမ်းရုပ်​ရှင်​ရိုက်​ပါတယ်​။

DVB ကိုရိုက်
ရင်း ကျ​နော့်​ကိုလည်း အင်​တာဗျူးပါတယ်​။

နောက်​​တော့ မြန်​မာပြည်​ဝင်ရိုက်​မယ်​ဆို​တော့ ကို​ဇေယျာ​သော်​၊ ကိုရာဇာ၊ အဘဦးဝင်းတင်​တို့ရဲ့
တယ်​လီဖုန်း​တွေ ပေးခဲ့ပါတယ်​။ 

(
နောက်​​တော့ ' ကန်​​ဘောင်​က ထိပ်​ထား The Lady on the Lake' ဆိုတဲ့ မှတ်​တမ်း ရုပ်​ရှင်​ကို ABC နဲ့
အယ်
ဂျာဇီရားတို့မှာ ကြည့်​ရပါတယ်​။)
မြန်
မာပြည်​မဝင်​ခင်​မှာ သူတို့က ​ပြောပါတယ်​။

'တို
့​တော့ The lady နဲ့ အပွိုင့်​မင့်​ရတယ်​။
သူ့ကို တခုခု
ပြောချင်​တာ ​မေးချင်​တာရှိလား'

ဒီလို
မ​မေးခင်​ မြန်​မာပြည်​အ​ကြောင်း သ​လေဒီကို ကျ​နော့်လို သတင်းသမားတ​ယောက်​ရဲ့အမြင်​ စသဖြင့်​ ၁ နာရီနီးပါး အင်​တာဗျူးပါတယ်​။
ကျ
နော်​ဘာသာပြန်​​ထားတဲ့ သ​လေဒီရဲ့အင်​တာဗျူးအ​ကြောင်းလည်း စကားစပ်​ဖြစ်​ပါတယ်​။
အင်
တာဗျူးက အခု ကျ​နော်ညွန်းချင်​တဲ့ စာအုပ်​ထဲက တပိုင်းတစပါ။
သူတို့က ဘာမှာမလဲ​မေး​တော့မှ ကျ​နော့်​ စာအုပ်​ပါး​လေးကို မူရင်းစာအုပ်​နဲ့အတူ လူကြုံပါးဖို့ စိတ်​ကူးရ ပါတယ်​။

စာအုပ်
မှာ ဘာမှမ​ရေးပဲ အခွင့်​ရရင်​​ပေး​ပေးဖို့ ပါးလိုက်​ပါတယ်​။
နောက်​​တော့ သူတို့အဖွဲ့​တွေ ဘန်​​ကောက်​​ပြန်​​ရောက်​ပြီး ပရိုဂျူဇာ အမျိုးသမီးက ဖုန်းဆက်​လာတယ်​။
'နင်
့​အတွက်​ စာတိုက်​က​နေ အိတ်​တအိတ်​ ပို့လိုက်​တယ်​။ ရရင်​ ဖုန်​ပြန်​ဆက်​ပါအုံးတဲ့။
နောက်​ ၂ ရက်​​လောက်​အကြာမှာ စာအိတ်​အဝါတလုံး​ရောက်​လာတယ်​။

ဖွင်
့​ကြည့်​လိုက်​​တော့ သ​လေဒီိအတွက်​ လူကြုံထည့်​ပေးလိုက်​တဲ့ စာအုပ်​ပါး​လေးတအုပ်​။
မူရင်
းစာအုပ်​​တော့ ပြန်​ပါမလာပါဘူး။

ကိုယ်
ဘာသာပြန်​ထားတဲ့စာအုပ်​​ကော်​ပီ ၂ အုပ်​ထဲကတအုပ်​ကို ကိုယ့်​ဆီ ပြန်​ပို့လိုက်​တာ​ပေါ့။ (
ဒါ
ပေမဲ့ အဖုံးကိုဖွင့်​လိုက်​မှ မယုံချင်​စရာ။ ပြီး​တော့ ​ပျော်​သွားတယ်​။

' ကို
နေသွင်​ ကျန်းမာချမ်းသာစွာဖြင့်​ မြန်​မာပြည်​ ဒီမိုက​ရေစီအ​ရေး​ဆောင်​ရွက်နိုင်​ပါ​စေ။ 

မေတ္တာဖြင်
့​ ..
အောင်​ဆန်းစုကြည်​'

စာအုပ်
က​လေးကပါးသ​လောက်​ ​ပေါက်​​ရောက်​တယ်​ဆိုတာ ဒါကို​ပြောတာပါ။

အမှန်
က အဲ့ဒီအချိန်​က စ​ကော့​အေဟန့်​စာအုပ်​ထဲက Daw Suu အ​ကြောင်း အစအဆုံး ဘာသာပြန်​တာမဟုတ်​ဘဲ နိုင်​ငံ​ရေး ဒဿ      နဆန်​ဆန်​ အင်​တာဗျူး​တွေကိုပဲ ဘာသာပြန်​ခဲ့တာပါ။

မြန်
မာပြည်​အ​ကြောင်းက ကိုယ်​​တွေအ​တွက်​မထူးတာနဲ့ အချိန်​မရတာလည်းတ​ကြောင်းပါ ပါတယ်​။
စာတအုပ်
လုံးမဖတ်​ရ​သေးဘဲ အင်​တာဗျူး​လောက်​ ဘာသာပြန်​ပြီး ​နောက်​မှပြန်​ဖတ်​မလို့ စိတ်​ကူးပါ။
ဒါ
ပေမဲ့ မူရင်းစာအုပ်​ကို လူကြုံနဲ့ ပါးလိုက်​တဲ့​နောက်​ သွား​နေကျဆိုင်​မှာ အဲ့စာအုပ်​ကို​နောက်​ပြန်​မရ​တော့ပါဘူး။

အခု
တော့ ကိုယ်​လည်း မြန်​မာပြည်​ပြန်​​ရောက်​​နေပါပြီ။
တိုက်
တိုက်​ဆိုင်​ဆိုင်​ စ​ကော့​အေဟန့်​ စာအုပ်​ဘာသာပြန်​​လေးလည်း ​တွေ့ပါတယ်​။
ဘာသာပြန်
ဆရာက​တော့ ၂ ခန်းပဲ ပြန်​ထားပါတယ်​။

အဖုံးမှာတင်
ထားတဲ့ငြိမ်းချမ်း​ရေးနိုဘယ်​ဆုရှင်​ ၂ ​ယောက်​နဲ့ ဆိုင်​တဲ့ ၂ ခန်းကို ဘာသာပြန်​ထားတာ ​တွေ့ပါတယ်​။

ကျ
နော်​ ဘာသာပြန်​တဲ့ အချိန်​မှာ မှတ်​မိတာတခုက Daw Suu က ဂန္ဒီဂျီးရဲ့ဒဿ       နတခုကို ပြန်​ကိုးကား တာပါ။
'အကြမ်
းမဖက်​နည်းဆိုတာ တကယ်​​တော့မလွယ်​ပါဘူး။ သရဲ​ဘော​ကြောင်​သူ​တွေမကျင့်​နိုင်​တဲ့ကျင့်​စဉ်​တခုပါ'

စ
ကော့​အေဟန်​ရဲ့မူရင်းစာအုပ်​ထဲမှာ အကြမ်းမဖက်​ဝါဒအ​ကြောင်း လက်​​တွေ့ကျင့်​သုံးသူ​တွေရဲ့ အယူအဆ​တွေ ပါဝင်​ပါတယ်​။ အခု ဆရာ​မောင်​ကြည်​သန့်​ရဲ့ မြန်​မာပြန်​က​တော့ ၂ ခန်းဆိုလည်း ဆိုသ​လောက် ဖတ်​ရပါလိမ့်​မယ်​။
အခုလို အ
ပြောင်းအလဲရှေ့တိုးဖို့ခက်​​နေသလိုဖြစ်​​နေချိန်​မှာ သ​ဘောမတူစရာလည်း​တွေ့မှာ ​သေချာပါတယ်​။


ညီစောလွင်

Comments