သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မောင်သင်းခိုင်၊ ထွန်းဝေမြင့်၊ ကိုကျူး၊ ဟာရှိန်း (မင်းတပ်)တို့၏ကဗျာများ

သစ်ရွက် သုံးရွက် 

 
www.newirishart.com
 အပေါ်ဆုံးကသစ်ရွက်ကြွေကျသွားတဲ့အခါ
အောက်ဆုံးကသစ်ရွက်က ဟက်ဟက်ပက်ပက်ရယ်မောလျက်
အလယ်ကသစ်ရွက်ကတော့
တဖြည်းဖြည်းနဲ့ ငါ့အလှည့်နီးကပ်လာပြီတဲ့။ ။

မောင်သင်းခိုင်
(အိန္ဒိယကျေးလက်ကဗျာ)

….

ငါ့ငါ သူ့ငါ 

ego-alterego.com
လောကကြီးက
နင်
ဘာလဲ၊ ငါဘာလဲ သံသရာလည်ကာ
မာ
ရေကြောရေဖြစ်​​နေတတ်ပြန်တယ်

ကောင်ပြောကြည့်တာပါ။
ငွေမရွှင်​​ငွေမထွက်တဲ့
ကဗျာကဗျက်
လောကထဲမှာတောင်
ငါဘာလဲ၊ နင်
ဘာလဲ ကိုလိုနီတွေ
တနေ့တခြားအထွက်
တိုး
ဖွံ့ဖြိုးပြန်
့ပွားနေလိုက်ပုံများ...

ဒီ
တော့...လောကဝတ်အရ
ငါဘာလဲ နဲ့ နင်
ဘာလဲတွေ
တွေ့ကြလေသောအခါ
တွေ့ရတာ ဝမ်းသာပါတယ်
လက်
ဆွဲနှုတ်ဆက်ကြ။
တကယ်
ဝမ်းသာကြပါစေ....။


ထွန်
ဝေမြင့်


လ မ်း ( ၁ ၄ )
thinktransatlantic04.blogspot.com
မိုးတွေ အရမ်းရွာတာပဲ
ရေတွေ အရမ်းစီးတာပဲ၊
လမ်းပေါ် ရေတွေ ပြည့်လျှံလို့
စိတ်ညစ်တယ်၊
မထူးပါဘူး
ပျော်ပျော်ပါးပါးပေါ့
လမ်းပေါ်ဖြတ်ပြီး ကူးကြမယ်။ ။

ကိုကျူး
၂၅ * ၇ * ၂၀၁၆

......

ငတ်မွတ်​​ခြင်ကောင်းကင်
www.rostudios.com
ငြိမ်းချမ်းရေးပန်းခင်းအောက်မှာ
ဗုံးခိုကျင်းလေး
တူးထားတယ်။

နေ့စွဲတွေသာ
တဖြည်းဖြည်းရင့်ရော်သွားတယ်
အပြာရောင်ကောင်းကင်ရေ
ချိုးငှက်တွေကိုပျံသန်းခွင့်မပြုသေးဘူးလား
ဟောဒီမြေပေါ်မှာ။

ညီလေးရေ.......
အလံဖြူတွေ လွှင့်ထူပါတော့ကွယ်။
ဒဏ်ရာတွေ
အနာမကျက်ခင်
အစ်ကို စာသင်ခန်းထဲဝင်ပါရစေ။
အိပ်မက်တွေ ဖြူစင်ခွင့်ရဖို့
ဒီည....
ကျွန်တော်မအိပ်တော့ဘူး။

ဟာရှိန်း (မင်းတပ်)
23.7.2015



Comments