သစ်ခက်သံလွင် ကဗျာစင်မြင့်၊မင်းငြိမ်းအေး၊ ကိုကျူး၊ ညီဆူးသစ်

စွန့်စားခဲ့သူများ

www.pinterest.com
ကြယ်အစစ်က
မြေမှာသေတယ်
မြေမှာသေတဲ့ကြယ်ဟာ
နာမည်ရှိတယ်
မြေကိုတူးကြည့်ရင်
အရိုးငြမ်းပဲရှိတယ်
ဒီအရိုးတွေက
ခင်ဗျားဘယ်လိုလူဆိုတာ
ပြောခဲ့ကြတယ် ။

မင်းငြိမ်းအေး


ငယ်ဘဝတွေမှာ ချည်နှောင် တဲ့ ကြိုး မရှိဘူး
www.artsconnected.org
တိမ်လိုလေလိုလွင့်မျောနေတဲ့ စိတ်ကူးအပြာရောင်
မင်း ဘာကောင်လည်း ငါဘာကောင်လဲ
ဂျင်းပင်အနွမ်းနဲ့ ကမ္ဘာမြေပေါ်ရပ်ခဲ့သူ၊

အိပ်မက်အသစ်တွေ ဆေးရောင်ခြယ်လို့
ဆေးမှင်ကြောင်ပေါ် ဓားစွမ်းပြသူ၊

ကောင်းကင်အသစ် ပင်လယ်အသစ်
ချစ်ခြင်းမေတ္တာကို အလံလွှင့်သူ၊

ယုံကြည်ချက်ကို အနက်ရှိုင်းဆုံးထွန်ယက်
သေခြင်းတရားကို စိမ်ခေါ်သူ၊

ကမ်းခြေဆီအရောက်သွားပြီး
ကမ္ဘာကြီးကို မျှားခဲ့တယ်

အဲသည်လို
လူငယ်။  ။

ကိုကျူ
၂၆. ဇွန်.၂၀၁၆

…..

ထွေးကို
www.tretyakovgallerymagazine.com
နွေးနွေးထွေးထွေးရှိတယ်
ဖင်ပေါ့တယ်
ဆေးလိပ်သောက်တယ်
လက်ဖက်ရည်သောက်တယ်
သူ့နာမည်က
ထွေးကိုလား ဋ္ဌေးကိုလား
တချို့မယ်မယ်ရ မသိ
မြောက်မြောက်ကားကား နေတတ်တယ်
ဖော်ဖော်ရွှင်ရွှင် ရယ်နေတတ်တယ်
ဋ္ဌေး နေတယ် ရောဂါ
အချစ်တွေကတော့
ထွေးနေတယ် ရေးလိုက်တိုင်း
အချစ်တွေထဲ ဘဝတွေရောရောထွေးတယ်
အရပ်တကာရောက်တယ်
ပြီးတော့ 
သြော် ထွေးကို ထွေးကို
သြော် ဋ္ဌေးကို ဋ္ဌေးကို
သူ ရေဝေးလည်း ရောက်ဦးမယ်။

ညီဆူးသစ်

Comments