သစ်ခက်သံလွင် ကဗျာစင်မြင့်၊ လင်းမိုးစွေ၊ ကိုခြူး​လေး(MP)

တောရကျောင်းကလေး
 
www.pinterest.com

သပ္ပာယ်တယ်ဆိုတဲ့စကားလုံး
မလွဲသာလို့သာသုံးရတာ
တောင်ကုန်းလေးပေါ် စေတီကလေးက
ချစ်စရာလေးပါ
ဘုရားပန်းအိုးထဲ ပူဇော်ဖို့
တန်းစီစောင့်နေကြတဲ့ ပန်းမျိုးစုံ ရောင်စုံပန်းခင်းကြီး
သူ့အလှည့် ကိုယ့်အလှည့်
နေရာချင်း မလုကြဘူး
အလှချင်း လုနေကြတယ်
ပန်းရနံ့က
ခပ်ဝေးဝေးကနမ်းမှ ပိုမွှေးတယ်ဆိုလို့
ကိုယ့်အသက်ရှူသံ ကိုယ်ပြန်ကြားမှ
ငြိမ်းအေးခြင်းရဲ့အရသာ
ရှာတွေ့ပြီ
သစ်ရိပ် ဝါးရိပ် အေးမြတာထက်
ဘုရားရိပ် တရားရိပ်က ပိုအေးမြတဲ့အကြောင်း
ညောင်ရွက်တွေက ဆည်းလည်းလေးတွေလို
လှုပ်ပြတယ်
မြောင်းသာသာချောင်းကလေးရဲ့အသံနားစွင့်ရင်း
ခုန်ကူးဖို့မလိုတော့ဘူး
ဝါးတံတားလေး
ထုံကူးဖို့
ကျေးငှက်သံတွေကြားက တိတ်ဆိတ်ခြင်းကို
ရှာကြည့်တော့...
စင်္ကြန်လျှောက်လမ်းလေးလည်း
တိတ်ဆိတ်ခြင်းပဲ
ချိတ်ထားတဲ့ စိပ်ပုတီးကလည်း
တိတ်ဆိတ်ခြင်းပါပဲ
သူ့အမြင် ကိုယ့်အမြင်
ငြင်းလို့ရတယ်
မြင်နေရတဲ့မြင်ကွင်း
ငြင်းမရတော့ဘူး
ရင်သပ်ရှုမောဖွယ် စကားနောက်
တရားပါခဲ့ပြီ။

လင်းမိုးစွေ
၁၈.၆.၂၀၁၆


ပျော်ရွှင်ဖွယ် မြင်ကွင်
 
www.saatchiart.com

မျက်နှာဖုံးဆိုတာမရှိဘူး
မြက်
ပင်ကို ပေါင်းပင်ကို ဘာမှန်းမသိတဲ့အပင်ကို
ဘာမှန်
းသိစရာမလိုတဲ့အရွက်နဲ့
ထမင်
းချက် ဟင်းချက်ပြီး
လက်
ရာမြောက်တဲ့ ကစားနည်းတခုလို
သဲပွင်
တွေကို ဆော့တယ်
ရည်
ရွယ်ချက်ကို စိတ်ကူးအရပြောင်းတယ်
စိတ်
ကို သဘာဝနဲ့ ကိုင်းကူးတယ်
သိတဲ့အဓိပ္ပါယ်
လေးနဲ့ ပျော်ရွှင်တယ်
ဟော ...ခုဒေါက်တာဖြစ်ရပြန်ပြီ
နောက်တခါ ဆရာမ၊  အရင်က ဈေးသည်
ဖြစ်ချင်ရာကိုတော့ ဖြစ်လိုက်တယ်
ဟုတ်
တယ် ဖြစ်​​နေတာပဲ ...
တိုက်
ဆောက်လိုက်​​သေးတယ်
ကား
မောင်လေယဉ်ပျံမောင်းကလည်
အကျွမ်
းတဝင် ရင်နှီးပြီးသား
ပြည်
့စုံနေလိုက်တာ ... ကလေးလေး ကစားနေပုံ
ဘယ်
သူမှ မပြောမိဘူး
လောဘကြီးသွားသလားတော့မသိဘူး
ဘယ်
သူမှ မပြပဲ ...
ငါ...
ငေးကြည့်နေမိတယ် ။   ။

ကိုခြူးလေး(MP)


Comments