သစ်ခက်သံလွင် ကဗျာစင်မြင့်၊ စံညိမ်းဦး၊ ကိုကျူး၊ တည်ဘွားဦးနှင့် မင်းငြိမ်းအေးတို့၏ကဗျာများ


'ငါ' ကြေညာစာတမ်း
www.etsy.com
ငါ့ကို စောင်းမြောင်းရှင်သန်နေရတယ်ဆိုတာ
ငါ့ကို ချောင်းမြောင်းပြီးမှ အသက်ရှူနေရရှာတဲ့ဘဝ။
ငါ့ကွယ်ရာ ငါ့အတင်း ပြောတယ်ဆိုတာ
ငါမသိအောင် ငါ့မစင်ပုံကို ထိုင်ရှိခိုးနေတာ။
ငါ့မကောင်းကြောင်းဖြန့် မှ ခံတွင်းမြိန်ရတယ်ဆိုတာ
ငါ မသထာဘဲ ငါ့ချွဲသလိပ်ဖတ်ကို ကုန်းလျက်နေတာ။
အေးပါ
အေးပါ။
ငါ့ကိုအပုပ်ချခြင်းဖြင့် ဂုဏ်ယူ
ငါ့ကိုရှုတ်ချခြင်းဖြင့် ဂုဏ်မြှင့်
ငါ့ကို ဂျေဝင်ခြင်းဖြင့် ကျန်းမာ
ငါ့ကိုတိုက်ခိုက်ခြင်းဖြင့် အောင်လံထူ
ငါ့ကိုမျက်ခြေပြတ်မခံခြင်းဖြင့် အသိမှတ်ပြုရာ။
သြော်
မင်းတို့ဖြည့်နေရ မာရ်နတ်ပါရမီ ဝဋ်ကြွေး
ငါ ကျေးဇူးတင်ပါရစေလားကွာ။
ဤသို့ပြုရ
ဂေါဇစ် ကုသလကြောင့်
'ငါ' အဓွန့်ရှည်ပါစေသတည်း။

စံညိမ်းဦး
(၆ စက်တင်ဘာ ၂၀၁၆ မွေးနေ့ )
အ နှ စ် ငါး ဆ ယ်
www.pinterest.com
 ဘာမှမကြာလိုက်ဘူး နေ့တွေပြီး ညတွေ
သံသယနဲ့ သံသရာ
လောကဓံတရားဆိုတာ
တွက်ချက်လို့မရနိုင်သော ဒဏ်ရာ ။
အခု ငိုသောအပြုံးများ
နောင် ရယ်
မောစရာ အငိုများ။
တိမ်ပြာသော နေ့တွေ
ရေလျှံသော အတိဒုက္ခတွေ။
သည်ဘဝ
သည်မျှနဲ့ ပြီးပါစေ။
ငါ့ 
အိပ်
မက် လှလှ
ကဗျာရေးစပ်လိုက်ပါတယ်။
ချစ်ရသော
လောကဓံ။ ။

ကိုကျူ
၂၀၁၆ အလွန်နေ့များ
ယနေ့ ခေတ်အတွက် ကျမ်းသစ္စာ
hdimagelib.com
အများတကာစိတ်မကြည်လင်တဲ့
ထမင်းကို ဝဝစား
အများတကာအိပ်လို့ မပျော်တဲ့ညမှာ
အသေကောင်လိုသေ
ဘာမှမဟုတ်တဲ့ မုသားလေးလို့ 
ခေတ်လူငယ်တွေပြောကုန်ကြပြီ
လူဆိုးကြီးတွေကတော့
ငရဲပြည်ကို သွားရတော့မှာပေါ့တဲ့
လူယဉ်ကျေးတွေကတော့
နာမည်လည်း မသေ
ကမ္ဘာလည်းမကြေ တဲ့ ။ ။

တည်ဘွားဦး
ရုပ်ရှင်
www.pinterest.com
လမ်းကိုဖယ်ထုတ်လိုက်တော့
လျှောက်စရာခြေထောက်တွေထွက်လာတယ်
အသံကိုခွဲထုတ်ကြည့်မှ
တုန်ခါမှုကိုတိတ်ဆိတ်လျက်မြင်ရ
အရိပ်ထဲမှာ
အခက်ချိုးနေတဲ့
သားရေနားစားတွေ
ဘယ်သူ့မှအကျိုးမပြုတဲ့
အကျိုးပြုတရားတွေ
သံသရာတပတ်စာရုံဝင်ခကို
ငါချဖျောက်ပစ်ခဲ့ ။

မင်းငြိမ်းအေး




Comments