သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ဘုန်းသက်ပိုင်၊ ကိုခြူးလေး(MP)၊ အက်စ်ဝဏ္ဏတို့၏ ကဗျာများ

 ဆိုက်ဆိုက်မြိုက်မြိုက်
idoartkarenrobinson.com
ဘယ်လိုပြောမလဲ
တကယ့်ကို ဆိုက်ဆိုက်မြိုက်မြိုက်၊
ခဏပျက် ခဏတည် ကမ္ဘာထဲ
ဆိုက်ဆိုက်မြိုက်မြိုက်၊
အနိဋ္ဌာရုံတွေနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်၊
စစ်ပွဲတွေနဲ့ဆိုက်ဆိုက်မြိုက်မြိုက်၊
ကင်မရာရှေ့မှာ ဂိုက်ပေးကြမ်းသူတွေနဲ့
ဆိုက်ဆိုက်မြိုက်မြိုက်၊
ကပ်သုံးပါးနဲ့ဆိုက်ဆိုက်မြိုက်မြိုက်၊
ကစားနည်းအသစ်တွေနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်
မင်းမဲ့ဝါဒနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်၊
သေနတ်နဲ့ဆိုက်ဆိုက်မြိုက်မြိုက်၊
အသည်းကွဲ သီချင်းတွေနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်
အံ့သြစရာမကောင်းဘူးလား
ဘွတ်ကီဒိုင်တွေနဲ့ဆိုက်ဆိုက်မြိုက်မြိုက်
(သူတို့က မှန်ပေါ်ကစီးကျလာတဲ့ရေစက်လေးနှစ်စက်
ဘယ်ဒင်းကအလျင်အောက်ရောက်မလဲဆိုတာတောင်
လောင်းကြေးဖွင့်ကြသူတွေ)
ကြောက်စရာတခုခုကို ကြောက်ပြနေကြသူတွေနဲ့
ဆိုက်ဆိုက်မြိုက်မြိုက်၊
တကယ့်ကို ဆိုက်ဆိုက်မြိုက်မြိုက်၊
ပန်းတွေပွင့်တာ၊ ကြွေတာ
ငါတို့တွေငိုတာ၊ ရယ်တာ၊
ပြီးတော့ ချစ်ကြ၊ မုန်းကြတာ၊
ဟိုဟိုဒီဒီ လူလုံးပြကြတာ၊
အံ့သြစရာမကောင်းဘူးလား၊
ညော်နံ့တွေ ပြီး ညော်နံ့တွေ၊
အရေးတကြီးခေါ်သံတွေ၊ ပြီးတော့ အရေးတကြီး၊
ဟာသတွေ ပြီးတော့ ဟာသတွေ၊
လူလိမ်တွေ၊ လမ်းတွေ၊ သီချင်းတွေ၊ အရူးတွေ၊
မရူးမကောင်းတွေ၊ စာအုပ်တွေ၊ ကလေးတွေ၊
ဆေးရုံတွေ၊ ပွဲစားတွေ၊ စာသင်ကျောင်းတွေ၊ ဟုတ်သလိုလိုတွေ၊
တရားရုံးတွေ၊ အရက်သမားတွေ၊ ဓာတ်တိုင်တွေ၊
ပြည့်တန်ဆာတွေ၊ ပန်းခြံတွေ၊
မပျင်းရက်စရာ
အမယ်စုံအောင်ကို ဆိုက်ဆိုက်မြိုက်မြိုက်၊
အဲဒါကြောင့်ပဲ အံ့သြစရာကောင်းခဲ့တယ်၊
အဲဒါကြောင့်ပဲ မာနကြီးချင်စရာဒုလ္လဘနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်၊
အဲဒါကြောင့်ပဲ ကဗျာဆရာအဖြစ်နဲ့ ဆိုက်ဆိုက်မြိုက်မြိုက်
အဲဒါကြောင့်ပဲ အားလုံးကိုရရှိခဲ့ ၊
အဲဒါကြောင့်ပဲ အားလုံးနဲ့လွဲချော်ခဲ့၊ ဆိုက်ဆိုက်မြိုက်မြိုက်၊
အဲဒါကြောင့်ပဲ အံ့သြစရာကောင်းခဲ့တယ်၊
တကယ့်ကို ဆိုက်ဆိုက်မြိုက်မြိုက် ။ ။

ဘုန်းသက်ပိုင်
၂၈.၁. ၂၀၁၆


သစ်ရွက်ကလေးရဲ့ ရာဇဝင်
www.artbylt.com
 သင်ခန်းစာရဖို့ သစ်ရွက်တရွက် လိုပါတယ်
စိတ်
ကို သစ်ရွက်​​ပေါ် ပစ်တင်ထားလိုက်တဲ့အချိန်မှာ
ဝုန်
းကနဲ ပြုတ်ကျတာကို ကြုံရတယ်
သစ်
ရွက်​​ပေါ်မှာပဲ စိတ်ကူးတို့ လေလွင့်ခဲ့ရဖူးတယ်
မျှော်လင့်ချက် အကျမနာဖို့ လေထဲက သစ်ရွက်ကလေးကို
လက်
နဲ့ လှမ်း ဖမ်းဆုတ်လိုက်တဲ့အချိန်မှာ
နာနာကျင်
ကျင် ပျော်ရွှင်ရပါတယ်
သစ်
ရွက်ကလေးက
တကယ်
တော့ မှည်ပြီး ကြွေကျတာဖြစ်လို့
စိတ်
က အကောင်းပကတိအတိုင်
ပြန်
မရနိုင်​​တော့ပါဘူး
ကြေမွှနေတဲ့ အပိုင်းအစက သစ်ရွက်ကလေးဖြစ်ပြီး
အနာတရဖြစ်
ရသူက ကိုယ်ကိုတိုင်ပါ
လက်
ကို ဖြည်းဖြည်းချင်ဖြေကြည့်လိုက်​​တော့
သစ်
ရွက်ထဲမှာ စိတ်ကမရှိတော့ဘူး
ဒဏ်
ရာရနေတော့တာ ...
နောက်​​တော့ သစ်ပင်​​ပေါ်မှာ စိမ်းလန်းခွင့်ကုန်ဆုံးခဲ့ပြီး
မြေပြင်မှာ အထိနာ ကျခဲ့တဲ့ သစ်ရွက်ကလေးနဲ့
အခြင်
းခြင်ပွေ့ဖတ်နှုတ်ဆက်ပြီး
နှစ်
ဦးသား ဝိုင်းဖွဲ့ စကားပြောဆိုဖြစ်ပါတယ်
သစ်
ရွက်ကလေးက ပြောတယ်
ဒဏ်
ရာဆိုတာ တန်ဆာမဆင်တတ်ရင်
မလှပနိုင်
ဘူးဆိုတဲ့အကြောင်းကို ဘဝနဲ့ရင်းပြီး
သိလိုက်
ပါပြီတဲ့ ...
ဒီကဗျာမှာ သစ်
ရွက်ကလေးက ဇာတ်လိုက်ဖြစ်ပြီး
ကျ
နော့်အကြောင်း အနည်းငယ်ကိုလည်
ရောထွေးပါသွားခဲ့လို့
သစ်
ရွက်ကလေးကို အားနာမိပါတယ်
သစ်
ရွက်ကလေးရဲ့နောက်ဆုံး ထွက်သက် စကားဟာ
ကျ
နော့်နားထဲမှာ ပဲ့တင်​​ကြားသံနေရတယ်
ဘာပဲဖြစ်
ဖြစ် ကိုယ့်ကိုယ်ကို ခံတွင်တွေ့ပါစေတဲ့ ...
ကျ
နော်​​ပေးခဲ့တဲ့ကတိအတိုင်
ကျ
နော်လည်း ပြန်လည် စိမ်းလန်နေပါပြီ ...
ကျ
နော့်ရဲ့သစ်ရွက်ကလေးရေ... 

ကိုခြူးလေး(MP)


ပုံပြင်-၁၀
www.creativebloq.com
ယုံလွယ်သူယုန်သူငယ်များပါပဲ
ထန်
းသီးကြွေကျသလိုအမှန်တရားမှာ
ပျော်တပါးကြီးပြေးကြ
ပြေးဖို့အသက်လုကြ အသက်လုဖိုပြေးကြ
ကိုယ်
့အသက် ဘယ်မှာဝှက်ရမှန်းမသိသူတွေလို
ပြေးထဲပြေးကြ။
ထန်းသီးတွေကုန်သွားရင်​​တောင်
သူတို့အတွက်
ပြေးစရာမြေမကုန်
ဘူးလို့
အခုထိယုံ
နေကြတုန်း။      ။
                                 
အက်စ်ဝဏ္ဏ

Comments